၂။ အသက်ငါးနှစ်အောက်ကလေးများအားပြုစုစောင့်ရှောက်ခြင်း
အသက်ငါးနှစ်အောက်ကလေးတွင် အောက်ပါလက္ခဏာများအနက်မှ တစ်ခုခုဖြစ်ပါက ဆေးရုံ^ဆေးခန်း^ကျန်းမာရေးဌာနသို့ နေ့ညမဆိုင်း ယခုချက်ချင်း
သွားရောက်ပြသပါ။
• အရည်မသောက်နိုင်ခြင်း၊ နို့မစို့နိုင်ခြင်း
• စားသောက်သမျှ အန်ခြင်း
• ယခုနေမကောင်းစဉ်တက်ခြင်း
• မှိန်း၍ နှိုးရခက်ခြင်း၊ သတိလစ်ခြင်း
• ငြိမ်သက်နေသောကလေးတွင် လည်ချောင်းတစ်ဆို့သံကြားရခြင်း
နေမကောင်းသောကလေးအား အိမ်တွင်ပြုစုစောင့်ရှောက်ခြင်း
• ကလေးများ ကိုယ်ပူခြင်း (သို့မဟုတ်) အန်ခြင်း (သို့မဟုတ်) ဝမ်းသွားခြင်းများကြောင့် ခန္ဓာကိုယ်တွင် အရည်ဓာတ်များ လျော့နည်းသွား သဖြင့် အရည်ပိုတိုက်ရန်လိုပါသည်။ (ဥပမာ-အသက်(၆)လအောက်တွင် မိခင်နို့၊ အသက်(၆)လအထက်တွင် မိခင်နို့တိုက်ကျွေးနေပါက မိခင်နို့အပြင် ဆန်ပြုတ်၊ ထမင်းရည်၊ ရိုးရိုးရေ၊ လိုအပ်ပါက ဓာတ်ဆားရည်)
• အစာပုံမှန်ကျွေးမှသာ ကိုယ်ခံအားကောင်းပြီး မြန်မြန်နေကောင်းစေပါသည်။
• မိခင်နို့တိုက်နေသောကလေးများအား မိခင်နို့ဆက်တိုက်ပါ။ ပုံမှန်ထက် အကြိမ်ရေ ပိုတိုက်သင့်ပါသည်။
• ဓာတ်ဆားရည်၊ စွပ်ပြုတ်၊ ဆန်ပြုတ်၊ နို့နှင့် လတ်ဆတ်သော သစ်သီးဖျော်ရည်စသည်တို့ တိုက်နိုင်ပါသည်။ ကလေးအန်ပါက ခဏနား၍ နည်းနည်းချင်း ပြန်တိုက်ပေးပါ။
• ကျွေးနေကျ အစားအစာများကို ပုံမှန်ဆက်၍ကျွေးပေးပါ။ ကလေးအတွက် ပျော့ပြောင်းနူးညံ့သောအစာများဖြစ်ရပါမည်။
• အန္တရာယ်လက္ခဏာများ စောင့်ကြည့်ပါ။
• နောက်ဆက်တွဲ ပြဿနာများ မဝင်နိုင်ရန် နာလန်ထချိန်တွင် စားနေကျထက် တစ်နပ်ပိုကျွေးပါ။ အနည်းဆုံး တစ်ပတ်ခန့်ကျွေးပါ။
ဖျားသောကလေးငယ်ကို အိမ်တွင် ပြုစုစောင့်ရှောက်ခြင်း
• ကလေးငယ်များ နေမကောင်းဖြစ်သည့်အခါ အစာမကျွေးခြင်း၊ အစားအစာလျှော့ကျွေးခြင်း မပြုလုပ်ရပါ။ စားနေကျအစာ ပုံမှန်အတိုင်း
ဆက်ကျွေးပါ။
• နို့စို့ကလေးများကို မိခင်နို့ဆက်တိုက်ပါ။ (၆)လအထက်ဖြစ်ပါက အရည်ပိုတိုက်ပါ။
• ကိုယ်အပူချိန်များပါက ရေစိုအဝတ်(ရေရိုးရိုး)ဖြင့် တစ်ကိုယ်လုံး ရေဖတ်တိုက်ပေးပါ။
• ရာသီဥတုနှင့် ကိုက်ညီသော အဝတ်အစားဝတ်ပေးပါ။
• လေကောင်းလေသန့်ရသော၊ လေဝင်လေထွက်ကောင်းသော နေရာတွင်ထားပါ။
• မက်ကလောင် မဖောက်ပါနှင့်။
• နာလန်ထချိန်တွင် အနည်းဆုံးတစ်ပတ်ခန့် ကျွေးနေကျအကြိမ်ထက် တစ်ကြိမ်ပိုကျွေးရန်လိုပါသည်။

No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...