ဆီးချိုသွေးချိုရောဂါ
ဆီးချိုသွေးချိုရောဂါသည် ဇီဝကမ္မဖြစ်စဉ်ချို့ယွင်း၍ ဖြစ်ပေါ်လာသည့် သွေးအတွင်း အချိုဓာတ်များနေသော ရောဂါတစ်ခုဖြစ်သည်။
ဆီးချိုသွေးချိုရောဂါအဓိကအမျိုးအစားများ
• ဆီးချိုသွေးချိုရောဂါ အမျိုးအစား (၁)
• ဆီးချိုသွေးချိုရောဂါ အမျိုးအစား (၂)
ဆီးချိုသွေးချိုရောဂါ အမျိုးအစား (၁)
• ပန်ကရိယဟုခေါ်သော ဂလင်းအကျိတ်မှ အင်ဆူလင်ဟော်မုန်းကို လိုအပ်သလောက် မထုတ်ပေးနိုင်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဆီးချိုသွေးချိုရောဂါ ဖြစ်သည်။
• ကလေးသူငယ်များနှင့် လူငယ်လူရွယ်များတွင် အဖြစ်များသည်။
• ဆီးချိုသွေးချိုရောဂါရှင် စုစုပေါင်း၏ (၅% - ၁၀%)မှာ ဆီးချိုသွေးချိုရောဂါ အမျိုးအစား(၁) ဖြစ်ပါသည်။
ဆီးချိုသွေးချိုရောဂါ အမျိုးအစား (၂)
• ပန်ကရိယဟုခေါ်သော ဂလင်းအကျိတ်မှ ထွက်လာသော အင်ဆူလင်ဟော်မုန်းကို ခန္ဓာကိုယ်မှ အပြည့်အဝ အသုံးမပြုနိုင်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဆီးချိုသွေးချိုရောဂါဖြစ်သည်။
• အသက်အရွယ်ကြီးသူများတွင် အဖြစ်များသည်။
• ဆီးချိုသွေးချိုရောဂါရှင် စုစုပေါင်း၏ (၉၅%) မှာ ဆီးချိုသွေးချိုရောဂါ အမျိုးအစား(၂) ဖြစ်ပါသည်။
ဆီးချိုသွေးချိုရောဂါလက္ခဏာများ
၁။ ဆီးခဏခဏသွားခြင်း
၂။ ရေအလွန်ငတ်ခြင်း
၃။ ဆာလောင်မွတ်သိပ်နေခြင်း
၄။ ပိန်သွားခြင်း
၅။ နုံးချိနေခြင်း
၆။ ပတ်ဝန်းကျင်အား စိတ်ဝင်စားမှုမရှိခြင်း
၇။ စိတ်အာရုံစူးစိုက်မှုမရှိခြင်း
၈။ အန်ခြင်း
၉။ ဗိုက်နာခြင်း
၁၀။ ခြေလက်များထုံခြင်း^ကျဉ်ခြင်း
၁၁။ အမြင်အာရုံဝေဝါးခြင်း
၁၂။ အနာများမကြာခဏပေါက်ခြင်း
၁၃။ အနာကျက်ရန် ခက်ခဲခြင်း
၁၄။ ညတွင် ဆီးခဏခဏသွားခြင်း
၁၅။ မိန်းမကိုယ်ယားယံခြင်း
ဆီးချိုသွေးချိုဖြစ်နိုင်ချေရှိသူများ
၁။ မိသားစုဝင်ထဲ၌ ဆီးချိုသွေးချိုရောဂါရှိခြင်း
၂။ ကိုယ်အလေးချိန်များလွန်းခြင်း၊ အထူးသဖြင့် ဝမ်းတွင်းအဆီများလွန်းခြင်း
၃။ အသက် (၄၅)နှစ်အထက် ဖြစ်ခြင်း
၄။ ကိုယ်ကာယလှုပ်ရှားမှုနည်းပါးသည့် ဘဝနေထိုင်မှုဟန်ရှိခြင်း
၅။ ယခင်က ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါရှိခဲ့ဖူးခြင်း
၆။ ယခင်က ဆီးချိုသွေးချိုရောဂါ ကနဦးအဆင့်များရှိခဲ့ခြင်း
ဆီးချိုသွေးချိုရောဂါ၏ နောက်ဆက်တွဲ ဆင့်ပွားရောဂါများ
• ကျောက်ကပ်ပျက်စီးသောရောဂါ
• မျက်စိအမြင်လွှာထိခိုက်၍ မျက်စိကွယ်သောရောဂါ
• အာရုံကြောထိခိုက်သောရောဂါ
• ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်သောရောဂါ
• နှလုံး၊ သွေးကြောကျဉ်းရောဂါ
• ရောဂါပိုးဝင်လွယ်၍ အနာကျက်ရန် ခက်ခဲခြင်း
• ခြေထောက်ပုပ်ခြင်း
• ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ဆင့်ပွားရောဂါများကြောင့် မိခင်နှင့်ကလေး၏ ကျန်းမာရေးနှင့် အသက်အန္တရာယ်တို့ကို ထိခိုက်နိုင်ခြင်း
ဆီးချိုသွေးချိုရောဂါရှိပါက လိုက်နာရန်အချက်များ
• မိမိ၏သွေးချိုဓာတ်ကို ပုံမှန်စစ်ဆေးပြီး မှတ်တမ်းပြုစုထိန်းသိမ်းထားရှိပါ။
• မျက်စိကို အနည်းဆုံးတစ်နှစ်လျှင် တစ်ကြိမ်စစ်ဆေးပါ။
• ကျောက်ကပ်ထိခိုက်မှုကို စောစီးစွာဖော်ထုတ်နိုင်ရန် ဆီးတွင် အသားဓာတ်ပါဝင်မှုကို (၆)လ တစ်ကြိမ် စစ်ဆေးပါ။
• ခြေထောက်နှင့် ခြေဖဝါးများကို နေ့စဉ်ကြည့်ရှုစစ်ဆေးပါ။
• သွေးပေါင်ကိုမကြာခဏပုံမှန်စစ်ဆေးပါ။
• နှလုံးကိုပုံမှန်စစ်ဆေးပါ။
• သွေးတွင်းအဆီဓာတ်များကို (၆) လတစ်ကြိမ်ပုံမှန်စစ်ဆေးပါ။
• ကိုယ်ဝန်ဆောင်လိုသူအမျိုးသမီးများသည် ကျွမ်းကျင်သူဆရာဝန်များနှင့် တိုင်ပင်ပြီးမှ ကိုယ်ဝန်ယူပါ။
• သွေးချိုဓာတ်၊ သွေးတိုးရောဂါနှင့် သွေးတွင်းအဆီဓာတ်များကို ဆရာဝန်များနှင့် ပုံမှန်ပြသ၍ ကုသမှုခံယူပါ။
ဆီးချိုသွေးချိုရောဂါကို အမြစ်ပြတ်အောင် ကုသ၍မရပါ။ ဆရာဝန်နှင့်ပြသ၍ သွေးချိုမှန်မှန်စစ်ဆေးရန် လိုအပ်ပါသည်။ စနစ်တကျ နေထိုင်စားသောက်ပြီး ကျွမ်းကျင်သူများနှင့် ဆေးကုသမှုခံယူပါက သက်တမ်းစေ့နေထိုင်နိုင်ပါသည်။
ဆီးချိုသွေးချိုရောဂါရှိသူများ လိုက်နာရန်
(၁) အစားလျှော့စားပါ။ ချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်းသော အစားအစာများကို လျှော့စားပါ။
(၂) ရေများများ သောက်ပါ။ ရေဆာလျှင် ရေကိုသာ သောက်ပါ။ (အချိုရည်များ သောက်သုံးခြင်းဖြင့် ရေငတ်ခြင်းကို မဖြေပါနှင့်။)
(၃) အဝမလွန်အောင် ထိန်းထားပါ။
(၄) လှုပ်ရှားမှုများသော လူနေမှုပုံစံဖြင့် နေထိုင်ပါ။
• အထိုင်များခြင်း၊ လှုပ်ရှားမှုနည်းခြင်းကို ရှောင်ပါ။
• တတ်နိုင်သမျှ လမ်းလျှောက်ပါ။
• တတ်နိုင်သမျှ လှေကားဖြင့်သာ အတက်အဆင်းလုပ်ပါ။
• အိမ်အလုပ်ကို တက်ြွကစွာလုပ်ကိုင်ပါ။
• ခြံထဲတွင် ပေါင်းမြက်သုတ်သင်ခြင်းဖြင့်လည်း လှုပ်ရှားမှုများ ပြုလုပ်နိုင်ပါသည်။
(၅) နားနေချိန်မှာ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ တစ်နေ့လျှင် မိနစ် (၃၀)တစ်ပတ်လျှင် (၅)ရက် စုစုပေါင်းမိနစ် (၁၅၀)ထက်မနည်း ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။
(၆) အမျှင်ဓာတ်များသော အစားအစာများများ စားပါ။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို များများနှင့် စုံအောင်စားပါ။
(၇) တိရစ္ဆာန်မှ ရသော အဆီများ (ဥပမာ - ကြက်အရေပြား၊ ဘဲအရေပြား၊ ကလီစာ၊ ဝက်ဆီ၊ အမဲဆီ) စသည်တို့ကို ရှောင်ပါ။ ငါးမှ ရသော အဆီများ စားသုံးနိုင်ပါသည်။ (ဥပမာ - ငါးကြင်းဆီ၊ ငါးဘတ်ဆီ)
(၈) စိတ်ဖိစီးမှုများကို လျော့ချနိုင်သမျှလျော့အောင် ကြိုးစားနေထိုင်ပါ။
• အိပ်ချိန်၊ နားချိန်လုံလောက်အောင် ယူပါ။
• အာဟာရ ပြည့်ဝအောင် စားပါ။
• ပြဿနာများကို တစ်ယောက်တည်း မဖြေရှင်းနိုင်လျှင် တတ်သိနားလည်သူများထံမှ အကြံညဏ််ယူ၍ ဖြေရှင်းပါ။
• အရာရာကို အပြုသဘောနှင့် အကောင်းမြင်နိုင်အောင် ကြိုးစားပါ။
• ယောဂကျင့်ပါ၊ တရားထိုင်ပါ။
ဆီးချိုသွေးချိုရောဂါရှိသူတိုင်း ကိုယ်လက်လှုပ်ရှားမှုကို ကုထုံးတစ်ခုအနေဖြင့် ပုံမှန် ဆောင်ရွက်သင့်ပါသည်။
ကိုယ်လက်လှုပ်ရှားပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်း၏ အကျိုးကျေးဇူးများ-
• သွေးချိုထိန်းသိမ်းမှု ပိုကောင်းစေပါသည်။
• ဆီးချိုုုကြောင့် နှလုံးသွေးကြောရောဂါ ပိုမိုဖြစ်ပွားစေခြင်းကိုလည်း လျော့ကျစေပါသည်။
• ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေပါသည်။
• ခန္ဓာကိုယ်ပေါ့ပါးလန်းဆန်းကာ နေထိုင်လှုပ်ရှားမှု ပိုကောင်းစေပါသည်။

No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...