စီမံခန့်ခွဲရေး

စီမံခန် ့ခွဲရေး

စီမံခန် ့ခွဲရေးဆိုင်ရာ သီအိုရီများ ထင်မြင်ယူဆချက်များ အဓိပ္ပါယ်များ အစရှိသဖြင့် စီမံခန် ့ခွဲရေးကိစ္စများနှင့်ပတ်သက်ပြီး အမျိုးမျိုး ရှိပါတယ်။ ထို ့အတူ အချို ့က စီမံခန် ့ခွဲရေးဆိုတာ မြို ့ပြစနစ်ထူထောင်လာတဲ့အချိန်မှာ စတင်တယ်လို ့ဆိုကြပြီး အချို ့ကတော့ စီမံခန် ့ခွဲရေးဆိုတာ ကမ္ဘာဦးလူသားတွေရှှိစဉ်ကတည်းက စတင်တယ်လို ့ဆိုကြပါတယ်။ အမြင်နှစ်ခုလုံးက မှန်နေပါတယ် ဘာကြောင့်လဲဆိုတော့ လူသားဆိုတာ တွေးတောစဉ်းစားသောသတ္တဝါဖြစ်နေလို ့ပါပဲ။

စီမံခန် ့ခွဲရေးဆိုင်ရာ ရာထူးရယူထားသူများဟာ စီမံခန် ့ခွဲရေးဆိုင်ရာ ကိစ္စရပ်များမှာ ကျွမ်းကျင်လိမ္မာလေ့ရှိပါတယ်။ သို ့သော် အချို ့သော စီမံခန် ့ခွဲသူများကတော့ မိမိတို ့ကိုယ်တိုင်တော့ စီမံခန် ့ခွဲဖို ့ မေ့နေလေ့ရှိပါတယ်။ ဒီနေရာမှာ ပြောစရာတစ်ခုရှိတာက စီမံခန် ့ခွဲမှုဆိုတာ တခြားသူတွေကို စီမံခန် ့ခွဲတာလေ ဆိုပြီး ထင်မြင်ယူဆတတ််ကြပါတယ်။ တကယ်တော့ စီမံခန် ့ခွဲမှု ခေါင်းစဉ်ကြီးအောက်မှာ အတွေးအမြင်ဆိုင်ရာစီမံခန် ့ခွဲခြင်း(spiritual management) ၊ စိတ်လှုပ်ရှားသက်ဝင်မှှုကို စီမံခန် ့ခွဲခြင်း (emotional management)၊ အချိန်စီမံခန် ့ခွဲမှု( time management)၊ ဘဝဆိုင်ရာစီမံခန် ့ခွဲမှု( life style management) အစရှိသဖြင့် အလွန်များပြားလွန်းပါတယ်။ ကျွန်တော် ကျွန်မတို ့ကတော့ စီမံခန် ့ခွဲမှုမှာ ကျွမ်းကျင်လိမ္မာ ပါပြီ ဆိုတာကို စီမံခန် ့ခွဲမှုဆိုင်ရာ ပညာရှင်များကတော့ ဘယ်တော့မှ မပြောကြပါဘူး။ ဘာကြောင့်လဲဆိုတော့ စီမံခန် ့ခွဲမှုဆိုတာ အချိန်ကာလ နေရာဒေသနှင့်အမျှ အမြဲတမ်း သစ်လွင်ဆန်းကြယ်နေလို ့ပါပဲ။

ဒီအထဲမှာမှ စီမံခန် ့ခွဲသူများက မိမိကိုယ်ကို စီမံခန် ့ခွဲဖို ့မေ့လျော့နေတတ်တာ မဆန်းပါဘူး။

မိမိကိုယ်ကို စီမံခန် ့ခွဲခြင်းဆိုတာ ဘာလဲ ဘာကြောင့်လဲ ဆိုတာ အရေးကြီးပါတယ်။

စီမံခန် ့ခွဲမှုပြုလုပ်နေကြသူများဟာ သူတစ်ပါးကို စီမံခန် ့ခွဲနေရင်း မိမိကိုယ်ကို စီမံခန် ့ခွဲဖို ့မေ့နေကြပါတယ်။ မလိုဘူးလို ့လည်း ထင်နေတတ်ကြပါတယ်။ တကယ်ဆိုရင် စီမံခန် ့ခွဲသူများက ပိုပြီးလိုအပ်ပါတယ်။

မိမိကို်ယ်ကို စီမံခန် ့ခွဲခြင်း (self management) ဆိုတာကတော့ မိမိကိုယ်ကို သိမြင်ခြင်း၊ မိမိရဲ ့ အားနည်းချက်များ အားသာချက်များကို စဉ်ဆက်မပြတ် သတိပြုမိနေခြင်း၊ မိမိရဲ ့ တိုးတက်မှုအခွင့်အလမ်းကို ရှာဖွေခြင်း၊ မိမိကိုယ်ကို စဉ်ဆက်မပြတ် သုံးသပ်ဝေဖန် စမ်းစစ်ခြင်း၊ မိမိရဲ ့လုပ်ကိုင်ဆောင်ရွက်မှုများဟာ ကြောင်းကျိုးညီညွတ်မှု ရှိ/မရှိ နှင့် ကျင့်ဝတ်ဆိုင်ရာကိစ္စများမှ သွေဖီမှု ရှိ/မရှိ သုံးသပ်ခြင်း၊ မိမိကိုယ်တိုင် တွန်းအားဖြစ်စေခြင်း နှင့် စောင့်ထိန်းခြင်း၊ မိမိရဲ ့ဘဝနှင့်အလုပ်ကို ချိန်ဆနိုင်ခြင်းတို ့ ဖြစ်ပါတယ်။

မိမိကိုယ်ကို စီမံခန် ့ခွဲခြင်း အတွက် မလွှဲမသွေ မှတ်ထားရမှာကတော့ မိမိကို ဆုံးဖြတ်တဲ့အချက်တွေကတော့ မိမိဘယ်သူလဲဆိုတာထက် မိမိကို အခြားသူတွေက ဘယ်လိုမြင်သလဲဆိုတာ အဓိကကျပါတယ်။ မိမိ ဘာပြောသလဲဆိုတာထက် မိမိကို သူများတွေ ဘာပြောနေသလဲ ဆိုတာ အဓိကကျပါတယ်။ မိမိဘာလုပ်သလဲ ဆိုတာထက် မိမိဘာလုပ်နေတာနှင့်တူသလဲဆိုတာက ပိုအရေးကြီးပါတယ်။

မိမိကိုယ်ကို စီမံခန် ့ခွဲတဲ့အခါမှာ ဘာတွေအရေးကြီးသလဲဆိုတော့ ဗျူဟာမြောက် လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်း ၊ ကမ္ဘာကြီးနှင့်ချီပြီး သုံးသပ်နိုင်ခြင်း( အမြင်ကျယ်ခြင်း)၊  အများနှင့်စုပေါင်းလုပ်ကိုင်နိုင်စွမ်းရှိခြင်း၊စီမံဆောင်ရွက်တတ်ခြင်း နှင့် အုပ်ချုပ်နိုင်စွမ်း ရှိခြင်း၊ ဆက်သွယ်ဆောင်ရွက်တတ်ခြင်း(လူပေါင်းဆံ့ခြင်း)၊ဝေဖန်အကြံပြုချက်များကို လက်ခံနိုင်စွမ်းရှိခြင်း တို ့မဖြစ်မနေ ရှိရပါမယ်။ အထက်ဖော်ပြပါ အချက်တို ့ကို အသေးစိတ် ဖွင့်ဆိုရှင်းလင်းထားမှုများရှိသော်လည်း စာလေးမှာ စိုးတဲ့အတွက် ချန်ထားခဲ့ပါတယ်။နောက်များ အချိန်ရရင် အသေးစိတ်ရေးချင်ပါသေးတယ်။

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...