ကျွန်တော် အဲဒီဖွဘွတ်ကိုမသုံးတာတော်တော်ကြာပြီ
ဘာကြောင့်လဲဆိုတော့ တော်တော် စိတ်ညစ်လို့ 
အခုလည်း မနေနိုင်လို့  ၀င်သုံးမိပါတယ်...ဘာတွေဖြစ်နေကြမှန်းကိုမသိပါဘူး..
ဒေါ်အောင်ဆန်းစုကြည်က ဆရာဝန်လေးတွေကို ချမ်းသာခြင်ရင် ဆရာဝန်မလုပ်ကြပါနှင့်
ဆိုပြီး တိုက်တွန်းသွားပါသတဲ့...
အပေါ်ယံကြည့်ပြီးပြောမယ်ဆိုရင်တော့ စိတ်ထဲနည်းနည်းတော့ တင်းတာပေါ့..
ဟုတ်တယ်လေ..လူပါဆိုမှတော့ ချမ်းသာခြင်ကြတာပေါ့..
သို့ သော်လည်း လူကြီးတစ်ယောက်အနေနင့်တော့ လက်လွတ်စပယ်မပြောလောက်ပါဘူး
ဆိုပြီး စဉ်းစားကြည့်ပါတယ်...
မှန်သော်လည်းနာခံခက်တဲ့ စကားဖြစ်နေတာကိုး......
ကျွန်တော်တို့ ထားရတဲ့ ကျင့်ဝတ်ဆိုတာကလည်း ချမ်းသာဖို့ မဟုတ်ဘူးလေ...
လူမချမ်းသာနိုင်ပေမဲ့ စိတ်ချမ်းသာအောင်တော့ နေတတ်ရပါမယ်...
ကျွန်တော် အလုပ်သင်ကာလပြီးတော့မယ့်အချိန်မှာ ဆရာဦးမျိုးညွန့် ကမေးတယ်...
ကျောင်းပြီးရင် ဘာလုပ်မလဲပေါ့..
ကျွန်တော် ပြန်ဖြေခဲ့တယ်..အိမ်ပြန်ပြီး ကားမောင်းမယ်...ကျွန်တော့်အိမ်က စပယ်ယာ တောင်
တစ်ရက်ကို ငါးထောင်လောက်ရတာ...လခက တစ်ရက်ကို သုံးထောင်လောက်ဆိုတော့ ဆရာဝန်
မလုပ်တော့ဘူးလို့ ....
ဆရာက တိုက်တွန်းပါတယ်..လုပ်ကြည့်ပါဦး..ဆရာဝန်ဆိုတာ သုံးရာရာခိုင်နုန်းမြတ်တယ်တဲ့..
ကျွန်တော် အိမ်ပြန်ပြီး ဆေးခန်းဖွင့်တယ်...ဟုတ်တယ်ဗျ..
ဒါကြောင့်လည်း ဆရာဝန်ဖြစ်လာခဲ့တယ်....
အခုထိလည်း လခကတော့ မလောက်ပါဘူး...
သို့သော်လည်း ကြွေသီးကိုစားတယ်..ရိုက်သီးမခြွေဘူး....သူ့ ဟာနှင့်သူတော့ အဆင်ပြေပါတယ်...
ကျွန်တော်တို့ အလုပ်ကကို နေရာတစ်ခုမှာ တစ်နှစ်လောက်အချိန်ပေးရတယ်...ဒါမှလည်း အထာကြတယ်
အဆင်ပြေမယ်ထင်လိုက်တယ်ဆိုရင်ဘဲ....တစ်နေရာကိုပြောင်းရတယ်....သို့ သော်လည်း ရောက်တဲ့နေရာ
မှာ အဆင်ပြေပါတယ်...
ကျွန်တော့်အမြင် ကျွဲဖြစ်မှတော့ ကူးသာကူးကြပါ...အချိန်တန်ရင်တော့ ရေပါလာပါတယ်...
နောက်တစ်ခုကတော့ ချမ်းသာခြင်လို့ တော့ မရဘူး...
သူ့ ဘာသာ ချမ်းသာမယ့် အချိန်ကို စောင့်ပါ...
နောက်မှ လူနာတွေများလွန်းလို့  ထွက်ပြေးချင်စိတ် ပေါက်နေမယ်..
ဆေးခန်းတစ်ခု အောင်မြင်ဖို့ ဆိုတာကတော့ ကာယကံရှင်ရဲ့  စေတနာပေါ်မှာ မူတည်ပါတယ်...
ဒါကြောင့် သူပြောတာလည်း မှန်နေတာပဲလေ...
ိသို့ သော်လည်း အားလုံးသိပြီးသားကိစ္စကို ပြောလိုက်တော့ အများအမြင်မှာ တွေ့ လား ဆရာဝန်တွေကို
သတိပေးနေရပြီ ဖြစ်ကုန်တာပေါ့...
ကျွန်တော်ပြောချင်တာကတော့ နိုင်ငံရေးကိုလုပ်မယ်ဆိုရင် ထောင်ကျခံနိုင်ရဲ ၇တယ်..ဒါက အယူအဆ မတူတာကို ရင်ဆိုင်ရတာကိုး...ဒီလိုဆိုရင် နိုင်ငံရေးသမားများကိုယ်တိုင်လည်း ကျွန်တော်ကျွန်မကတော့
ပြည်သူကိုချစ်လွန်းလို့  ထောင်ကျခံလိုက်ရတာဘယ်လောက်...ခက်ခဲလိုက်တာက ဘယ်လိုဆိုတာ မပြောကြေးပေါ့ဗျာ...
ဆရာဝန်များဘက်ကလည်း စေတနာနှင့် အလကားကုပေးနေတာတွေကို မပြောဘူးနော်...
ဒါကြောင့် နိုင်ငံရေးအကျဉ်းသားများ ဆိုတာကို ဘေးထုတ်မယ်..ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးသမားဆိုတာ ထောင်ကိုကြောက်လို့ မရဘူးလေ..ထောင်ကျတာ ဆန်းတဲ့ကိစ္စမှ မဟုတ်တာ
ဒီလို ဘဲ..ဆရာဝန်တွေလည်း ချမ်းသာခြင်လို့ မရဘူးလေ....ချမ်းသာဖို့ ကျင့်ဝတ်ကမှ ခွင့်မပြုတာ..
လူမျိုးဘာသာ အဆင့်အတန်း မှ မရွေးရတာ....
နောက်ဆုံးပြောရရင်...ဆရာဝန်တွေလည်း ဆရာဝန်အလုပ်လုပ်မယ်...ကျန်တဲ့သူတွေလည်း ကိုယ့်အလုပ် ကိုယ်လုပ်ကြပါ...အခုတော့ လွှတ်တော်ဆိုပြီး ကြည့်လိုက်ရင် ဘယ်လမ်းကဘယ်လို ဘယ်တံတားကဘယ်လို ဆိုတာပဲ....ဘယ်လို ဥပဒေတွေကို ပြဌာန်းပြီး ဘယ်လို ကာကွယ်မယ်ဆိုတဲ့
ရေရှည် စီမံကိန်းတွေ..ရေရှည် ကာကွယ်မှုတွေ မလုပ်နိုင်ကြသေးဘူး....အရင်ဦးဆုံး ပြည်သူ့ ဝန်ထမ်းများကို နိုင်ငံတကာစံချိန်အတိုင်း လုပ်အားခပေးဖို့ ရေးဆွဲမယ်..တာဝန်ကို ပြည့်ပြည့်၀၀ ထမ်းဆောင်ခိုင်းမယ်....တစ်နေ့ လုပ်ချိန် ၈နာရီပဲ
သတ်မှတ်မယ်..လုပ်ငန်းခွင်အတွင်း တစ်ခုခုဖြစ်ခဲ့ရင် စောင့်ရှောက်မှုဘာတွေပေးမယ်...အလုပ်တာဝန်ထမ်းဆောင်နေချိန်မှာ နေရာထိုင်ခင်း ဘယ်လိုစီစဉ်ပေးမယ်...အလုပ်ကအနားယူချိန်မှာ ဘယ်လို စီမံပေးမယ်...စသည်ဖြင့် မက်လုံးလေးတွေတော့ပေးထားမယ်....တစ်ကျပ်ပေးပြီး တစ်ဆယ်ဖိုးတော့ မခိုင်းကြပါနှင့်...ခိုင်းလို့ လုပ်နေကြသူတွေကိုလည်း တစ်ရာဖိုးလောက် မဆဲကြပါနှင့်...
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...