နည်းနည်းလေးဖောကြည့်မယ်(၁)….
ကျန်းမာရေးစနစ်ရဲ့ အဓိက ရည်မှန်းချက်ဆိုတာ တကယ်တော့ လူတိုင်း ကိုယ်၊စိတ်၊လူမှု သုံးပါးလုံး ချမ်းမြေ့ ပျော်ရွင်စွာနေနိုင်ရေးပဲဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်တော်တို့  ဘာတွေကို မျှော်မှန်းကြမလဲ။ ဘာတွေလိုချင်လဲဆိုတာ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ လိုအပ်ချက်တိုင်းကို တစ်ခါတည်း ပြည့်စုံအောင် ဆောင်ရွက်လို့ မရလို့ ပါဘဲ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီးကတော့ အဓိက လေးပိုင်းကို ဦးတည်ချက်ထားပါတယ်။
၁။ လူတိုင်း နေရာတိုင်း အခြေအနေတိုင်း သာတူညီမျှသော ကျန်းမာရေးစောင့်ရှောက်မှုရရေး
၂။ ပြည်သူလူထုရဲ့ တုန့် ပြန်မှုကောင်းမွန်ရေး
၃။ငွေကြေးဆိုင်ရာ ဖိစီးမှု လျှော့ကျရေး နှင့်
၎။ ပြည့်စုံလုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုဖြစ်စေရေး တို့ ပါပဲ။
အဲ့နေရာမှာ ပြောစရာတစ်ခုရှိလာတာက လိုချင်တိုင်းမရနိုင်တာ လောကဓမ္မတာဖြစ် ပါတယ်။
လိုချင်တာတွေကို တောင့်တနေယုံလေးနှင့် ကျွန်တော်တို့  မရနိုင်ပါဘူး။ ရအောင်ယူဖို့  နည်းလမ်းတွေကို အထူးသဖြင့် အလုပ်ဖြစ်နိုင်တဲ့ နည်းလမ်းတွေကို စဉ်းစားရပါတယ်။
ဘယ်လိုနည်းလမ်းတွေနှင့် ရအောင်ယူမလဲ..အတွင်းအပြင် စွမ်းရည်တိုးမြှင့်ခြင်းလုပ်ငန်း များစွာကနေ ယူနိုင်ရမှာဖြစ်ပါတယ်။ အတွင်းအပြင်ဆိုတာ ဘာလဲဆိုတော့
အတွင်းဆိုတာ ၀န်ဆောင်မှုပေးသူ သို့ မဟုတ် ကျန်းမာရေးစောင့်ရှောက်သူဘက်မှာ ရှိနေရမဲ့ အချက်တွေပါပဲ။ အဲဒါတွေကတော့ ကျွန်တော်တို့ ပေးလိုက်တဲ့ ကျန်းမာရေးစောင့် ရှောက်မှုဟာ ပြည်သူလူထုအတွက် တကယ်ပဲ အရည်အသွေးရှိရပါမယ်။ ထို့ အတူ ပြည်သူလူထုအတွက် စိတ်ချလုံခြုံမှု ရှိရပါမယ်။ အပြင်ဆိုတာကတော့ ကျွန်တော်တို့ ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း နယ်ပယ်ဟာ လူတိုင်းလက်လှမ်းမှီရပါမယ်။ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ လူသားတိုင်းရဲ့ မွေးရာပါ အခွင့်အရေးအရ သင့်တင့်ညီမျှသော ကျန်းမာရေးစောင့်ရှောက်မှု ကို ရရှိခံစားခွင့် ရှိရပါမယ်။ ထို့ အတူ ကျွန်တော်တို့ ရဲ့  ကျန်းမာရေးစောင့်ရှောက်ပေးနိုင်တဲ့ နယ်ပယ်ဟာ ကျယ်ပြန့် ကြီးမားရပါမယ်။ တောင်ပေါ်ဖြစ်စေ မြေပြန့် ဖြစ်စေ ကမ်းရိုးတန်းဒေသဖြစ်စေ ကျန်းမာရေးစောင့်ရှောက်မှု ကို ပေးနိုင်ရပါမယ်။
ဒါက လုပ်ချင်တဲ့နည်းလမ်း သက်သက်ပဲဖြစ်ပါတယ်။ နည်းလမ်းတွေပဲရှိပြီး အရင်းအမြစ်မရှိရင်တော့ အလကားပါပဲ။
ဒါဆိုကျန်းမာရေးစောင့်ရှောက်မှုအတွက် ဘယ်လိုအရင်းအမြစ်တွေလိုအပ်ပါသလဲ။
အဲနေရာမှာတော့ လေးပိုင်းရှိပါတယ်။ အဲ့ဒါတွေကတော့ ဦးဆောင်မှု၊အရင်းအမြစ်၊ငွေကြေး နှင့် ၀န်ဆောင်မှု တို့ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ နည်းလမ်းကောင်းတွေရှိနေပါစေ၊ အရင်းအမြစ်တွေ ကြွယ်ဝနေပါစေ ဦးဆောင်သူမရှိရင် စီမံခန့် ခွဲမှုမရှိရင် အဟောသိကံ ဖြစ်မှာပါပဲ။ ဦးဆောင်သူဆိုတဲ့နေရာမှာ ဌာနဆိုင်ရာအဆင့်မြင့် ရာထူးတွေကို ဆိုလိုတာ မဟုတ်ပါဘူး။ ကျေးလက်တောရွာလေးအတွက် အရံသားဖွားလေးတစ်ယောက်၊ သားဖွားဆရာမလေးတစ်ယောက်ကလည်း ပြည်သူအတွက် ဦးဆောင်သူဖြစ်ပြီး သူကိုင်တွယ်ရတဲ့ ဒေသရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို စီမံခန့် ခွဲခွင့်ရှိသူဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်နေသူတိုင်းဟာ ဦးဆောင်သူ စီမံခန့် ခွဲသူများသာ ဖြစ်ပါတယ်။ဒါကြောင့် စီမံခန့် ခွဲမှုတိုင်းရဲ့  အဆင်ပြေမှု ကောင်းမွန်မှုက သူကိုင်တွယ်ရတဲ့ အခန်းကဏ္ဍအတွက် အောင်မြင်ခြင်းကို ယူဆောင်လာနိုင်ပါတယ်။
နောက်တစ်ပိုင်းကတော့ အရင်းအမြစ်ပါ။ အဲ့နေရာမှာ ကျွန်တော်တို့ အမြဲပြောလေ့ရှိနေတာက လူအင်အား၊ပစ္စည်းအင်အား ဆိုတာပဲဖြစ်ပါတယ်။ တကယ်တမ်းအရေးကြီးတာက သတင်းအချက်အလက်ဖြစ်ပါတယ်။ သတင်းအချက်အလက်ကလည်း တကယ်တော့ အရင်းအမြစ်တစ်ခုပါပဲ။ ကောင်းမွန်တဲ့ကျန်းမာရေးစနစ်ကို လိုချင်ရင် တိကျမှန်ကန် မြန်ဆန်တဲ့ သတင်းအချက်အလက်တွေ အထက်အောက် ဘေးဝဲယာ စီးဆင်းနေရပါမယ်။ အထက်အဆင့်က သတင်းအချက်အလက်တွေက အောက်ခြေအဆင့် လက်တွေ့ လုပ်ကိုင်ဆောင်ရွက်နေသူလက်ထဲ အချိန်နှင့်တပြည်းညီ ရောက်ရှိရမှာဖြစ်ပါတယ်။ထို့ အတူ အောက်ခြေက တကယ်အလုပ်လုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့  မြေပြင်အခြေအနေမှန်ကလည်း အထက် အဆင့်ဆင့်ကို တပြည်းညီရောက်ရှိနေရပါမယ်။
လူသားအရင်းအမြစ်ဆိုတဲ့နေရာမှာ ပင်မကျန်းမာရေးစောင့်ရှောက်သူများသာမက ပြည်သူလူထု ပူးပေါင်းပါဝင်မှု၊ ဌာနဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ စသည်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်အတွင်း ပါဝင်ပတ်သက်နေသူတိုင်း အရည်အချင်းပြည့်ဝပြီး ပြည်သူကို စောင့်ရှောက်မှုအမှန်တကယ်ပေးအပ်နိုင်တဲ့ အရည်အတွက် ရှိရပါမယ်။
ပစ္စည်းအင်အား ဆိုတဲ့နေရာမှာတော့ ပင်မကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာပစ္စည်းများ သာမက ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ရာမှာ အမှန်တကယ်သုံးစွဲနေရတဲ့ ပစ္စည်းအားလုံးကို ဆိုလိုပါတယ်။ မိုးရေထဲမှာ ကာကွယ်ဆေးသွားထိုးရမယ့် ဆရာမလေးဝတ်ဖို့  မိုးကာအင်္ကျီတစ်ထည်ကလည်း ကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်တဲ့ပစ္စည်းပဲဖြစ်ပါတယ်။
ငွေကြေးကတော့ အထူးပြောစရာမလိုပါဘူး။ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်တစ်ခုလုံးမှာ ငွေမရှိရင် ဘာမှလုပ်မရပါဘူး။ဒါကြောင့် ငွေကြေးဆိုင်ရာ ရငွေများရှာဖွေခြင်း၊ထိမ်းသိမ်းခြင်း နှင့် သုံးစွဲခြင်းကိစ္စရပ်များက ပွင့်လင်းမြင်သာပြီး သိပ္ပံနည်းကျ တွက်ချက်ချိန်ဆထားရှိရပါမယ်။
နောက်ဆုံးကတော့ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ ၀န်ဆောင်မှုဖြစ်ပါတယ်။ ပြည်သူလူထုဆိုတဲ့ နေရာမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူ ကိုယ်တိုင်ကလည်း ပြည်သူဖြစ်နေတာကို မမေ့ဖို့ လိုပါတယ်။ ၀န်ဆောင်မှုကိုပေးတဲ့ အခါမှာတော့ အဓိကလိုအပ်နေသူကို အဓိကလိုအပ်နေတဲ့ကိစ္စအတွက် အဓိက၀န်ဆောင်မှုပေးသူက အဓိကလိုအပ်နေတဲ့ အချိန်ကာလနှင့်နေရာဒေသမှာ ပေးအပ်နိုင်ဖို့ ဖြစ်ပါတယ်။ဆိုလိုတာက ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဆိုတာ လိုနေတဲ့သူကို လိုနေတဲ့အချိန် လိုအပ်နေတဲ့ဒေသမှာ လိုအပ်တဲ့ပမာဏ နှင့် လိုအပ်တဲ့စောင့်ရှောက်မှုကို လိုအပ်တဲံသူဆီက ရရှိဖို့ ဖြစ်ပါတယ်။
အပေါ်မှာ ရေးထားသမျှအားလုံးကတော့ သီအိုရီဆိုင်ရာ ကိစ္စရပ်နှင့် ရည်မှန်းချက်ဖြစ်ပါတယ်။
ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တော်တော်များများမှာ မဟာဗျူဟာချမှတ်သူတွေ နည်းဗျူဟာ ရေးဆွဲသူတွေ မေ့နေတာကတော့ ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်သူတွေ ကိုယ်တိုင်က ပြည်သူလူထုထဲက ပြည်သူဖြစ်နေပါတယ်ဆိုတဲ့အချက်ပါပဲ။ ထို့ အတူ ကျန်းမာရေးစောင့်ရှောက်မှုကို ပေးနေသူကိုယ်တိုင်ကလည်း မိမိဟာ တစ်ချိန်တည်းမှာ ကျန်းမာရေးစောင့်ရှောက်မှုကို လိုအပ်နေတဲ့ ပြည်သူဖြစ်နေပါတယ်ဆိုတဲ့ အချက်ပါပဲ။
နည်းနည်းဖောကြည့်မယ်(1)
Subscribe to:
Post Comments (Atom)
စံပြုအချက်အလက်များ android application
စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...
-
စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...
-
Differential Diagnosis: Symptoms, Signs, and Conditions: Introduction This chapter is a general guide to commonly encountered symptoms and ...
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...