ဘ၀ကို ဂငယ်ကွေ့ ကွေ့ ချင်တယ်..........
ဆုံးဖြတ်ချက်တစ်ခုက
တစ်နှစ်စာ အကျဉ်းထောင်ဆိုတာ
ဘာလို့ များ အကြားအမြင်မရခဲ့ပါလိမ့်......
ကုတင်ခေါင်းရင်းက နားကြပ်လေးကိုလွမ်းတယ်အမေ
အိမ်ရှေ့ က ထော်လာဂျီသံကို လွမ်းတယ်
ညနက်သန်းခေါင် ဖုန်းမြည်သံကိုလွမ်းတယ်
သွေးပေသွားတဲ့ အိုတီကုတ်ကိုလွမ်းတယ်
အလာကောင်းပေမဲ့ အခါနှောင်းခဲ့ပါပြီဆိုတဲ့ စကားကိုလွမ်းတယ်.......
ကျွန်တော့်ခြေထောက်တို့ ရဲ့ လားရာက
ညိုငြင်ခြင်း ကြောက်လန့် ခြင်း ထီမထင်ခြင်းတွေဖြစ်တတ်သတဲ့လား
ကျွန်တော်ပြောတဲ့စကားတွေက
နားမလည်ခြင်းနှင့် အတင်းအဖျဉ်းကို ဖြစ်စေသလား
ကျွန်တော်ထားတဲ့ စေတနာက
သူတို့ ကြားက ဝေဒနာတဲ့လား အမေ.....
သားလေ
ဖြစ်နိုင်ရင် ဘ၀ကို ပြန်ကွေ့ ချင်တယ်
ကျွန်တော့် ဒေါသတို့ ပေါက်ကွဲရာမှာ
စေတနာဒဏ်ရာကို ကျန်စေချင်သူ
ကျွန်တော့် မေတ္တာတရားတို့ စီးဆင်းရာ
အားငယ်သူဆီဖြစ်ချင်တယ်........
တကယ်ဆို
ကျွန်တော်က ရိုးရိုးသားသားလေး
ဆေးပဲကုချင်တာပါ အမေ.........
ဘွဲ့ ထူးတွေ ရာထူးတွေထက်
ကျွန်တော့်လက်က ကယ်လိုက်တဲ့ အသက်ကိုပဲ
မနက်နိုးတိုင်း ရေတွက်ချင်တာပါ........
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...