ကျွန်တော်တို့ မြန်မာနို်င်ငံကို တိုးတက်ချင်တဲ့ဆန္ဒတွေနှင့်
အချို့ သော အကြီးအကဲများက ပြောင်းလဲဖို့ ကြိုးစားနေပါတယ်…ဒါက တကယ့်အဖြစ်ပါ။မယုံခြင်လည်း
နေလို့ ရပါတယ်။
ဘာကြောင့် ပြောင်းလဲခြင်ကြတာလဲ….အဖြေကတော့ ရှင်းရှင်းလေးပါ…လိုအပ်လို
့။
ဘာကြောင့်လိုအပ်တာလဲ….အဖြေကတော့ တော်တော်ကို ရှုပ်ထွေးနေပါတယ်။
ကိုယ်စီကိုယ်င အမြင်များလည်းပေါ်ပေါက်လာပါတယ်။
ဒီတော့ ကျွန်တော့်အမြင်သီးသန့် လေးကိုပဲ ရေးချင်ပါတယ်။
ကျွန်တော်မြင်သလောက်တော့ အင်္ဂလိပ်တွေ ရေးဆွဲ ကျင့်သုံးခဲ့တဲ့ စနစ်
တနည်းအားဖြင့် အုပ်ချုပ်မှုပိုင်းဆိုင်ရာ စည်းမျဉ်း၊ကျင့်ထုံးများက တော်တော်ကိုကောင်းပါတယ်။
ဒါဆို ဘာလို ပြောင်းလဲခြင်တာလဲ…..မူကောင်းခဲ့သော်လည်း လူမကောင်းခဲ့တော့
စနစ်ကြီးတစ်ခုလုံး ကျဆုံးသွားလို့ ပါ။
လက်ရှိကာလမှာ ကျွန်တော်တို့ ကျင့်သုံးနေသမျှ နည်းစနစ်တော်တော်များက
ငါခိုင်းသလိုလုပ်..ပြန်မပြောနှင့် ဆိုတဲ့ ဥပဒေသဖြစ်ပါတယ်…
ဆယ်စုနှစ်ပေါင်းများစွာ ငါခိုင်းတာလုပ်ကို ကျင့်သားရနေတော့ လက်ရှိ
ပွင့်လင်းလူ့ ဘောင်စနစ်ကိုသွားတဲ့အခါ
ပြသနာပေါင်းများစွာပေါ်ပေါက်လာပါတယ်..ငါခိုင်းတာလုပ်ဆိုရင် မလုပ်တော့ဘာဖြစ်လဲဆိုတာဖြစ်လာတယ်..
ဟုတ်ပြီ မလုပ်တော့ဘာဖြစ်လဲဆိုတော့ ဘာမှမဖြစ်သလို ဒါဆို မင်းလုပ်ချင်တာကိုပြော ဆိုတော့လည်း ဘာပြောရမှန်းမသိသူတွေပေါ်လာပါတယ်..နောက်တော့
ကောင်းသလိုသာစီစဉ်ပေးပါဖြစ်ကုန်ရော။
စနစ်ဆိုတာ လိုအပ်လို့ ပေါ်ပေါက်တာဖြစ်ပါတယ်။ဗျူရိုကရေစီ ယန္တရားဆိုတာကို
သေချာနားမလည်ပဲ…သူများရေးခဲ့သမျှ မကောင်းဘူးဆိုပြီး မျက်စိမိတ်အော်နေကြတယ်။
ကျွန်တော် ထဲထဲဝင်ဝင်သိတဲ့ ကျန်းမာရေးဌာနကိုပဲ နမူနာထားပြီးပြောချင်ပါတယ်။
လူနာတစ်ဦး ဆေးရုံကိုရောက်လာတာနှင့် ဒီလူနာနှင့်ပတ်သက်သမျှ အကြောင်းအရာတွေကို
ဖြည့်စွက်ကြရပါတယ်။အမည်၊အသက်၊ကိုယ်ရေးရာဇ၀င်အကျဉ်း….ဒါက သူ ဘယ်သူဆိုတာကို သေချာတိကျဖို
့အတွက် ရေးဆွဲထားတဲ့အပိုင်း။နောက်တစ်ခုကတော့ ဆေးရုံကိုရောက်ချိန်၊သွားရောက်ရမည့်အဆောင်၊ဆေးရုံ
နံပါတ် စသည့်ဖြင့် ရေးသွင်းရပါတယ်။ဒါကလည်း ဆေးရုံမှာသူရှိနေချိန်အတွက်သော်လည်းကောင်း
တစ်စုံတစ်ခုဖြစ်ပွားခဲ့ရင် ဖြေရှင်းချက်ပေးတဲ့အခါ တိကျသေချာဖို့ ဖြစ်တယ်။နောက်တစ်ခုကတော့
ကနဦး ရောဂါထင်မြင်ချက်၊ဆေးရုံတက်ရောက်ကုသစဉ် ကုသချက်၊တွေ့ ရှိချက်စသည်ဖြင့် ရေးသွင်းရပါတယ်။နောက်တစ်ခါ
ဆေးရုံကဆင်းသွားရင်လည်း ဘယ်လိုပုံစံဆင်းသွားတာလဲ စသည်ဖြင့်ရေးကြရပါတယ်။သို့ သော်လည်း
ကျွန်တော့်အထင် တော်တော်များများမှာတော့ ပြည့်စုံအောင်ရေးမည်ဟု မထင်ပါ။ဘာကြောင့်လဲ
ဟိုအကြောင်းပြ ဒီအကြောင်းပြ ပြီး စနစ်ကို ဖျက်စီးခဲ့ပါတယ်။
နောက်တစ်ခါ ဆေးကုသမှုမှတ်တမ်းများကို ရေးသွင်းကြရတဲ့အခါမှာလည်း
ပြည့်စုံစွာရေးဖို့ မေ့သွားကြပါတယ်။
ဒါလေးက တကယ်ဆို စာတစ်မျက်နာစာ အကြောင်းအရာပဲဖြစ်ပါတယ်။ဒီလို စာမျက်နာပေါင်းများစွာကို
စုပေါင်းပြီး တစ်လ၊တစ်နှစ်စသည်ဖြင့် စုစည်းလိုက်တဲ့အခါ အထက်အဆင့်ကိုရောက်လာတဲ့ ဒေတာတွေက
မှားယွင်းနေပြီးဖြစ်ပါတယ်။ဒီအမှားကို ကောက်ချက်ဆွဲ ဆွေးနွေးဆုံးဖြတ်ပြီး စီမံကိန်းတွေကို
ချမှတ်ကြပါတယ်။
ဒီစီမံကိန်း အမှားကိုပဲ မဖြစ်ဖြစ်အောင်လုပ်ပေးရတဲ့အခါ အောင်မြင်မှုမရသော်လည်း
တိုးတက်မှုအမှားကို ရကြပြန်တယ်။
ဒီလို တိုးတက်မှုအမှားကို တကယ်ထင်မှတ်ပြီး ဆင့်ပွားစီမံကိန်းတွေ
ရေးဆွဲပြန်တယ်။နောက်ဆုံးတော့ စနစ်အမှားကြီးကို ညီညာစွာပဲ အသက်သွင်းသလို ဖြစ်သွားပါတယ်။အခုအချိန်မှာတော့
ဘယ်သူ့ ဘယ်သူကိုမှ
အပြစ်ပြောလို့ မရတော့ပါဘူး။ကျွန်တော်တို့ အောက်ခြေ၀န်ထမ်းများရဲ
့အမှားလည်းပါနေတာကိုး။
ဒီတော့ ဌာနတိုင်းမှာ ဗျူရိုကရေစီနည်းအတိုင်းစီမံထားခဲ့တဲ့ နည်းစနစ်ပေါင်းများစွာရှိနေပါလိမ့်မယ်။မူကောင်းခဲ့ပေမဲ့
လူမကောင်းခဲ့တဲ့အတွက် ပျက်စီးခဲ့တာပါ။
ဒါဆို စနစ်ပြောင်းမယ်ဆိုပါတော့ ဒီလူ ဒီပုံစံနှင့်ပြောင်းရင် ရမယ်ထင်ပါသလား။
ကျွန်တော်ကတော့ ရနိုင်မယ်လို့ မထင်ပါ။ဟုတ်ပြီ လူကိုပြောင်းမလား
။ဖြုတ်ပြစ် ထုတ်ပြစ်လို့ လည်းမဖြစ်ပြန်ဘူး။ဒါဆိုဘယ်လို လုပ်မလဲ။အကျင့်ကို ပြင်ခိုင်းရမယ်။အောက်ခြေ၀န်ထမ်းကစပြီး
တိတိကျကျ အလုပ်လုပ်ရမယ်။သူ့ အထက်က ၀န်ထမ်းကလည်း ငါကမင်းထက်ကြီးတယ်ဆိုပြီး ပြင်လို
့မရဘူး။သူ့ ထက်ကသူကို တိတိကျကျပြန်ပြိးတင်ပြရမယ်။ဒိလို အဆင့်ဆင့်သွားရင် နောက်ဆုံးမှာ
တိကျတဲ့ အဖြေကိုရမယ်။
အခု လုပ်နေတာတွေက ပြောင်းလဲမယ်ဆိုပြီး တကယ်တမ်း ကျပ်ပူထိုးပေးနေတာ။တကယ်ပြောင်းလဲနေတာမဟုတ်ဘူး။ပြောင်းလဲ
ပြနေတာသာဖြစ်တယ်။အပြသဘော ပြောင်းလဲမှုတွေကို ချက်ခြင်းရပ်ပြီး အပြုသဘောပြောင်းလဲခြင်းကို
လုပ်ဆောင်ဖို့ လိုနေပါပြီ။
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...