ဘာကြောင့် ဘာအတွက်
လက်ရှိမြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ ကိစ္စတော်တော်များများက ဒီမိုကရေစီပြောင်းလဲမှုကြောင့်လို့ 
အကြမ်းဖျဉ်းတွက်သူတွေ ရှိနိုင်ပါတယ်။သေသေချာချာ စဉ်းစားရင် ဒါက ပြည်သူတွေရဲ့ မကျေနပ်ချက်တွေ
ပွင့်အန်လာတယ်လို့ ထင်ပါတယ်။ဒီမိုကရေစီ မဟုတ်လည်း ဖြစ်လာနိုင်တဲ့ကိစ္စပါ။
၁၉၈၈ အရေးအခင်းကြီး ဘာကြောင့်ဖြစ်ခဲ့သလဲ။ပြည်သူတွေ အနေနှင့် အစိုးရ ကို သည်းမခံနိုင်တော့တဲ့အဆုံး
ပေါက်ကွဲလိုက်တာပါ။အခုလည်း သမိုင်းတစ်ပတ်ပြန်လည်နေပါပြီ။အုပ်ချုပ်သူတွေ သိသင့်တယ်ထင်ပါတယ်။
သို့ သော်လည်း သိသိကြီး လုပ်နေတာလည်း ဖြစ်နိုင်ပါတယ်။မြန်မာလူမျိုးတွေဆိုတာ ကိုယ်တတ်နိုင်သလောက်
သည်းခံတတ်ပြီး မခံနိုင်တဲ့ အဆုံးမှာ ပြင်းပြင်းထန်ထန် ပေါက်ကွဲတတ်တဲ့ သဘာဝရှိပါတယ်။ဒါကို အုပ်ချုပ်သူတွေ အသုံးချနေပြီ လို့ မြင်ပါတယ်။
ပေါက်ကွဲမှုဖြစ်စဉ်တိုင်းမှာ
(၁) ကျောင်းသားလူငယ်တွေစတင်တယ်
(၂) ရဟန်းသံဃာတွေ ပါဝင်လာတယ်
(၃)အခြေခံပြည်သူတွေ ပါဝင်လာတယ်
(၄)ဌာနဆိုင်ရာ ၀န်ထမ်းတွေပါဝင်လာတယ်
နောက်ဆုံး အုပ်ချုပ်ရေးယန္တရားပျက်စီးသွားတယ်။
ဒီအချိန်မှာ အသင့်စောင့်နေတဲ့ အိမ်စောင့်အစိုးရပေါ်ပေါက်လာတယ်။အဲဒီ အိမ်စောင့်တွေကပဲ အပိုင်သိမ်းတယ်။
လက်ရှိကာလမှာ အခြေခံပြည်သူတွေ ထွက်ပေါက်မဲ့လို့ တိုးထွက်ပေါက်ကွဲလာနေပါပြီ။မကြာခင်ကာလမှာ
ဌာနဆိုင်ရာဝန်ထမ်းတွေ ပါဝင်လာနိုင်ပါတယ်။ဥပမာ…သေဆုံးသွားတဲ့ ရဲတပ်သားကလည်း အစိုးရခိုင်းလို့ လုပ်ရတာပါ။သူ့ ဘာသာလုပ်ရတာမဟုတ်ပါဘူး။ဒီလိုလုပ်လို့  လစာလည်းတိုးမသွားပါဘူး။ရာထူးလည်း
တိုးမသွားပါဘူး။ဒါက ဌာနဆိုင်ရာဝန်ထမ်းတွေ မခံနိုင်အောင် သက်သက်ပြည်သူနှင့်ရန်တိုက်ပေးနေတယ်လို့ 
တွေးမိပါတယ်။လက်ပံတောင်းတောင်ကိစ္စမှာလည်း ရဲတပ်ဖွဲ့ နှင့် ပြည်သူကို ထိပ်တိုက်တွေ့ စေပြီး နောက်ကွယ်က ကြိုတင်စီမံထားတဲ့ ကိစ္စကို အကောင်အထည်ဖော်ခဲ့တာပါ။ဒီလုံထိန်းတွေကို အကြမ်းဖက်မှုများ
နိမ်နှင်းတဲ့ကိစ္စ သင်တန်းတွေ သေသေချာချာပေးထားခဲ့ပါသလား။ဘယ်လို ပစ္စည်းမျိုးတွေ သုံးရမယ်လို့ သေသေချာချာ လေ့ကျင့်သင်ကြားပေးခဲ့ပါသလား။မထင်ပါ။
အမည်ခံလွတ်တော်မှာ ဘာကိစ္စ ညာကိစ္စတွေသာ ဆောင်ရွက်နေပြီး ဥပဒေပြုရေးဆိုင်ရာကိစ္စတွေကို
နောက်တန်းပို့ ထားတာကို သတိပြုပါ။ဆောင်ရွက်ရန် အစီစဉ်ရှိ   မရှိဆိုတာ လွတ်တော်ရဲ့ ပင်မအလုပ်မဟုတ်ပါ။
အတွက် ထိပ်ပိုင်းက ခေါင်တွေ ရှုပ်သမျှကို အောက်ခြေက အငယ်တန်းဝန်ထမ်းတွေအထိ ခံစားနေရပါတယ်။
အောက်ခြေ၀န်ထမ်းတွေ နုတ်ထွက်ခွင့်၊အငြိမ်းစားရာထူးတောင်းဆိုမှုတွေများလာပါတယ်။ဒါက ကောင်းတဲ့ကိစ္စ
မဟုတ်ပါ။မထွက်လဲ မထွက်နိုင်တဲ့သူတွေအဖို့  လုပ်ငန်းခွင်ဆိုတာ ထောင်နှင့်တူလာပါတယ်။ ပေါက်ကွဲဖို့ လည်း နီးစပ်လာပါတယ်။ နောက်ဆုံးအဆင့် စနက်တံကို ဘယ်ဌာနတွေ စတင်ပြီးဖောက်ခွဲမလဲဆိုတာကို
စားနေကြကြောင်ဖားများ စောင့်နေပါတယ်။ လယ်စိုက်ရှင်းလား…မြေစာရင်းလား…အိုးအိမ်လား….ပြည်ထဲေ၇းလား…ဘယ်ဌာနစမလဲဆိုတာစောင့်နေပါတယ်။ အောက်ခြေ၀န်ထမ်းတွေ လာဘ်စားတယ်ဆိုတာေ၇ကူးကန်ကို ကျောက်စိမ်းစီထားလို့ မရသေးပါ။
စိန်တွေကို ပြည်တောင်းနှင့်ထည့်ထားလို့ မရသေးပါ။လေကြောင်းလိုင်းကြီးများ မပိုင်သေးပါ။
အတိုက်အခံများအနေနှင့် သေသေချာချာ စဉ်းစားစေလိုပါတယ်။နောက်ပြန့် မလှည့်ဘူးဆိုပေမဲ့
အခုက နောက်လှည့်ပြီးမောင်းနေတဲ့ စနစ်ဖြစ်နေပါတယ်။အလွန်မာကျောတဲ့စနစ်တစ်ခုကနေ နောက်စနစ်တစ်ခုကို ပြောင်းတဲ့ကိစ္စမှာတောင် အလွန်ပျော့ပြောင်းတဲ့ သမ္မတ ရွေးပြီး ခန့် ခဲ့တာ ကိုမြင်ပါ။
သမ္မတလည်း ဒီအချိန်ဆို သဘောပေါက်နေပြီးဖြစ်ပါတယ်။ခေါင်းက ဆံပင်တောင်သိပ်မကျန်တော့သလိုပဲ။
အတိုက်အခံဆိုသူများ ကိုယ့်လူကိုယ်မှတ်မိအောင်လုပ်ထားကြပါဦး။ မီးမွေးပေးမဲ့ သူ့ လူကိုယ့်ဘက်သားများ
ဝင်ရောက်စိမ့်ဝင်နေတာကိုလည်း သိပြီးဖြစ်မယ်လို့ ထင်ပါတယ်။
အကောင်းဆုံးနည်းလမ်းကို နိုင်ငံရေးကျွမ်းကျင်သူများ စဉ်းစားနိုင်ကြပါစေလို့ ဆုတောင်းပါတယ်။
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...
စံပြုအချက်အလက်များ android application
စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...