ကဲ ..ငြင်းချင်သူများ ငြင်းနိုင်ကြပါတယ်
ကျွန်တော်တို့ မြန်မာနိုင်ငံက ဆောင်ပုဒ်တွေပိနေပါတယ်…
လ၀က က ရေးထားတယ်..ဘာတဲ့ မြေမျိုလို့ လူမျိုးမပျောက် လူမျိုမှ လူမျိုးပျောက်တယ် ဆိုပါလား
အဟုတ်မှတ်နေတာ ….မြန်မာနိုင်ငံကြီးကတော့ ထုံးသုတ်ခံလိုက်ရတာ ရင်ဘတ်ကြီးကို ဖွေးရော…
နောက်တစ်ခုကတော့ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက
အမျိုးကိုချစ်လိုက်ကြတာ မြန်မာချင်းသတ်နေကြတာ နှစ်ခြောက်ဆယ်တောင်ရှိပေါ့
ကမ္ဘာမှာ အကြာဆုံးပြည်တွင်းစစ်ဆိုပြီးတော
စက်မှုစွမ်းအား ခေတ်ကျော်လွားဆိုပြီး စက်ရုံကြီးတွေတည်လိုက်တယ်..
ဘာဖြစ်သွားတယ်ထင်လဲ….အကြွေးတင်ြ
မြန်မာနိုင်ငံမှထုတ်လုပ်သည်ဆြို
သစ်တစ်ပင်ခုတ် ထောင်ဒဏ်သုံးနှစ်ဆိုသဗျ…
ဟော …တစ်နိုင်ငံလုံးရဲ့  သုံးပုံတစ်ပုံလောက်ခုတ်လိုက်တာ သူဌေးကြီးတွေဖြစ်ကုန်တယ်..
အံ့သြစရာကောင်းတာက ထောင်မကျတဲ့အပြင် ဘွဲ့ ထူးဂုဏ်များတောင် ဆက်ကပ်လိုက်သေးတယ.်
စည်းကမ်းလိုက်နာ ဘေးကင်းကွာဆိုပဲ..
ငါက ဘယ်သူရဲ့ ဘာကွဆိုပြီး သံတုတ်နှုင့် ရိုက်သတ်တယ်…………..ကောင်းရော
နောက်တစ်ခုကတော့ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်ဆိုပဲ..
စိတ်ထဲမြင်ကြည့်တာကတော့ သံတုတ်ကြီးထမ်းပြီး ထိုင်ရာကမထနိုင်တဲ့ ကလေးငယ်လို အင်အားမျိုးကြီး
လာဘ်ပေးရန်မလိုပါတဲ့
ဌာနဆိုင်ရာတိုင်းမှာုကပ်ထားတယ်……
လာဘ်မယူတဲ့ ဌာနလေးများရှိရင် လက်တို့ ကြပါ….
အကောင်းဆုံးကတော့ ဘယ်ဆောင်ပုဒ်မှ မရေးကြတာ အကောင်းဆုံး
ဘာကြော်ငြာချက်မှမထုတ်တာအကောင်း
ကိုယ်လုပ်နိုင်သလောက်လုပ်…..ကို
တိုင်းပြည်ရဲ့ လိုအပ်ချက်ကြောင့်ကျွန်တော်တို့ အနေနှင့် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး အရပ်ဘက်ကိုပြောင်းပြီး
နိုင်ငံ့တာဝန်များကို ထမ်းဆောင်နေကြရပါတယ်ဆိုတဲ့ နှစ်သီးစားတွေလည်း ဘေးထွက်နေသင့်ပြီ
ပြည်သူ့ ကိုယ်စားလှယ်ပါဆိုတဲ့ အမတ်မင်းများလည်း မထူးပါဘူး
ပြည်သူ့ ကိုယ်စားလှယ်မို့ လိုသာပဲ…..ပြည်သူအတွက်ဆို ဘာမှကို လုပ်မပေးချင်တာ….
နေရာပျောက်မှာကြောက်နေတာနှင့်တင
ပြည်သူကိုယ်တိုင်ကလည်း ကိုယ့်ကိုကောင်းကျိုးမပြုတဲ့ ကိုယ်စားလှယ်ကို ဘာကြောင့်များလွှတ်တော်ထဲ
အ၀င်ခံနေကြတာလဲ….အများတူညီ တောင်းဆိုကြပါလား…အသစ်ပြန်ရွေြး
ဆန္ဒပြလို့ မရနိုင်ရင် အခြေခံဥပဒေနှင့်ပြန်ပြီး ကိုင်ပေါက်ကြပါလား…
လမ်းပေါ်ထွက်တာလူမြင်တာပဲ အဖတ်တင်တယ်..ဘာမှလည်းဖြစ်လာတာမဟ
နောက်ဆုံးတော့လည်း ငါလိုပဲ ထင်ရာလျှောက်ရေးပြီး ကိုယ့်အိမ်ထဲ ကိုယ်ဘာသာ လသာနေတာပဲကောင်းတယ်…
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...