ခါးတယ်


ဖြည်းဖြည်းလေးလည်းသေလို ့ရပါတယ်
ဘာ့ကြောင့်များ
ဘဝက တိတိကျကျကြီးလွဲရတာလဲကွယ်
ဆက်လျောက်ရမယ့်ခရီးဆိုပေမယ့်
ခြေလှမ်းတွေကိုဆွဲငင်ထားတဲ့ကြိုးကတင်းလွန်းတယ်
ကိုယ်တိုင်အားတင်းရင်းနဲ ့ပဲ
အလဲလဲအကွဲကွဲရပ်တည်မှုများအကြား
သံသယတွေနဲ ့ခါးလာတယ်......
တက်လမ်းတွေကို ဥပက္ခာပြုရင်း
ရှင်သန်ခြင်းကိုမွေးမြူ
ငါဆိုတဲ့သူ လူပီသဖို ့စဉ်းစားရင်း
မိုက်တွင်းဆိုတာ တစ်ခါလေးဆင်းလိုက်ယုံလေးနဲ ့ပဲ
တစ်သက်လုံးလည်း ပြန်ထဖို ့မလွယ်နိုင်တာသိလာတယ်...
ရပ်တည်မှုဟာ ပညာအပေါ်မှီခိုထားတဲ့ဘဝအကြောင်း
ကျွန်တော်ကတော့ ကျွဲအနားမှာ စောင်းတီးမိခဲ့ပါပြီ
ဝန်ထုပ်ဝန်ပိုးများကိုထမ်းပိုးရင်း
ရှင်သန်ခြင်းမှာ နှလုံးသားပါမလာခဲ့ဘူး.....
ပျံသန်းရင်းသေတဲ့ငှက်တွေအကြား
အမြီးဖျားကတွဲလောင်းခိုလိုက်လာတဲ့တာဝန်
မင်းတို ့အတောင်တွေညောင်းတဲ့အခါ
ငါလိုက်လာမှာပါလို ့ ပြောရင်း
ကျွန်တော့်ဆောင်းတွင်းက ရှည်လျားလွန်းတယ်...
ဖြစ်နိုင်မယ်ဆိုရင်
အသွင်မတူတဲ့ဘဝနှစ်ခုအကြားက
အဲ့ဒီ သစ္စာတရားကိုယ်တိုင်ကကို
ခါးလာတယ်....

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...