ကိုယ်ရည်ကိုယ်သွေး
ကိုယ်ရည်ကိုယ်သွေးဆိုတဲ့အကြောင်းကို မပြောခင် ရေခဲကျွန်းဖြစ်ရပ်များဆိုတဲ့ သီအိုရီိကို ပြောချင်ပါတယ်။ ရေခဲကျွန်းသီအိုရီကို စာရေးဆရာကြီး အားနက်ဟဲလ်မင်းဝေးက စတင်အသုံးပြုခဲ့တယ်လို ့ ဖော်ပြလေ့ရှိပါတယ်။ ဆရာကြီးကတော့ သူ ့ကျင်လည်ရာ ပတ်ဝန်းကျင် စာရေးသားခြင်း ကိစ္စများမှာ အသုံးပြုခဲ့ပေမဲ့ နောက်များမှာတော့ လူမှုပညာရှင်များ၊ အုပ်ချုပ်သူများ၊ စီမံခန် ့ခွဲရေး ဆိုင်ရာပညာရှင်များ၊ ကပ်ရောဂါဆိုင်ရာပညာရှင်များ၊ နိုင်ငံရေးကျွမ်းကျင်သူများက အကျယ်တဝင့် မိမိတို ့နယ်ပယ်များမှာ ပြန်လည် အသုံးချခဲ့ကြပါတယ်။
ပင်လယ်ထဲမှာ မျောနေတဲ့ ရေခဲတုံးကြီးကို မြင်ရတဲ့အခါ သူ ့ရဲ ့ ၁ဝရာခိုင်နုန်းလောက်ကိုပဲ မျက်မြင်ရေပြင်ပေါ်မှာတွေ ့နေရပေမဲ့ တကယ်တော့ အဲ့ဒီ ရေခဲတုုံးကြီးဟာ ရေအောက်မှာ ၉၀ ရာခိုင်နုန်းလောက်ရှိနေပါတယ်။ ဆိုလိုတာက အဖြစ်အပျက် အကြောင်းအရာတစ်ခုကို မြင်တွေ ့နေရသော်လည်း ထိုမြင်နေရတဲ့ အဖြစ်အပျက်ကို ဖြစ်စေတဲ့ ၁ဝရာခိုင်နုန်းထက် အောက်မှာကွယ်ပျောက်နေတဲ့ ၉ဝရာခိုင်နုန်းသော အကြောင်းအရာတွေက ပိုပြီး အရေးကြီးပါတယ်။ဥပမာ ဆိိုကြပါစို ့ ဝက်သက်ရောဂါဖြစ်ပွား တဲ့ ကလေးငယ်အသစ်တစ်ယောက်ကို တွေ ့ရှိပြီဆိုရင် သူနေထိုင်ရာပတ်ဝန်းကျင်မှာ မသိသေးတဲ့ ရောဂါဖြစ်ဖွယ်ရှိတဲ့ ကလေးငယ်ပေါင်း ထောင်ချီကို စဉ်းစားကြရပါတယ်။ ဒါကိုလည်း ရေခဲကျွန်းသီအိုရီတစ်ခုလို ့ ကပ်ရောဂါပညာရှင်များက သတ်မှတ်ပါတယ်။
ကျွန်တော် အဓိကပြောချင်တာက လူတစ်ဦးချင်းစီမှာဖြစ်နေတဲ့ ကိုယ်ရည်ကိုယ်သွေးကို ပြောချင်တာပါ။ဒါဆို မဆိုင်တဲ့ ရေခဲကျွန်းတွေ ရေခဲတုံးတွေ ဘာလို ့လျှောက်ရေးနေတာလဲလို ့ မေးစရာရှိပါတယ်။ ဟုတ်ကဲ့ တကယ်တော့ ကျွန်တော်တို ့မြင်တွေ ့ဆက်ဆံနေရတဲ့ လူတိုင်းဟာ သူတို ့ရဲ ့ ၁ဝရာခိုင်နုန်းသော သွင်ပြင် လက္ခဏာကိုသာ ကျွန်တော်တို ့အကြမ်းအားဖြင့် မြင်ကြရလို ့ပါပဲ။ သွင်ပြင်ဆိုင်ရာ ဖြစ်တည်မှုများဟာ အမြင်သက်သက်သာဖြစ်ပါတယ်။ ထိုအသွင်အပြင်ကို ဖြစ်ပေါ်လာစေတဲ့ နောက်ခံအကြောင်းအရာပေါင်းများစွာ တည်ရှိနေပါတယ်။ အသွင်အပြင် ကို တွေးတောစဉ်းစားကြတဲ့အခါမှာ ကိုယ်ရည်ကိုယ်သွေးကို တိုင်းတာကြတဲ့အခါမှာ ဒေါင်လိုက်တိုင်းတာခြင်း၊ အလျှားလိုက်တိုင်းတာခြင်း နှင့် ရေခဲကျွန်းသီအိုရီဆိုပြီး အမျိုးမျိုး ခွဲခြမ်းစိတ်ဖြာကြပါတယ်။ အလျှားလိုက်တိုင်းတာခြင်းမှာတော့ ကျွန်တော်တို ့ ဘိုးဘေးလက်ထက်ကတည်းက ဆုံးဖြတ်သလိုပါပဲ…အလေ့အကျင်ကနေ အလေ့အထဖြစ်လာတယ်..ထို အလေ့အထလေးတွေကနေ အမူအကျင့်ဖြစ်လာတယ်..ထိုအမူအကျင့်လေးတွေကို စုပေါင်းလိုက်တယ်အခါ သွင်ပြင်လက္ခဏာဖြစ်လာတယ်..ထို သွင်ပြင်လက္ခဏာများကို စုပေါင်းလိုက်တဲ့အခါ ပတ်ဝန်းကျင်ကဆုံးဖြတ်တဲ့ ကိုယ်ရည်ကိုယ်သွေးဖြစ်လာပါတယ်။
ရေခဲကျွန်းသီအိုရီမှာတော့ လူသားတစ်ဦးရဲ ့ကိုယ်ရည်ကိုယ်သွေးဆိုတာ သူရဲ့ အတွင်းစိတ်မှာရှိနေတဲ့ ခံယူချက်၊သဘောထား၊ကျင့်ဝတ်၊တန်ဖိုးထားမှု၊စေ့စော်မှုတွေ၊ယုံကြည်မှုတွေက တွန်းတင်လိုက်တဲ့ အတွက် ဖြစ်တည်လာသော အကျိုးသက်ရောက်မှုဖြစ်ပါတယ်။
တကယ်လိုများ အောက်မှာတည်ရှိနေတဲ့ အခြေခံအချက်အလက် သဘောထားတွေ ပိုမိုများပြား ပြင်းထန်လေလေ အပေါ်ပိုင်းမှာ မြင်တွေ ့ရတဲ့ သွင်ပြင်လက္ခဏာ ထင်ရှားလေလေဖြစ်ပါတယ်။ အကယ်လို ့ ထိုသူမှာ တိုက်ခိုက်လိုစိတ်လည်း ပြင်းပြတယ် ၊ ကိုယ်မှန်တယ်ထင်ရင် နောက်မဆုတ်တတ်တဲ့ တယူသန်စိတ်လည်းရှိတယ်၊ ယုံကြည်ချက်ကလည်း ခိုင်မာပြင်းထန်တယ်၊ သူတပါးအပေါ်လည်း အကောင်းမြင်စိတ်နည်းတယ်၊ တန်ဖိုးထားမှုကိုလည်း တသမှတ်တည်း ထားတယ် ဆိုရင်တော့ အများအမြင်မှာ တကယ့်ဘုကန် ့လန် ့ အချိုးမပြေတဲ့သူအဖြစ် မြင်ရမှာပါပဲ။ ဥပမာ ကျွန်တော်လိုလူမျိုးတွေ။ ထိုကား စကားချပ်တည်း..
တခြားနည်းကတော့ ထိုသူမှာ ကိုယ်ပိုင်ခံယူချက်လည်း မရှိ၊ စေ့စော်မှုလည်းနည်းပါးပြီး ၊ သူတပါးအပေါ် လွမ်းမိုးလိုစိတ်နည်းပါးတယ် ဆိုရင်တော့ အများအမြင်မှာ ပျော့ညံ့သူအဖြစ် မြင်နေရမှာပါပဲဖြစ်ပါတယ်။
စီမံခန် ့ခွဲသူတွေအတွက် တကယ်အရေးကြီးတဲ့ ရေခဲကျွန်း သီအိုရီကတော့ မိမိတို ့ရဲ ့ အသိပညာနှင့် ကျွမ်းကျင်မှု အတတ်ပညာကို သာ အများကမြင်နိုင်ပါတယ်။ မိမိရ ဲ ့ခံယူချက်ကို အများက မမြင်နိုင်ကြပါဘူး။ သို ့သော်လည်း မိမိတို ့ရ ဲ ့ ခံယူချက်ကသာ မိမိတို ့ရဲ ့အသိပညာနှင့် အတတ်ပညာကို တိုးပွားမြင့်မားစေတာဖြစ်ပါတယ်။
စီမံခန် ့ခွဲရေးပညာရှင်တွေက အင်္ဂလိပ်အက္ခရာများကို ဂဏန်းအဖြစ် အသွင်ပြောင်းပြီး တန်ဖိုးတွက်ကြည့်ကြပါတယ်။ ဥပမာဆိုရင်တော့ SKILL= 19+11+9+12+12+19=82 ပေါ့ ..အဲ့လို ပေါင်းလိုက်တဲ့အခါ ဘဝကို အမှတ်ပြည့်ပေးနိုင်တဲ့အချက်ကတော့ ATTITUDE ဖြစ်ပါတယ်။ဒါကြောင့် ဘဝကို တကယ်အဆုံးအဖြတ်ပေးနိိုင်တဲ့ အရာကတော့ ကျွမ်းကျင်မှုတွေ၊ အသိပညာတွေ၊ အလုပ်ကျိုးစားမှုတွေ မဟုတ်ဘဲ မိမိရဲ ့ခံယူချက်ပဲဖြစ်ပါတယ်။
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...