ဖွဘုတ်ပေါ်က သူရဲကောင်းများသို့ 
ဖွဘုတ်ပေါ်က သူရဲကောင်းများသို့ 
ကဲ လက်ပံတောင်းကိစ္စကို ဒေသခံတွေက မကျေနပ်ကြဘူး
ဒါက အဖြစ်သင့်ဆုံးကိစ္စဖြစ်တယ်….လောလောဆယ်ကျေနပ်လို့ လည်းမရဘူးဗျ..
စာ၇ွက်ပေါ်က ကတိတွေကို မြန်မာတွေ မယုံကြည်ခဲ့တာကြာပေါ့
တဖြည်းဖြည်း တကယ်ဆောင်ရွက်ပေးရင်တော့ အမြင်ပြောင်းလာမှာပေါ့
ခင်ဗျားတို့ က ဇွတ်ကြီးကျေနပ်ခိုင်းနေရအောင် ခင်ဗျားတို့ မြေဘယ်လောက်ပါသွားသလဲ
ခင်ဗျားတို့ လယ်ဘယ်လောက်ပါသွားသလဲ…အလုပ်လက်မဲ့ဖြစ်သွားတဲ့ ခင်ဗျားဆွေမျိုး ဘယ်လောက်ရှိသလဲ
ကိုယ် မနာသမျှ ကိုယ်ချင်းမစာတတ်တာ မြန်မာတွေရဲ့ ထုံးစံ
မကျေနပ်ရင် လွတ်လပ်စွာဆဲသွားခွင့်ရှိတယ်……………………
ဥပမာတစ်ခုပေးမယ်
ခင်ဗျားအိမ်ကို ကျွန်တော်က သိမ်းပြီး သန့် စင်ခန်းဆောက်ချင်တယ်ဗျာ…
ဒီအတွက် ခင်ဗျားကို မလိမ့်တပတ်နှင့် အိမ်ဌားစာချုပ်ချုပ်မယ်………
ခင်ဗျားအိမ်က နေဖယ်ပေးလိုက်ရတဲ့အတွက် ခင်ဗျားကို သန့် စင်ခန်းမှာ ၀န်ထမ်းပြန်ခန့် ပေးမယ်
ပြီးတော့ အိမ်သာဘယ်လိုဆေးရတယ်…ဆိုတာလည်း ခင်ဗျားကို သင်ပေးဦးမယ်………
ဒီလိုလုပ်လိုက်တဲ့အတွက် အများပြည်သူတွေဆီကရတဲ့ အခငွေကို အဆောက်အဦးဆောက်ပေးမဲ့ တရုတ်ရယ်
ပွဲစားဖြစ်တဲ့ ကျုပ်ရယ် အမြတ်ယူမယ်…ခင်ဗျားကို လခပေးပြီး ၀န်ထမ်းခန့် ထားတယ်လေ………
ခင်ဗျားကျေနပ်သလား…….ကျေနပ်ရင် ကန်ထရိုက်ခေါ်ပြီး တကယ်လုပ်မယ်…….
လက်ပံတောင်းကိစ္စကလည်း ဒီလိုသဘောဖြစ်နေတာဗျ………………………
ဘုမသိ ဘမသိဘဲ အမေစုဆိုတာနှင့် လက်ခံရမယ်ဆိုတာလည်း မဟုတ်သေးဘူးဗျ………..
အမေစုကိုယ်တိုင် တာဝန်ခံပြီး လုပ်ပေးရမယ့်ကိစ္စလည်း မဟုတ်သေးဘူး………
၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ပြီးတဲ့အခါ ဒီမိုကရေစီ အစိုးရက ဒီလိုဆောင်ရွက်ပါမယ်
ဆိုရင်တော့လည်း တစ်မျိုးပေါ့…..
နောက်တစ်ခုက အချိန်မရွေး နောက်ပြန်လှည့်နိုင်တဲ့အချိန်မှာ ဘယ်သူ့ ကို မှ ယုံကြည်လို့ မရသေးဘူး….
နောက်တစ်ခုက ဒေသခံတွေက တကယ့်အရိုးခံတွေ…သူတို့ ကို ဒီအခြေအနေရောက်အောင် ဘယ်သူတွေ
တွန်းပို့ ခဲ့တာလဲ………ဒေသခံတွေ လိုချင်တာက ရိုးရိုးလေးပါ………တရားမျှတမှု နှင့် ပွင့်လင်းမှုတစ်ခုတည်း..
အခုအချိန်ထိ တရားမျှတမှုက ဘယ်မှာလဲ…….သေသေချာချာစဉ်းစားပါ…လတ်တလောက စာရွက်ပေါ်မှာပဲ
စီစဉ်ထားရသေးတာ……….ဒေသခံတွေက ကိုယ့်မိဘ သင်္ချိုင်းတောင် သွားခွင့် မရှိတော့ဘူး…မြေတွေတူးခံရပြီ
လယ်တွေ မစိုက်ရတော့ဘူး…ယာတွေ လုပ်ခွင့်မရှိတော့ဘူးလေ…………..
နောက်တစ်ခါ ဒီကိစ္စက နှစ်နိုင်ငံစာချုပ်မဟုတ်ဘူး…….နိုင်ငံပိုင် သတ္ထုတွင်းကို သူများနိုင်ငံကိုရောင်းတဲ့နေရာမှာ
ဦးပိုင် ဆိုတာက ဘာလို့ ပါလာသလဲ…..ရှင်းရှင်းပြောရရင် ပွဲစားဆိုပါတော့…….အဲဒီပွဲစားအတွက် ဒေသခံတွေက အနစ်နာခံပေးရမှာလား……နိုင်ငံတော်က  ဦးပိုင်ကို စိုက်ထုတ်ထားတဲ့ ငွေတွေ လျှော်ပေးလိုက်
ပြီးရင် နိုင်ငံအဆင့်စီမံဆောင်ရွက်လို့ မရနိုင်ဘူးလား….အမြတ်ကို နိုင်ငံအတွက် ဘယ်လောက် နည်းပညာစိုက်ထုတ်သုံးစွဲတဲ့အတွက် လုပ်ကိုင်သူက ဘယ်လောက်ဆိုပြီး လုပ်လို့ မရဘူးလား……………..
အဲဒီလောက်ထိ ညဏ်မမှီလို့  မပြောတော့ပါဘူး………….ခင်ဗျားတို့  စာရွက်ပေါ်က စာသားလေးအတွက်
ရွှေပြည်အေးတ၇ားဟောလို့ ရပေမဲ့…………တကယ်ခံစားရတဲ့ ဒေသခံတွေက လယ်ပိုင်ယာပိုင်ဘ၀ကနေ
ချက်ခြင်းဆိုသလို အလုပ်သမားဖြစ်သွားတာဗျ………..ကုန်ထမ်းတဲ့သူထမ်း….ဈေးရောင်းတဲ့သူရောင်းဖြစ်ကုန်တာ….
မင်းကရော ဒီဒေသအကြောင်းသိလို့ လားလို့ မမေးနှင့် ဆားလင်းကြီးကိုရောက်နေတာ နှစ်နှစ်ရှိပြီ……….
စာရွက်တစ်ရွက်ကို ဖတ်ကြည့်ပြီး သိပ်အာမချောင်ကြနှင့် ………….သတ္တိရှိရင် မင်းအိမ်ကို အများသုံးသန့် စင်ခန်း ဆောက်ခွင့်ပေးမလား………….ငါ ပွဲစားလာလုပ်မယ်……
ဒီအချိန်မှာ ဒေသခံတွေ မကျေနပ်တာ ဖြစ်သင့်တဲ့ကိစ္စ…………..နောင်တစ်ချိန် တောင်းဆိုထားတာတွေ
တကယ်ဖြစ်အောင်လုပ်ပေးဖို့ ကို ဘယ်သူတာဝန်ယူမှာလဲ……..တာဝန်ယူရဲတဲ့သူကလည်း လိုသေးတယ်…
တကယ်လုပ်ပေးဖို့ ကလည်း လိုသေးတယ်…………
မြေတွေကို သိမ်းတုန်းက သုံးနှစ်တိတိ မိမိလယ်မှာ လယ်စိုက်ခွင့်ရှိသေးတယ်ဆိုပြီး သိမ်းတာ……………
သိမ်းပြီး လို့ မကြာဘူး  ဘာမှစိုက်လို့ မရတော့တဲ့ အပြင် လူတောင်ဝင်ခွင့်မပေးတော့……………
ဒေသခံတွေ မယုံကြည်တာ သဘာဝကြတယ်ထင်တာပဲ………….ဒါကြီးကို ဇွတ် ကျေနပ်ရမယ်ဆိုတာကတော့
မတရားဘူး……….နောင်တစ်ချိန် ကျေနပ်ချင် ကျေနပ်လိမ့်မယ်….အခုလောလောဆယ် မကျေနပ်တာ
ဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စ…………အမေစုက ကတိပေးထားတာပဲလို့ လာမပြောနှင့် ………အဲဒီကတိကို
၂၀၁၅ မှာပေးမယ်ဆိုရင် လက်ခံတယ်……..လောလောဆယ်တော့ အမေစုတောင် လုပ်ပိုင်ခွင့်အတွက်
အာဏာကို လိုချင်ပါတယ်လို့  ကိုယ်တိုင်ပြောထားတာ……….ရှင်းရှင်းလေးပါ……….လုပ်ချင်တာကို လုပ်ခွင့်မရသေးကြောင်း ပြည်သူကို ပြောထားတာပဲ………ဒီတော့ အမေစုကို တိုက်ခိုက်နေတာ မဟုတ်ဘူး
မိမိတို့ ဘ၀ရပ်တည်ေ၇းအတွက်  တိုက်ခိုက်နေတာ……….စာရွက်ပေါ်က စာသားတွေကို ခင်ဗျားတို့ ရော
တကယ်ယုံပါသလား…….ကျွန်တော်ကတော့ တကယ်လုပ်ပေးမယ်လို့  မယုံကြည်သေးပါ……..
လွတ်လပ်စွာ ကွဲလွဲခွင့်ရှိတယ်………….သို့ သော်လည်း ကိုယ်ချင်းစာတရားနှင့်တော့ ယှဉ်ပြောရမယ်…..
တကယ်လို့  ငါ့လယ်…ငါ့ယာ…ငါ့အိမ်….ငါ့မြေ ဆိုရင်ဆိုပြီး ………စဉ်းစားပြီး ကွဲလွဲပါ…………..
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...
စံပြုအချက်အလက်များ android application
စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...