နှစ်သိန်းတန် အိမ်မက်နှင့် ခုနှစ်ရာ့ငါးဆယ်တန် လက်တွေ့ 



စကားလုံးလေးကဆန်းနေမယ်ထင်တယ်……အမှန်တော့ မြန်မာ့ဆက်သွယ်ရေးရဲ့ စေတနာဗရဘွကို ပြောချင်တာ……မြန်မာ့ဆက်သွယ်ရေးက ဆင်းကဒ်တစ်ခုကို နှစ်သိန်းနှင့်ဝယ်ရတယ်…….ရောင်းသူကရောင်း
လို့  ၀ယ်သူက ၀ယ်လိုက်တယ်ပဲထားပါတော့….သို့ သော်လည်း ၀ယ်ပြီးတော့ ကောင်းကောင်းသုံးလို့  ရပါသလား….မရဘူးဗျာ….
မိုးရေးမြို့ (အိန္ဒိယ)မှာ ဆင်းကဒ်တစ်ခုကို ခုနှစ်ရာ့ငါးဆယ်(မြန်မာငွေ) ဆိုရင်ဝယ်လို့ ရပြီ…..သုံးလို့ ရတယ်.
အထူးသဖြင့် အင်တာနက်ချိတ်မယ်ဆိုရင် 3G တောင်ရသေးတယ်…..အံမယ် သုံးစွဲခကလည်း တစ်လမှ မြန်မာငွေ တစ်ထောင့်ငါးရာပဲပေးရတာ……ဗိုဒါဖုန်းဆိုတဲ့ နာမည်ကျော်တံဆိပ်တောင်သုံးရတာနော်……..

ဘာကြောင့်လဲ………လူတိုင်းပြောနေတဲ့စကားတွေကို ထပ်မပြောတော့ဘူး…….
ခင်ဗျားတို့ မှာ လူစိတ်ရှိရင် လူလိုတွေးပြီး လူလိုလုပ်ပါ….ဒီလောက်ပဲပြောချင်တယ်………
နိုင်ငံတော်ဘတ်ဂျက်ထဲက ဆသရအတွက် မိုဘိုင်းတိုင်တွေ စက်ပစ္စည်းတွေအတွက် အသုံးမပြုဘူးဆိုရင်တောင် တာဝန်ခံပြီးလုပ်ပေးတဲ့ ကုမ္ပဏီတွေအနေနှင့် သုံးစွဲခ အချို့ ကို ခံစားခွင့်ရယုံနှင့်
မြတ်နေပါပြီ…………နောက်ပြီး သတင်းစာမှာ စာလုံးအမဲကြီးနှင့် ကျေးဇူးရှင်လိုလို လာမလုပ်နှင့်……..
ကျုပ်တို့ က ပိုက်ဆံပေးပြီးသုံးတာ……..ခင်ဗျားတို့ ဆီက အလကား အချောင်နိုက်နေတာမဟုတ်ဘူး…….
ဘယ်လိုကောင်မျိုးတွေမို့  င်္ဒိလိုလုပ်ရပ်တွေကိုလုပ်ပြပြီး နိုင်ငံကိုချစ်ပြနေတာလဲ………….စကားစလိုက်ရင်
သူတို့ လောက်နိုင်ငံချစ်တာမရှိဘူး……….နားကြားပြင်းကပ်တယ်………လူဆိုတာ မတ်တပ်ရပ်နေရင်းတောင်
သေနိုင်တဲ့ သတ္တ၀ါကွ…….ကိုယ်ဝါသနာပါလို့  ကိုယ်လုပ်ချင်တဲ့အလုပ်ကို လုပ်ပြီး သူများခေါင်းပေါ်တက်မထိုင်
ချင်နှင့်………မြန်မာနိုင်ငံကြီး သူ့ ကျွန်ဘ၀ ကလွတ်တာလည်း ကြာပေါ့……..ကိုယ့်ကျွန်ဘ၀ကိုရောက်မှပဲ.
လုံးလုံးပျက်စီးတော့တာ…………အင်္ဂလိပ်ကမှ ဂုတ်ထိပ်တံတားကြီးဆောက်ပေးလို့  စစ်ကိုင်းတံတားကြီးဆောက်ပေးလို့  မီးရထားလမ်းကြီးတွေဖောက်ပေးလို့ ဆိုပြီး  ကြော်ငြာဝင်အမြတ်မထုတ်ဘူး……..
လမ်းခရီးကို သွားတော့လည်း မြို့ ဝင်တိုင်း တံတားဖြတ်တိုင်း လမ်းမပေါ်တက်လိုက်တိုင်း ပိုက်ဆံပေးနေရတယ်….ဒါလည်း ကျေးဇူးတင်ခံခြင်တုန်း………ကိုယ့်ပိုက်ဆံနှင့်ဆောက်ပေး ဖောက်ပေးလိုက်ရတဲ့ လမ်းတံတားတောင် ကျေးဇူးရှင်က ၇ှိသေးတယ်………ထားပါတော့ လိုရင်းနှင့်လွဲနေလို့ 
ကဲ မြန်မာ့ဆက်သွယ်ရေးခင်ဗျား……….ပိုက်ဆံရဖို့ လမ်းမမြင်တဲ့နေ့ ကစပြီး ကွှန်နက်ရှင်များ စတင်ကျဆင်းလာပါတယ်…….ဖုန်းပြောရပိုခက်လာပါတယ်………….အနားနားကပ်ခေါ်တာတောင် စက်ပိတ်ထားပါသဖြင့် ဆိုပြီးပေါ်သေးတယ်……..ကျေးဇူးတင်ခံခြင်ရင် တကယ့်စေတနာအစစ်ကိုပြပါ…….
ကျွန်တော်တို့ နိုင်ငံမှာ နည်းပညာနိမ့်ပါးနေလို့ ဘာလို့ ညာလို့ နှင့် ခင်ဗျားတို့ ကရော ပညာရှင်တွေကို လေးစား
ခဲ့လို့ လား…………ပညာရှင်ဆိုတာ သူ့ ပညာကို အသုံးချခွင့်ရှိတဲ့နေရာမှာ သွားသုံးမှာပဲ…….ဘယ်သူမှ ကိုယ့်ပညာကို အတုံးမခံခြင်ဘူး………စက်ပစ္စည်းက ဘာလို့ ညာလို့  …..စက်ဆိုတာ လူကမထုတ်ပဲ သူဘာသာ ကောင်းကင်ကကျလာတဲ့အမျိုးမို့ လို့ လား………ပညာရှင်ရှိမယ်…..ကုန်ကြမ်းရှိမယ်…..နည်းပညာရှိမယ်ဆိုရင် ကိုယ့်နိုင်ငံထဲတောင်ထုတ်လို့ ရတယ်…….သူခိုးများတိုင်းပြည်က အစုတ်တွေကို ကိုယ့်တိုင်းပြည်က အကောင်းစားနှင့်လဲစားတယ်……..ကိုယ့်အိတ်ထဲ တစ်ကျပ်လောက်ရတာကိုပဲမြင်ပြီး သူများအိတ်ထဲ ကိုးဆယ့်ကိုးကျပ်ရောက်သွားတာကျ……..သူတို့ ကတော်တာကိုးဆိုပြီး လက်ခုပ်တီးတဲ့ မျိုးချစ်စိတ်ဓာတ်ကောင်းမွန်သူတွေ………..ကြောင်သူတော်တွေနှင့်လွတ်တဲ့နေရာကိုပြ……….ရှေ့ ကလည်းပိတ်
ရပ်နေသေးတယ်…….မင်းတို့ က ဒီလောက်တောင် မတက်နိုင်ဘူးလားကလုပ်ချင်သေးတယ်………တိုင်းပြည်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ကျွန်တော်တို့ က အနစ်နာခံလိုက်ရပါတယ်…ဟုတ်ကဲ့   တော်တော်ကြီးကို
နစ်နာသွားပါတယ်………မြိုးမြိုးမြက်မြက်ကြီးကို နစ်နာသွားကြပါတယ်………..
မင်းတို့ မိုးကောင်းတုန်း ရွာထားပေါ့ကွာ…..ငါ့ကလဲ့ကျမှ မိုးရေနှင့်တွေ့ မယ်……..ကိုယ်မှ သေနတ်မရှိတာ….ဒီလိုပဲပြောရမှာပဲ

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...