ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါ

ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါ
ဦးနှောက်အမြှေးရောင်ရောဂါ (နြညငညါသခသခခေူ နြညငညါငအငျ)သည် အများအားဖြင့် ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားပြီး ကူးစက်မြန် ရောဂါတစ်ခု ဖြစ်သည်။ ကျား^မ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး အသက် (၇)နှစ်မှ (၁၄)နှစ်အတွင်းရှိ ကလေးများတွင် ပိုမိုဖြစ်ပွားလေ့ ရှိပါသည်။

ရောဂါလက္ခဏာများ
•    လတ်တလော  ပြင်းထန်စွာဖျားခြင်း   
 •    အန်ခြင်း၊    မှိန်းခြင်း၊   သတိလစ်ခြင်း
•    ပြင်းထန်စွာခေါင်းကိုက်ခြင်း   
 •    သွေးလန့်ခြင်း၊    တက်ခြင်း
•    ဇက်တောင့်ခြင်း   
 •    အရေပြားတွင်    သွေးခြေဥများ   ထွက်ခြင်း
•    <ကက်သားများနာကျင်ခြင်း    
•    ငယ်ထိပ်မပိတ်သေးသော   (၁)နှစ်အောက်   ကလေးများတွင် ငယ်ထိပ်ဖောင်းခြင်း၊    တင်းခြင်း


အထက်ပါ ရောဂါလက္ခဏာဖြစ်ပွားလာပါက (၂)နာရီမှ (၄၈)နာရီအတွင်း ရောဂါပြင်းထန်လာကာ အသက်သေဆုံးသည်အထိ ဖြစ်တတ်ပါသည်။

ရောဂါဖြစ်ပွားပြီးအသက်ရှင်သူများတွင် ရောဂါ၏နောက်ဆက်တွဲဆိုးကျိုးအဖြစ် ဦးနှောက် ချို့ယွင်း၍ အကြားအာရုံဆုံးရှုံးခြင်း၊ ပညာသင်ကြားရန် အခက်အခဲရှိခြင်းတို့ဖြစ်တတ်ပါသည်။
ကူးစက်နိုင်သည့် နည်းလမ်းများ
•    လူသည်   တစ်ခုတည်းသော   ရောဂါပိုး    သိုလှောင်ရာဌာနဖြစ်သည်။
•    ရောဂါပိုးသည်    ရောဂါပိုးရှိသူလူနာ    ချောင်းဆိုးခြင်း၊    နှာချေခြင်းမှ    ထွက်သော    သလိပ်မှုန်များမှတဆင့် တိုက်ရိုက်ကူးစက်သည်။
•    ရောဂါဖြစ်ပွားသူ၏ ချွဲ၊ သလိပ်၊ ခန္ဓာကိုယ်မှထွက်သော အရည်နှင့် အသုံးအဆောင်ပစ္စည်းများကို ထိတွေ့မိခြင်းတို့မှလည်း ကူးစက် နိုင်သည်။

ကာကွယ်နိုင်မည့် နည်းလမ်းများ
•    အောက်ဖော်ပြပါ   အခြေအနေများကို   ဆောင်ရွက်ပြီးတိုင်း   လက်ကို   ဆပ်ပြာဖြင့်   စင်ကြယ်စွာ     ဆေးကြောရမည်။
→    အစာမစားမီနှင့်    အစာစားပြီးချိန်
→    အစားအစာမပြင်ဆင်မီနှင့်     ပြင်ဆင်ပြီးချိန်
→    ကြက်၊   ငှက်အသားများနှင့်   ကြက်၊   ငှက်   စွန့်ပစ်ပစ္စည်းများ   ကိုင်တွယ်ပြီးချိန်
→    လူနာအသုံးအဆောင်ပစ္စည်းများ    ကိုင်တွယ်ပြီးချိန်နှင့်    လူနာကို   ပြုစုပြီးချိန်
→    နှပ်ညှစ်ပြီးချိန်၊    နှာချေ၊   ချောင်းဆိုးပြီးချိန်
•    နှာချေ၊ ချောင်းဆိုးသောအခါ ပါးစပ်နှင့် နှာခေါင်းစည်း အသုံးပြုခြင်း၊ တစ်ရှူး၊ လက်ကိုင်ပဝါ (သို့မဟုတ်)    မိမိလက်အား တံတောင်ဆစ် ကွေး၍  နှာခေါင်းနှင့်  ပါးစပ်ကို အုပ်ပေးခြင်းပြုလုပ်ပါ။
•    တံတွေး၊    သလိပ်များကို    စည်းကမ်းမဲ့ထွေးခြင်းမှ   ရှောင်ကြဉ်ပါ။
•    ပွဲလမ်းသဘင်၊   လူစည်ကားသောနေရာနှင့်   ဖုန်ထူထပ်သော   နေရာများကို   တတ်နိုင်သမျှ    ရှောင်ကြဉ်ပါ။
•    ရောဂါဖြစ်ပွားသူများ၊    ရောဂါရှိသည်ဟု    ယူဆရသူများနှင့်    တွေ့ဆုံရန်    လိုအပ်ပါက ရောဂါမကူးစက်စေရန်   နှာခေါင်းနှင့် ပါးစပ်ဖုံးအုပ်ထားသော    မျက်နှာဖုံး    အကာအကွယ်နှင့်    အခြားအကာအကွယ်ပစ္စည်းကို   အသုံးပြုပါ။
•    ယုံကြည်စိတ်ချရသော  ကြိုတင်ကာကွယ်ဆေး  (နြညငညါသခသခခေူ ဠခေခငညန) ထိုးခြင်းဖြင့်လည်း  ကာကွယ်နိုင်ပါသည်။
ကြိုတင်ကာကွယ်ဆေးတိုက်ကျွေးခြင်း
•    ကြိုတင်ကာကွယ်ဆေးတိုက်ကျွေးခြင်းကို ရောဂါဖြစ်သူနှင့် အနီးကပ်အတူနေ မိသားစုဝင်များ၊ အခန်းဖော်များ၊ ရောဂါဖြစ်ပွားသူအား ထိတွေ့ကိုင်တွယ်သူများကိုသာ     တိုက်ကျွေးသင့်ပါသည်။
•    အုပ်စုလိုက် ရပ်ကွက်^ရွာလုံးကျွတ် ကာကွယ်ဆေးတိုက်ကျွေးခြင်း မပြုလုပ်ပါနှင့်။
သိမှတ်ဖွယ်ရာအချက်များ
•    ခြောက်သွေ့အေးမြသော၊    ပူပြင်းသော၊    ရာသီများတွင်   ရောဂါပိုမိုဖြစ်ပွားသည်။
•    လေထုစိုထိုင်းမှုနည်း၍ ခြောက်သွေ့ခြင်း၊ ဖုန်ထူခြင်းနှင့် ပွဲလမ်းသဘင်များသည် ရောဂါဖြစ်ပွားစေသည့် ရောဂါကူးစက်ခံရနိုင်ခြေ ပိုများသည့်     အခြေအနေများဖြစ်သည်။
•    လူစုလူဝေးနှင့် နေထိုင်မှုသည် ရောဂါပိုမိုပျံ့နှံ့လွယ်သည်။
 

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...