အဲ့ဒီအထဲကမှ ၇ပိုင်းခွဲထားတဲ့ ခေါင်းဆောင်မှုပုံစံကို ကျွန်တော်က ပိုပြီးသဘောကြပါတယ်...
အဲ့ဒါတွေကတော့
၎.လက်ဇယ်ဖဲလ် ခေါ် နှောင်ကြိုးမဲ့ပုံစံ(laissez- faire)
ခေါင်းဆောင်မှုဆိုင်ရာ ပုံစံများ
ခေါင်းဆောင်မှုဆိုတာ တကယ်တော့ အဖွဲ့အစည်းတစ်ခုရဲ့ရည်မှန်းချက်ကို လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ လိုက်ပါဆောင်ရွက်ရသူတွေက မိမိတို့ရဲ့ တာဝန်ဝတ္တရားများကို စိတ်ရောကိုယ်ပါ နစ်နစ်ကာကာ လုပ်ကိုင်ဆောင်ရွက်ပေးအောင် ဦးဆောင်နိုင်စွမ်းကို ဆိုလိုတာပါပဲ...
ခေါင်းဆောင်မှုဆိုင်ရာပုံစံတွေကို အမျိုးမျိုးခွဲခြမ်းစိတ်ဖြာကြပါတယ်..
အဲ့ဒီအထဲကမှ ရပိုင်းခွဲထားတဲ့ ခေါင်းဆောင်မှုပုံစံကို ကျွန်တော်က ပိုပြီးသဘောကြပါတယ်...
အဲ့ဒါတွေကတော့
၁.အာဏာရှင်ပုံစံ(autocratic)
၂.ဗျူရိုကရက်ပုံစံ(စာအုပ်ကြီးသမား)(bureaucratic)
၃.ဒီမိုကရက်တစ်ပုံစံ(democratic)
၄.လက်ဇယ်ဖဲလ် ခေါ် နှောင်ကြိုးမဲ့ပုံစံ(laissez- faire)
၅.ကြည်ညိုရင်းစွဲပုံစံ(charismatic)
၆.လုပ်ငန်းအခြေပြုပုံစံ(transactional)
၇.အသွင်ပြောင်းပုံစံ(transformational) တို့ဖြစ်ပါတယ်...
အပေါ်ပိုင်းလေးခုကတော့ တော်တော်များများသိပြီးဖြစ်တဲ့အတွက် အထွေအထူးထပ်မရှင်းတော့ပါဘူး...
အောက်သုံးခုကတော့ ကျန်းမာရေးလောကက စီမံခန့်ခွဲသူတွေအတွက် အသုံးဝင်လို့ ရှင်းပြချင်ပါတယ်...
ကြည်ညိုရင်းစွဲပုံစံဆိုတာဘာလဲ
ကျွန်တော်တို့ဟာ လူသားတွေဖြစ်တဲ့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ညို့ငင်သိမ်းသွင်းမှုကိုခံစားရပါတယ်..အထူးသဖြင့် ဘာသာရေးဆိုင်ရာကိစ္စရပ်တွေမှာ ဒီပုံစံကိုအများဆုံးတွေရပါတယ်..ဘာသာတရားတစ်ခုကို ကိုးကွယ်ယုံကြည်ဖို့ အပေါ်က နည်းလမ်းလေးခုလုံးသုံးလို့မရပါဘူး...သက်ဝင်ယုံကြည်မှုတစ်ခုကို အတင်းအကြပ်လုပ်ယူလို့မရသလို.. အများသဘောတူမှဆိုပြီး ပုဂ္ဂလိကလွတ်လပ်ခွင့်ကိုပစ်ပယ်လို့မရပါဘူး...မြန်မာနိုင်ငံရဲ့ လူဦးရေအများဆုံးနေထိုင်တဲ့ ကျေးလက်ဒေသတွေမှာ ရွာဦးကျောင်းဆရာတော် သို့မဟုတ် ဘာသာရေးဆိုင်ရာအကြီးအကဲတွေရဲ့ ဦးဆောင်မှုကို လက်ခံလိုက်နာကြပါတယ်..ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ယုံကြည်မှု လေးစားမှု အလိုလိုလုပ်ပေးချင်စိတ်ကြောင့်ပါပဲ...ကျန်းမာရေးဝန်ထမ်းတွေကလည်း မျက်မှောက်ခေတ်အထိ ယုံကြည်မှုအရ ယဉ်ကျေးမှုအရ လေးစားဖွယ်ရာ ကျေးဇူးရှင်လူတန်းစားဖြစ်နေပါသေးတယ်..ဒါကြောင့် မိမိရဲ့အကျင့်သီလ စာနာနားလည်မှု ရေချိန်အလိုက် အများပြည်သူက လိုလိုချင်ချင် ပူးပေါင်းလုပ်ဆောင်မှုကိုရရှိမှာပါပဲ...ဒါကြောင့် ကျန်းမာရေးလောကက ဝန်ထမ်းများအနေနှင့် ယုံကြည်လေးစားမှုကို တည်ဆောက်ဖို့လိုပါတယ်..
၂. လုပ်ငန်းအခြေပြုပုံစံ
ကျွန်တော်တို ့ကျန်းမာရေးဝန်ထမ်းအများစုဟာ နေရာတစ်ခုမှာ အကြာကြီးနေရလေ့ မရှိပါဘူး ထို ့ကြောင့် ကျွန်တော်တို ့မှာ တချို ့သော ရည်မှန်းချက်များက
အချိန်ကာလသတ်မှတ်ချက်ရှိပါတယ်။ ဒီလိုအခြေအနေမှာ ရသမျှ အင်အားကို အသုံးပြုပြီး ခေါင်းဆောင်မှုပေးနိုင်ရပါမယ်။ ထို ့အတူ ခေါင်းဆောင်ဟာ သူတာဝန်ယူထားတဲ့ လုပ်ငန်းကိုသာ အဓိကတာဝန်ယူပြီး ဆောင်ရွက်ရပါမယ်။ ထို ့အတူ လုပ်ငန်းခွင်အတွင်း လုပ်ကိုင်ဆောင်ရွက်တဲ့အခါ ဆုပေး ဒဏ်ပေးစနစ်ကို အသုံးပြုရပါမယ်။ ဦးဆောင်သူနှင့်လိုက်ပါလုပ်ဆောင်သူတို ့အကြားမှာ တိကျတဲ့ ဘုံရည်မှန်းချက်ရှိရပါမယ်။ ဦးဆောင်သူတွေကလည်း မိမိတို ့ရဲ ့လုပ်ငန်းနှင့်သင့်တော်တဲ့သူကို ရွေးချယ်ပြီး လေ့ကျင့်သင်ကြားပြီး အလုပ်တာဝန်များကို စောင့်ကြည့်သုံးသပ်နေရပါတယ်။ ဥပမာအားဖြင့် ကာလတိုစီမံချက်များ ဆေးရုံအုပ်ချုပ်မှုနယ်ပယ်က ဆောင်ရွက်ချက်များဟာ လုပ်ငန်းအခြေပြုခေါင်းဆောင်မှုပုံစံအောက်မှာ အသင့်တော်ဆုံးဖြစ်ပါတယ်။ လုပ်ငန်းအောင်မြင်မှုရခဲ့ရင်လည်း လုပ်ကိုင်ဆောင်ရွက်ပေးသူအားလုံးကို ဆုကြေးများပေးခြင်း အသိအမှတ်ပြုခြင်းများနှင့် စွမ်းရည်မြှင့့်တင်နိုင်ပါတယ်။ သို ့သော်လည်း ထိုခေါင်းဆောင်မှုပုံစံဆိုတာက ရေရှည်အတွက်တော့ မသင့်တော်ပါဘူး။ ကာလတို ့ လပိုင်းမှ နှစ်နှစ်လောက်အထိတော့ သုံးလို ့ရပါတယ်။ နောက်ဆုံးပုံစံကတော့ အကောင်းဆုံးပုံစံလို ့ပြောလေ့ရှိပါတယ်။အဲဒါကတော့ အသွင်ပြောင်းပုံစံဖြစ်ပါတယ်။
အဲ့ဒီခေါင်းဆောင်မှုရဲ ့အသက်ကတော့ ခေါင်းဆောင်လုပ်သူရဲ ့ဆက်သွယ်လုပ်ကိုင်နိုင်စွမ်းဖြစ်ပါတယ်။ ခေါင်းဆောင်လုပ်သူက မိမိရဲ ့ငယ်သားတွေကို တွန်းအားများပေးခြင်း အထူးသဖြင့် လှုံဆော်မှုပေးခြင်း အားဖြင့် ဆက်သွယ်ရေးကို ပိုမိုကောင်းမွန်စေပြီး လုပ်ငန်းရဲ ့အဓိကရည်ရွယ်ချက်ကို သိမြင်စေပါတယ်။ မြန်မာပြည်မှာတော့ လှို ့ဝှက်ဆိုပြီး ခေါင်းဆောင်လုပ်သူက ထိန်းချုပ်တတ်ပါတယ်။ခေါင်းဆောင်လုပ်သူဟာ မူရင်းရည်မှန်းချက်ကို အောင်မြင်ဖို ့အတွက် လုပ်ငန်းငယ်ပေါင်းများစွာအဖြစ် ခွဲထုတ်လိုက်ပြီး သီးခြားစီလုပ်ကိုင်ဆောင်ရွက်တာဖြစ်ပါတယ်။ ထို ့အတူ တိကျတဲ့ မူဘောင်တစ်ခုကို ခေါင်းဆောင်ရော ခွဲဝေလုပ်ကိုင်ရသူတွေရော သတ်မှတ်လက်ခံရပါတယ်။ လူကို မူတည်ထားတာမဟုတ်တဲ့အတွက် ခေါင်းဆောင်အပြောင်းအလဲဖြစ်ခဲ့လျှင်လည်း အခြားခေါင်းဆောင်ရဲ ့ဦးဆောင်မှုအောက်မှာ လုပ်ငန်းတွေ အဆင်ပြေပြေဆက်လက် လည်ပတ်နေလေ့ရှိပါတယ်။ ဆေးရုံအုပ်ချုပ်သူအများစု အသုံးပြုတဲ့ ခေါင်းဆောင်မှုလည်းဖြစ်ပါတယ်။ ဥပမာအားဖြင့် ရေမီးမိလ္လာ အစသဖြင့် အကူဌာနပေါင်းများစွာကို သီးခြားခွဲထုတ်ပြီး ဆောင်ရွက်စေပါတယ်။ မိမိပြောင်းသွားခဲ့သော်လည်း သီးခြားတာဝန်ခံများက ဆက်လက်လုပ်ဆောင်နေ
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...