စနစ်တကျ ချည်နှောင်ထားခံလိုက်ရတဲ့အခါ
ဘဝဟာ ရှင်သန်နေလျှက် မကြီးထွားနိုင်ဘူး
ရင့်ကျက်လာသမျှ မဖွံ ့ဖြိုးနိုင်ဘူးပေါ့လေ..
လှပါတယ်
အိမ်ရှေ ့ခန်း ပွဲထုတ်ပြသထားလိုက်ယုံလေးနှင့်
အဖြည့်ခံပြည်စုံပြနေရတဲ့ဘဝ
ပန်းအိုးထဲက မထွက်နိုင်ဘူး...
ရှေးဆိုရိုးစကားအတိုင်းဆိုပါတော့
ကျွန်တော့်ပိုးတွေသာကုန်သွားတယ်
အိမ်ကြီးရှင်မောင်ပုံကတော့
တစ်သက်တာ စောင်းတတ်နိုင်လိမ့်မယ်မထင်...
ဖြစ်နိုင်မယ်ဆိုရင်
ထွက်ပြေးချင်လာတဲ့စိတ်
တိတ်တိတ်လေးတောက်ခတ်တတ်ခဲ့တာ
ကြာပေါ့....
အပွင့်တွေ ကြွေကြွေပြနေရတာလောက်
ဟောဒီအပင်အတွက် ခါးတာမရှိဘူး
သစ္စာတရား ကဒ်ကြေးလေးနှင့် သင်းကွပ်ရင်း
တာဝန်ယူမှု သံကြိုးလေးတွေချည်နှောင်ရင်း
ကြီးပြင်းမှုတွေကို စားသုံးသွားခဲ့ပြီ..
ထားလိုက်ပါဆိုတဲ့စကားကို အခါခါဆိုရင်း
အိပ်စက်ခြင်းကို အတွေးအချို ု ့က ခိုးယူသွားတယ်
ငါမပိုင်တဲ့ ငါ့အပြုံးတွေအတွက်
ငါမပေးချင်လည်း ပေးလိုက်ရတဲ့စာနာမှု
အခုတော့လည်း နှောင်ကြိုးထဲမှာပဲ ကြီးပြင်းခွင့်ရှိတယ်...
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...