ထားခဲ့ပြီလား
သွားရက်သူတို့နောက်မှာ
လမ်းမဆိုတာ ခြေရာကိုသာထမ်းပိုးခွင့်ရှိတယ်...
တိတိပပကြေကွဲမှုအဆုံး
နှင်းတွေဖုံးတဲ့သစ်ညိုပင်အောက်
ရင်ထဲကမီးတောက်က ပူလွန်းတယ်...
အေးစက်ကိုက်ခဲနေတဲ့ခန္ဓာ
စိတ်စေရာနောက်မလိုက်လာတဲ့အခါ
အလွမ်းဆိုတာ
ကဗျာမဆန်ပါဘူးချစ်သူ...
တင်းကြပ်မွန်းဆို့နေတဲ့ အသက်ရှုသံအကြား
ရင်ခုန်သံတွေက ခါးလွန်းတေယ်
ရက်စက်တယ်လို့ မဆိုရက်ဘူး
အချစ်ရူးအတွက် တကမ္ဘာလုံးမူးခဲ့ပြီ...
ထွက်သွားနိုင်သူအတွက်
နုတ်ဆက်ဖို့ နှလုံးသားကိုမီးမြိုက်ပူဇော်
မင်းပျော်ပါစေ...ချစ်သူ
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...