နိုင်ငံရေးဆိုတာ ဒါမျိုးလား
၁။၈၈ အရေးတော်ပုံမှာ ကျောင်းသားပေါင်းများစွာ အသက်ပေးခဲ့ရတယ်။စနစ်ဆိုးတစ်ခု ကျဆုံးသွားတယ်။သို့ သော်လည်း စနစ်ကောင်းတစ်ခု ပေါ်ပေါက်မလာခဲ့ဘူး။
၂။စင်ပေါ်တက် လေကြီးခဲ့သူများလည်း ထောင်နန်းစံပြီး သူရဲကောင်းဖြစ်သွားခဲ့တယ်။သို့ သော်လည်း အသက်ပေးခဲ့သူတွေ သူရဲကောင်းဖြစ်ခွင့်မရရှာဘူး။
၃။စစ်တပ်အစိုးရကို အကြပ်ရိုက်စေဖို့  လက်စားချေရေးကို စတင်ကြေငြာတယ်။အာဏာမရတော့ဘူး။ ဘယ်သူက ကိုယ့်သေတွင်းကိုယ်တူးမှာလဲ။ဆန္ဒစောတယ်။
၁။၈၈ အရေးတော်ပုံမှာ ကျောင်းသားပေါင်းများစွာ အသက်ပေးခဲ့ရတယ်။စနစ်ဆိုးတစ်ခု ကျဆုံးသွားတယ်။သို့ သော်လည်း စနစ်ကောင်းတစ်ခု ပေါ်ပေါက်မလာခဲ့ဘူး။
၂။စင်ပေါ်တက် လေကြီးခဲ့သူများလည်း ထောင်နန်းစံပြီး သူရဲကောင်းဖြစ်သွားခဲ့တယ်။သို့ သော်လည်း အသက်ပေးခဲ့သူတွေ သူရဲကောင်းဖြစ်ခွင့်မရရှာဘူး။
၃။စစ်တပ်အစိုးရကို အကြပ်ရိုက်စေဖို့  လက်စားချေရေးကို စတင်ကြေငြာတယ်။အာဏာမရတော့ဘူး။ ဘယ်သူက ကိုယ့်သေတွင်းကိုယ်တူးမှာလဲ။ဆန္ဒစောတယ်။
၎။အစိုးရဒုက္ခရောက်ဖို့  ဖြတ်လေးဖြတ်ကို တင်သွင်းတယ်။ပိတ်ဆို့ မှုဒဏ်ကို ခံရတယ်။ ခရိုနီတွေ ။အုပ်ချုပ်သူတွေ ချမ်းသာသွားပြီး ပြည်သူတွေ ကျွန်ဖြစ်သွားတယ်။(ဘယ်သူတာဝန်ရှိတယ်ဆိုတာ သမိုင်းသိသူတိုင်း သိတယ်)
၅။ကျောင်းသားကို အသုံးချဖို့ မလွယ်တော့ ဘုရားသားနှင့်စစ်သားကို ထိပ်တိုက်တွေ့ ခိုင်းတယ်။သူတို့ က ဘေးက ၀န်းရံပါမယ် ။ဘာမယ်။ညာမယ်ပြောတယ်။တကယ်တမ်း ဘုရားသားတော်တွေ ပျံလွန်တော်မူတော့ ပုံးနေတယ်။(ဘာသာရေးဆိုတာ နိုင်ငံရေးမှာ အသုံးချလို့ ရကြောင်းသူများကိုပြောလိုက်တာပဲ)
၆။၂၀၀၈ ဖွဲ့ စည်းပုံကို ကန့် ကွက်တယ်။ဒါကြောင့်ေ၇ွးကောက်ပွဲ မ၀င်ဘူးဆိုပြီးကြေငြာတယ်။
ပါတီကြီးနှစ်ခြမ်းကွဲသွားတယ်။ ဒီမိုကရက်အရင့်အမာကြီးတွေနှင့် အလယ်အလတ်သမားတွေ ဂိုဏ်းကွဲသွားတယ်။(တဘက်ကလည်း အမျိုးသားရင်ကြားစေ့ရေးဆိုပြီး အသံကောင်းဟစ်တယ်။တစ်ဘက်က ထိပ်တိုက်ရင်ဆိုင်ရေးလမ်းစဉ်ကို လက်ကိုင်ထားတယ်။)
ရ။အလျှော့မပေးနိုင်မှန်းသိလာတဲ့အခါ တိုင်းပြည်ကောင်းအောင်လုပ်ဖို့ ဆိုပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ပြိုင်တယ်။တနည်းအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို ရောင်းစားလိုက်တယ်။အောင်မြင်တယ်။သို့ သော်လည်း အမတ်တွေက နိုင်ငံရေးဆိုတာ ဘာလဲကောင်းကောင်းမသိဘူး။ငုတ်တုတ်ထိုင်ပြီး ခေါင်းပေါင်းဝတ်တတ်သူတွေသက်သက်။
၈။လွတ်တော်နိုင်ငံရေးကို အလိုက်သင့်စီးမျောတဲ့အချိန်မှာပဲ ပါတီတွင်းဖြုတ်ထုတ်သတ် လုပ်တယ်။
အပျော့အမာလွန်ဆွဲပွဲမှာ နိုင်ငံေ၇းဂုရု တစ်ချို့  တပ်ခေါက်သွားပြန်တယ်။
၉။ဒူးထောက်ရတာကို အသားကျကျေနပ်လာတဲ့အတွက် အစိုးရက ပြည်သူနှင့်ရန်တိုက်တဲ့ကိစ္စ တော်တော်များများမှာ အစိုးရဘက်က ၇ပ်တည်တယ်။
၁၀။ဆန့် ကျင်ဖို့ နည်းလမ်းရှာမရတော့ အပြစ်လွတ်နိုင်တဲ့ ဗမာ၊မြန်မာ ကိစ္စကို အကြောင်းပြုပြီး အစိုးရနှင့် အတိုက်အခံဖြစ်ဆက်လက်ရှိနေသေးကြောင့် ပြည်သူသိအောင်လုပ်တယ်။ခက်တာက သမိုင်းကို မသိတာပဲ။မြစေတီကျောက်စာလောက်တော့ ဖတ်ဖူးရမယ်။
၁၀။လူ့ အခွင့်အရေးဆိုတာကို ကိုင်ဆွဲပြီး အနောက်နိုင်ငံကို မက်လုံးပေးခဲ့သူဆိုတော့ အမျိုးသားနိုင်ငံရေးကို မျက်ကွယ်ပြုခဲ့တယ်။ဒါကိုသိတဲ့ အခြားနိုင်ငံရေးသမားတွေကလည်း အမျိုးသားရေးနှင့် တိုက်ခိုက်တယ်။ လူများစု လူနည်းစုဆိုတဲ့ စကားက သမိုင်းဝင်သွားပေမဲ့။ပြည်သူတွေနှင့်ဝေးကွာသွားတယ်။အထူးသဖြင့် တိုင်းရင်းသားတွေက လက်မခံနိုင်ဖြစ်သွားတယ်။
၁၁။နိုင်ငံရေးသွေးပျက်ချိန်ကို ရင်ဆိုင်လာရတဲ့အခါ အခါတော်ပေး ကွန်မြူနစ်ကြီးများရဲ့ လေသံအတိုင်း မဲမဲမြင်ရာ ရမ်းတယ်။
၁၂။ကုလားကို ကုလားလို့ မခေါ်ရင် ဘယ်လိုခေါ်ရမလဲ။ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ကုလားလို့ ပဲခေါ်ခဲ့တာ။ကုလားကလည်း ဒီလိုခေါ်တာကို နားလည်ပြီးသား။
၁၃။အရည်မရ အဖတ်မရ အပေါ်ယံစကားတွေနှင့် နိုင်ငံရေးကို ခင်းကျင်းနေတယ်။ဒါကိုပဲ လက်ခုပ်တီးနေသူတွေရှိတယ်။
၁၄။ဖွဲ့ စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရေးအတွက် ဘယ်လောက်ပြင်ဆင်ပြီးပြီလဲဆိုတာ သံသယဖြစ်စရာကောင်းလွန်းတယ်။ဒါက ကိုယ့်ဖက်က ကျိုးကြောင်းခိုင်လုံစွာရေးဆွဲထားပြီးမှ အခြားလက်မခံနိုင်သူတွေကို ချောင်ပိတ်ပြီး ခေါင်းညိမ့် ခိုင်းရမဲ့ကိစ္စြ့ဖစ်တယ်။ကိုယ်လိုခြင်တာကို တိတိကျကျ ဥပဒေနည်းလမ်းတကျ ကြိုတင်ရေးဆွဲ၇မယ့်ကိစ္စ။
၁၅။စကားများများပြောသူအတွက် အစိုးရက ပြန်ပြီး ထောက်စရာရအောင်ပေးလိုက်တဲ့ရာထူးက
တရားဥပဒေစိုးမိုးရေးကော်မတီ။ခက်တာက ကိုယ်တိုင်စီမံနိုင်ခွင့်ကိုပေးထားတာတောင် မလုပ်နိုင်တာပဲ။လက်တွေ့ အားဖြင့် အလုပ်မဖြစ်တောင် အခုကတည်းက လုပ်ငန်းအစီအစဉ်၊လုပ်နည်းလုပ်ဟန်များကို ကြိုတင်ပြုစုထားသင့်တယ်။သို့ မှသာ ကိုယ့်မှာ စီရင်ခွင့်အာဏာရလာတဲ့အခါ အဆင်ပြေနို်င်မယ်။
အထက်ပါအချက်များက သူများအမြင်နှင့်တူချင်မှတူနိုင်မယ်။သို့ သော်လည်း ကျွန်တော်က သူများလို ဘုမသိဘမသိတော့ ခေါင်းမညိမ့်နိုင်ဘူး။အလုပ်နှင့်သက်သေပြတာလေးကိုတော့ မြင်ချင်သေးတယ်။အပြောကောင်းတာလေးတစ်ခုနှင့် ကျုပ်က လက်မခံနိုင်ဘူး။
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...