အမေ…….
အာရှကို ကိုင်လှုပ်ပြီး
ဂျပန်ကို ဒူးတုပ်စေတဲ့
ကျုပ်တို့ ဗိုလ်ချုပ်က မြို့ ကြီးသားလား အမေ…………
သဲမြေပေါ်ဆော့ကစား
ချောင်းရိုးကြား ပျော်ခဲ့တဲ့သူ
အူတူတူ အညာသားလား အမေ………….
ဝန်ကြီး ညွန်ချုပ်
အလုပ်ရှုပ်တဲ့အဖေကမွေး
တသွေးတမွေးပြောင်တဲ့
ဂုဏ်ရောင်မြင့် လူကြီးသားလား
အမေ…………
ကျွန်တော် တောသားပါအမေ
ကျွန်တော့်သားလည်း တောသားပေါ့ အမေ
မြို့ မှာမနေ မြို့ ရေမသောက်သမျှ
ကျွန်တော့်သားက ညံ့မှာတဲ့လားအမေ……………
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...