နှလုံးသွေးကြောကျဉ်းရောဂါ

နှလုံးသွေးကြောကျဉ်းရောဂါ
နှလုံးသွေးကြောမကြီး အဆီပိတ်ခြင်းကြောင့်ဖြစ်သည်။ လှုပ်ရှားလျှင် ရင်ဘတ်အောင့်ပြီး နာကျင်မှုသည် လည်ပင်းနှင့် လက်မောင်းသို့ ပြန့်သွားတတ်သည်။
နှလုံးသွေးကြောကျဉ်းရောဂါသည် ဆေးလိပ်သောက်သူ၊ သွေးတိုးရောဂါရှိသူ၊ ဆီးချိုရောဂါရှိသူ၊ အဝလွန်သူ၊ သွေးတွင်းအဆီဓါတ်များသူ၊ ကိုယ်လက်လှုပ်ရှားမှုနည်းသူ၊ မိဘမျိုးရိုးတွင် နှလုံးသွေးကြောကျဉ်းရောဂါရှိသူ၊ စိတ်ဖိစီးမှုများသူ၊ အရက်အလွန်အကျွံသောက်သူ၊ အဆီအစား များသူတို့တွင်    ပိုမိုဖြစ်ပွားလေ့ရှိသည်။
ရောဂါ ရှိ၊ မရှိကို ဆရာဝန်နှင့် ပြသစစ်ဆေးနိုင်သည်။ ရောဂါရှိနေသူများကို ဆေးဝါးဖြင့် ကုသခြင်း၊ နှလုံးသွေးကြောချဲ့ခြင်း၊ နှလုံးခွဲစိတ် ကုသခြင်းတို့ဖြင့်    ကုသနိုင်ပါသည်။
ကာကွယ်နိုင်မည့်နည်းလမ်းများ
•    သွေးပေါင်မှန်မှန်ချိန်ပါ။
•    အဝမလွန်စေရန်      ကိုယ်အလေးချိန်ထိန်းသိမ်းပါ။
•    သင့်တော်သည့်    ကိုယ်လက်လှုပ်ရှားမှု   မှန်မှန်လုပ်ပါ။
•    ဆား၊  အငန်၊  အချိုနှင့်  အဆိမ့် လျှော့စားပါ။
•    တိရစာ္ဆ        န်မှရသောအအဆီနှင့်    ဟင်းချက်ဆီကို   တတ်နိုင်သမျှလျှော့စားပါ။
•    ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ငါး  များများစားပါ။
•    အာဟာရမျှတစွာစားပါ။ (အသေးစိတ်ကို အခန်း ၃ တွင်  ဖတ်ရှုနိုင်ပါသည်။)
•    ဟင်းချိုမှုန့်၊ ဟင်းခပ်မှုန့်အမျိုးမျိုးကို မစားသုံးသင့်ပါ။
•    ဆေးလိပ်၊ ကွမ်းနှင့် အရက်တို့ကို  ရှောင်ကြဉ်ပါ။

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...