စေတနာတွေ စေတနာတွေ စေတနာတွေ

ဆေးဝါးထောက်ပံ့တဲ့ ကိစ္စနှင့်ပတ်သက်လို့ ပြောချင်ပါတယ်
လက်ရှိဆေးဝါးထောက်ပံ့ဖို့ လုပ်လိုက်တဲ့အစီအစဉ်က ပြည်သူတွေကို တကယ်ပေးချင်လို့ လား ဒါမှမဟုတ် လွှတ်တော်အမတ်တစ်ယောက်ရဲ့ မေးခွန်းကြောင့်လား
ပြည်သူကိုပေးချင်တဲ့ဆန္ဒကြောင့်လို့ ပဲ အပြစ်လွတ်အောင် ကောက်ချက်ချလိုက်ချင်ပါတယ်
ပြည်သူကိုပေးမယ်ဆိုရင်လည်း ဘယ်လိုပေးမှာလဲ…ဘယ်လောက်ပေးမှာလဲ..ဘာတွေပေးမှာလဲ…ဘယ်နည်းနှင့်ပေးမှာလဲ…ဘယ်အချိန်ထိပေးမှာလဲ..ဒါတွေကို အောက်ခြေမြို့ နယ်များသိအောင် ကြိုတင်ရှင်းလင်းထားဖို့ လိုပါတယ်….

နောက်တစ်ခုက မြို့ နယ်နှစ်ဆယ်ကို ချထားပေးတဲ့ မိခင်နှင့်ကလေး ချို့ တဲ့လူနာထောက်ပံ့မှု အောင်မြင်တယ်လို့ ပြောလို့ မရပါဘူး……..ကိုညီလွင်ဆောင်ရွက်ခဲ့တဲ့ မြို့ နယ်တွေမှာ အောင်မြင်မှုရတာကို ၀မ်းသာသလို ချီးကျူးပါတယ်..သို့ သော် ဒါက နိုင်ငံအဆင့်ဆောင်ရွက်ဖို့  ကနဦးအစီအစဉ်လို့ မြင်ပါတယ်..
ဒါကြောင့် ရာနုန်းပြည့်မဟုတ်တောင် ငါးဆယ်ရာခိုင်နုန်းအထက်မှာ အောင်မြင်သင့်ပါတယ်..
အလကားပေးတဲ့ ငွေ သိန်းရှစ်ဆယ်ကျော် ဘာလို့ တစ်နှစ်အတွင်းဆေးရုံတစ်ခုက သုံးမပေးနိုင်တာလဲ
ပြည်သူတွေချမ်းသာကုန်ပြီလား…မထင်ပါ….အကြောင်းတစ်ခုခုရှိပါလိမ့်မယ်…ဘာလဲဆိုတာတော့ တကယ်လုပ်ဆောင်ပေးခဲ့ကြသူတွေသာသိပါလိမ့်မယ်……………
နောက်တစ်ခုကတော့ ဆေးဝါးတွေပေးမယ်…..အဲဒီစကားကို အရင်အော်တယ်…ပြီးမှ ဆေးရုံတွေကို ချက်ချင်းကြီး လိုအပ်ဆေးဝါးများ စာရင်းပြုစုပြီး တင်ပြကြပါလို့  ကပ်ပြီးပြောတယ်…
အောက်ခြေ ဆေးရုံများအနေနှင့် တော်တော်ခက်တဲ့ကိစ္စပါ….
အထူးကု လေးယောက်လောက်ပဲရှိတဲ့နေရာမှာတောင် သူတို့ ကြိုက်တဲ့ဆေးကို ညှိရတာအဆင်မပြေပါ
ဒီတော့
(၁) အရေးပေါ်သုံးစွဲသင့်သည့်ဆေးဝါးစာရင်း  ပမာဏ အချိန်ကာလ
(၂)မည်သည့်လူနာများကိုသုံးစွဲမည်
(၃) ထောက်ပံ့ပေးအပ်မည့် လမ်းကြောင်း
(၄)ထားရှိသိုလှောင်ရမည့် ပမာဏ ကာလ အတိုင်းအတာ နည်းစနစ်
(၅)သုံးစွဲရာတွင် ဆောင်ရန် ရှောင်ရန်များ
(၆)ဆက်လက်ထောက်ပံ့မည် အစီအစဉ်
(ရ) ဆေးဝါးပြတ်လပ်မှုဖြစ်ပေါ်လာပါက အရေးပေါ်ဖြည့်တင်းပေးနိုင်မည့် အစီအစဉ်
(၈)မြေပြင်စာရင်းကောက်ယူမှု၊ နှစ်လယ်စာရင်းစစ်ဆေးမှုနှင့် နှစ်ချုပ်စာရင်းစစ်ဆေးမှု အစီအစဉ်
(၉) ဆေးရုံတက်လူနာဦးရေ အချိုး၊ဆေးရုံတက်ရက်အချိုးနှင့် ပင်မရောဂါဖြစ်ပွားမှုအချိုး များနှင့်ဆေးဝါးများကိုက်ညီမှု ရှိမရှိ
စသည်ဖြင့် များစွာသော အကြောင်းခြင်းရာများကို မြို့ နယ်အဆင့် တိုက်နယ်အဆင့်တာဝန်ခံဆရာဝန်များကို ရှင်းလင်းပြောကြားပြီး ညွန်ကြားချက်များထုတ်ပေးဖို့ လိုပါမယ်
ကိုယ့်မြင်းကိုယ်စိုင်းကြတော့ ဆိုပြီး ဗဟိုစွန့် ခွာထောက်ပံ့မှုကိုကျင့်သုံးလိုက်မယ်ဆိုရင်
သွားခြင်တာက ပုဂံ၊ရောက်သွားတာက သထုံဖြစ်သွားပါလိမ့်မယ်….
ကျွန်တော့ရဲ့ သီးသန့် အမြင်သာဖြစ်ပါတယ်…ကျွန်တော်က ကိန်းဂဏန်းများကို ယုံတဲ့သူမဟုတ်တဲ့အတွက်
အဆိုးမြင်သလိုဖြစ်နေရင်လည်း တောင်းပန်ပါတယ်….

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...