လက်ပ်တိုစပိုင်ရိုးစစ်ရောဂါ

လက်ပ်တိုစပိုင်ရိုးစစ်ရောဂါ
လက်ပ်တိုစပိုင်ရိုးစစ် ရောဂါသည် ဘက်တီးရီးယားရောဂါပိုးကြောင့် ဖြစ်ပွားစေပြီး တိရစ္ဆာန်များမှတစ်ဆင့် ကူးစက်တတ်သောရောဂါ ဖြစ်သည်။ ကပ်အသွင်ဖြစ်ပွားနိုင်သော ကူးစက်ရောဂါဖြစ်ပြီး လူအများအပြား အသက်ဆုံးရှုံးနိုင်ပါသည်။

စောစီးထိရောက်စွာ  ဆေးကုသခြင်းမရှိပါက အသက်ဆုံးရှုံးနိုင်ပါသည်။

ရောဂါလက္ခဏာများ
•    ဖျားခြင်း၊   ချမ်းခြင်း   ၊   ခေါင်းကိုက်ခြင်း၊   <ကက်သားများနာကျင်ကိုက်ခဲခြင်း၊   မျက်လုံးနီရဲခြင်း၊   အသားဝါခြင်း၊     အရေပြားတွင်   အနီစက်၊ အနီကွက်များထွက်ခြင်း၊   ချောင်းဆိုး   သွေးပါခြင်း၊   ရင်ဘတ်အောင့်ခြင်း၊   သတိလစ်ခြင်း၊   တက်ခြင်း   စသည်တို့     ဖြစ်တတ်သည်။
•    လက်ပ်တိုစပိုင်ရိုးစစ်ရောဂါလက္ခဏာများသည်    သွေးလွန်တုပ်ကွေးရောဂါ၊    ငှက်ဖျားရောဂါ၊    တုပ်ကွေးရောဂါ၊    အသည်းရောင်အသားဝါ ရောဂါ၊    တိုက်ဗွိုက်ရောဂါတို့၏    လက္ခဏာများနှင့်   ရောထွေးမှားယွင်းတတ်သည်။
•    လက်ပ်တိုစပိုင်ရိုးစစ်ရောဂါဟု    အတည်ပြုနိုင်ရေးအတွက်    ဓာတ်ခွဲစစ်ဆေးရန်     လိုအပ်သည်။

ကူးစက်နိုင်သည့် နည်းလမ်းများ
•    ရောဂါပိုးကူးစက်ခံထားရသည့်   အိမ်မွေးတိရစ္ဆာန်များ   အပါအဝင်   အခြားတိရစ္ဆာန်များ   (<ကက်၊   နွား၊   ဝက်၊   ခွေး၊   မြင်း၊   ကျွဲ၊   သိုး၊   ဆိတ် စသည်)၏    ကျင်ငယ်ရည်အား    ထိတွေ့ကိုင်တွယ်မိခြင်းမှတစ်ဆင့်    ရောဂါကူးစက်ဖြစ်ပွားနိုင်သည်။
•    အထူးသဖြင့်    လယ်ယာလုပ်ငန်း၊    တိရစ္ဆာန်မွေးမြူရေးနှင့်    ရေလုပ်ငန်းလုပ်ကိုင်သူများတွင်    အဖြစ်များသည်။
•    မိုးရာသီနှင့်    ကောက်ရိတ်သိမ်းချိန်    ကာလများတွင်ရောဂါဖြစ်ပွားမှု   ပိုမိုများပြားသည်။
ကာကွယ်နိုင်မည့် နည်းလမ်းများ
•    လက်ပ်တိုစပိုင်ရိုးစစ်ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိစေရန် မိုးရာသီနှင့် ကောက်ရိတ်သိမ်းချိန် ကာလများအတွင်း ရေလျှံနေသော နေရာများရှိ ရေအိုင်များ၌ ဆော့ကစားခြင်း၊ ရေချိုးခြင်း၊ ရေကူးခြင်း၊ မသန့်ရှင်းသော ရေများအား သောက်သုံးခြင်း၊ သုံးစွဲခြင်းတို့အာ    ရှောင်ကြဉ်ပါ။
•    လယ်ယာလုပ်ငန်းများ၊ တိရစ္ဆာန်မွေးမြူရေးနှင့် ရေလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် လည်ရှည်ဖိနပ်၊ လက်အိတ် စသည့် အကာအကွယ်များ    ဝတ်ဆင်ပြီးမှသာ    လုပ်ငန်းခွင်ဝင်သင့်ပါသည်။
•    တစ်ကိုယ်ရေသန့်ရှင်းမှုကို     အထူးဂရုပြုပါ။

လက်ပ်တိုစပိုင်ရိုးစစ်ရောဂါဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပို့ အချိန်မီဆေးကုမှုခံယူပါ။ စောစီးစွာသိရှိပြီး  နီးစပ်ရာ  ကျန်းမာရေးဌာနတွင်  အချိန်မီဆေးကုမှုခံယူရန်  လိုအပ်ပါသည်။
ဆေးကုသမှု  နောက်ကျပါက အသက်ဆုံးရှုံးနိုင်သည်။

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...