ဆယ်ကျော်သက်လူငယ် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း
အသက်(၁၀)နှစ်မှ (၁၉)နှစ်အတွင်း ဆယ်ကျော်သက်များနှင့် အသက်(၁၅)နှစ်မှ (၂၄)နှစ်အတွင်း လူငယ်များကို ပေါင်းစည်း၍ အသက် (၁၀)နှစ်မှ (၂၄)နှစ်အတွင်းရှိသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ဆယ်ကျော်သက်လူငယ်ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း ဟုခေါ်ပါသည်။
ဆယ်ကျော်သက်လူငယ်များသည် ကလေးဘဝမှ လူကြီးဘဝသို့ ကူးပြောင်းသည့် အချိန်ကာလဖြစ်ပြီး ထိုကာလအတွင်း ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဘဝဆိုင်ရာ ပြောင်းလဲသည့် အချိန်ကာလတစ်ခုဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် လူငယ်များအကြား၌ အဖြစ်များသော ကျန်းမာရေးပြဿနာများမှာ
• မတော်တဆထိခိုက်ဒဏ်ရာရမှုများ
• သံဓါတ်နှင့် ဖောလစ်အက်စစ် ချို့တဲ့သည့် အာဟာရဆိုင်ရာ ပြဿနာများ
• မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ပြဿနာများ (အသက်မပြည့်မီ လိင်ဆက်ဆံခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်း၊ စောစီးစွာအိမ်ထောင်ကျခြင်း)
• မူးယစ်ဆေးဝါး
• စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများ
• ကူးစက်တတ်သော ရောဂါများ (အိပ်ချ်အိုင်ဗွီ အပါအဝင် လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများ၊ ငှက်ဖျားရောဂါ၊ တီဘီရောဂါ စသည်ဖြင့်)
• ကျန်းမာရေးနှင့်မညီညွတ်သော လူနေမှုဘဝဆိုင်ရာပြဿနာများ (ဥပမာ- အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း) စသည့် ကျန်းမာရေးပြဿနာများ
• လူကုန်ကူးမှုခံရခြင်း၊ အကြမ်းဖက်ခံရခြင်းတို့ဖြစ်ပါသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနှင့် ဆယ်ကျော်သက် လူငယ်တို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင်
ကျန်းမာရေးဝန်ထမ်းများ၊ မိဘများအပါအဝင် ပြည်သူလူထု၊ ဆရာများ၊ အခြားနှီးနွယ်သော ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအပြင် ဆယ်ကျော်သက်လူငယ်များကိုယ်တိုင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။
လူပျိုဖော်၊ အပျိုဖော်ဝင်ခြင်း
လူပျိုဖော်၊ အပျိုဖော်ဝင်ခြင်းသည် အသက် (၉) နှစ်မှ (၁၆) နှစ်အတွင်း လူတိုင်းဖြတ်သန်းရမည့် ကာလအပိုင်းအခြားတစ်ခုဖြစ်သည်။ ထိုကာလသည် ကလေးဘဝမှ လူကြီးဘဝသို့ ဖွံ့ဖြိုးပြောင်းလဲသော ကာလဖြစ်သည့်အတွက် ဖွံ့ဖြိုးပြောင်းလဲနှုန်းသည် တစ်ဦးနှင့်တစ်ဦး မတူနိုင်ပါ။
လူပျိုဖော်၊ အပျိုဖော်ဝင်ချိန်အတွင်းတွင် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများပါ လျင်မြန်စွာ ဖြစ်ပေါ်နိုင်ပါသည်။
ယောက်ျားလေးများတွင်ဖြစ်သော ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ
လူပျိုဖော်ဝင်ချိန်တွင် ခန္ဓာကိုယ်အတွင်းအပြင်၌ အပြောင်းအလဲများစွာဖြစ်ပေါ်လာပါသည်။
လူပျိုဖော်ဝင်တော့မည်ဆိုပါက ဝက်ခြံနှင့် ခန္ဓာကိုယ်အမွေးအမှင်များထွက်လာခြင်း၊ စိတ်အပြောင်းအလဲ အတက်အကျများခြင်းတို့ ဖြစ်ပေါ်တတ်ပါသည်။ ထိုကာလသည် လူတိုင်းဖြတ်ကျော်ရမည်ဖြစ်ပြီး အခက်အခဲများလည်း ရှိနိုင်ပါသည်။
ယောက်ျားလေးများတွင်ဖြစ်သောပြောင်းလဲမှုများ
• အရေပြားပေါ်တွင် အဆီဓာတ်ပိုမိုများပြားလာခြင်း • ဝက်ခြံ အနည်းငယ် ထွက်လာခြင်း
• ချွေးဂလင်းများ အလုပ်ပိုမိုလုပ်ခြင်း • ခန္ဓာကိုယ်အနံ့ ပြောင်းလာခြင်း
• အရပ်ရှည်လာခြင်း • အမွေးအမှင်များပေါက်လာခြင်း
မိန်းကလေးများတွင်ဖြစ်သော ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ
အပျိုဖော်ဝင်တော့မည်ဆိုပါက ဝက်ခြံထွက်ခြင်း၊ ရင်သားဖွံ့ဖြိုးလာခြင်း၊ ခန္ဓာကိုယ် အမွေးအမှင်များထွက်လာခြင်း၊ စိတ်အပြောင်းအလဲ အတက်အကျများလာခြင်းတို့ ဖြစ်နိုင်ပါသည်။ ထိုကာလသည် လူတိုင်းဖြတ်ကျော်ရမည်ဖြစ်ပြီး အခက်အခဲများလည်း ရှိနိုင်ပါသည်။
မိန်းကလေးများတွင်ဖြစ်သောပြောင်းလဲမှုများ
• ချွေးဂလင်းများအလုပ်ပိုမိုလုပ်ခြင်း • ခန္ဓာကိုယ်အနံ့ ပြောင်းလာခြင်း

• ဝက်ခြံအနည်းငယ်ထွက်လာခြင်း
ဝက်ခြံထွက်ခြင်း
အကြောင်းအမျိုးမျိုးကြောင့် ဝက်ခြံများသည် မျက်နှာ၊ ကျောကုန်း၊ နေရာအနှံ့တွင်ထွက်နိုင်ပါသည်။ အထူးသဖြင့် လူပျို၊ အပျိုဖော် ဝင်ချိန်တွင် အရေပြားသည် အဆီပိုထွက်ပါသည်။ ထိုအဆီသည် ဘက်တီးရီးယား၊ ဖုန်မှုန့်များနှင့်ရောကာ ချွေးပေါက်ကလေးများပိတ်ပြီး ဝက်ခြံထွက်ခြင်းဖြစ်သည်။ အချို့တွင် ဝက်ခြံထွက်ခြင်းမှာ မျိုးရိုးလိုက်ခြင်းကြောင့်ဖြစ်နိုင်ပါသည်။
လိုက်နာသင့်သောအချက်များ
ဘဝတစ်သက်တာပတ်လုံး ခန္ဓာကိုယ်အားမှန်မှန်ကန်ကန်ပြုစုပျိုးထောင်သွားရန် အရေးကြီးပါသည်။ ၎င်းင်းအချိန်သည် ဖွံ့ဖြိုးသောအချိန် ဖြစ်သဖြင့် စိတ်ကသိကအောက်ဖြစ်နိုင်ပါသည်။ ထို့ကြောင့် အပျိုဖော်ဝင်ကာစ မိန်းကလေးများကို ကူညီစောင့်ရှောက်သင့်ပါသည်။ (ဥပမာ- ရေချိုးလျှင် ရင်လျားဖို့ သင်ပြခြင်း၊ ရှင်မီးဝတ်ခိုင်းခြင်း)
ရာသီပေါ်ခြင်းနှင့် ပတ်သက်၍ (တစ်ကိုယ်ရေသန့်ရှင်းခြင်း၊ ရာသီပေါ်ခြင်း၏ လစဉ်စက်ဝန်းတို့ကို) မိခင်မှ သေချာစွာရှင်းပြသင့်သည်။ ရာသီပေါ်စမှာ မှန်မှန်မပေါ်ဘဲ နှစ်လသုံးလတစ်ခါမှ ဖြစ်တတ်ပါသည်။ တခါတလေ အချိန်ကြာမြင့်စွာ ရာသီသွေးပေါ်နေတတ်ပါသည်။ ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။
ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ပုံ အလေ့အထများနှင့် ဆောင်ရန်၊ ရှောင်ရန်များကို လိုက်နာနိုင်ရန်ကြိုးစားပါ။ ရေများများ သောက်ခြင်း၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ စားရန်နှင့် အချိုရည်၊ သကြားလုံးကဲ့သို့ သကြားဓာတ်များသော သရေစာများကို ရှောင်ခြင်းတို့ ဖြစ်ပါသည်။
အပျိုဖော်၊ လူပျိုဖော်ဝင်ချိန် စိတ်ခံစားမှုဆိုင်ရာပြောင်းလဲမှုများ
• ကျား၊မ ကွဲပြားခြင်းကို စတင်သတိထားမိလာပြီး ဆန့်ကျင်ဘက်လိင်ကို စတင်စိတ်ဝင်စားမိလာသည်။
• တစ်ကိုယ်တော် ကာမစိတ်ဖြေမှုကို စတင်ပြုလုပ်လာနိုင်သည်။
• စူးစမ်းလိုစိတ်၊ စွန့်စားလိုစိတ်များ ဖြစ်ပေါ်လာတတ်သည်။ စိတ်စေစားရာနောက်ကိုလိုက်ပြီး လုပ်တတ်သည်။ စိတ်အတက်အကျအပြောင်း အလဲမြန်တတ်ပါသည်။
• ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနှင့် အလှအပကို တခြားရွယ်တူများနှင့် နှိုင်းယှဉ်ကာ အလွန်စိတ်ဝင်စားလာသည်။
• မိသားစုနှင့်နေလိုစိတ် လျော့ပါးလာပြီး ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ပို၍လိုလားလာကြသည်။ မိသားစုနှင့်စာလျှင် သူငယ်ချင်းများကို ပိုမိုခင်တွယ်လာတတ်သည်။
• သူငယ်ချင်းများလုပ်သည့်အတိုင်း လိုက်လုပ်တတ်လာသည်။
• မိမိခြေထောက်ပေါ် မိမိရပ်တည်ချင်လာသည်။ မိမိလုပ်သောလုပ်ရပ်များအပေါ် အမှန်၊ အမှား ခွဲခြားတတ်လာသည်။
• ဘဝအတွက် ကိုယ်ပိုင်ရည်မှန်းချက်၊ ရည်ရွယ်ချက်များ စတင်ချမှတ်လာတတ်သည်။
• ကိုယ့်ကိုကိုယ်လူကြီးဖြစ်ပြီအထင်နှင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်များနှင့် လုပ်ဆောင်လိုစိတ်များ ရှိလာသည်။
• စည်းမျဉ်းစည်းကမ်းများကို အရွဲ့တိုက်ပြီးဆန့်ကျင်ဖက်လုပ်ကြည့်တတ်လာသည်။
ရာသီသွေးပေါ်ခြင်း
တစ်ကိုယ်ရေသန့်ရှင်းရေး
• ရာသီပေါ်နေစဉ်အတွင်း ခေါင်းလျှော်နိုင်ပါသည်။
• တစ်ကိုယ်ရေသန့်ရှင်းလျှင် ရောဂါမဝင်ပါ။ ယားယံခြင်း၊ အနံ့ဆိုးထွက်ခြင်းလည်း မရှိပါ။
• မိန်းမကိုယ်ပတ်ဝန်းကျင် ကို အမြဲသန့်ရှင်းအောင်ထားပါ။ အနည်းဆုံး တစ်နေ့တစ်ကြိမ် ရေနှင့်သန့်ရှင်းပါ။
• အိမ်သာမှ ထွက်သည့်အခါတိုင်း လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောပါ။
• မိန်းကလေးများရဲ့ အဝတ်အစားနှင့် အတွင်းခံများသန့်ရှင်းမှုကို ဂရုစိုက်ပါ။
အကိုက်အခဲသက်သာပျောက်ကင်းစေရန်
• ရာသီသွေးပေါ်ချိန် အအေးမမိပါစေနှင့်။
• ချက်အောက်ပိုင်းမှာ ရေနွေးပုလင်းကပ်လို့ရပါသည်။
• သိပ်နာလျှင် အကိုက်အခဲပျောက်ဆေး ပေးနိုင်ပါသည်။
အစာအာဟာရ
• ရာသီပေါ်ချိန်တွင် အားပြည့်ကျန်းမာစေမည့် အစားအစာများကို စားရန်အရေးကြီးပါသည်။ အမျှင်ဓါတ်များပါသော ဟင်းသီးဟင်းရွက် များကို စားပါ။
• ရေများများသောက်ပါ။
• မနက်စာမစားဘဲမနေပါနှင့်။
မိန်းကလေးများ သွေးပေါ်ချိန်မှာ သွေးအားနည်းသွားတတ်ပါသည်။ ကန်စွန်းရွက်၊ ကင်းပုံရွက်၊ ဟင်းနုနယ်ရွက်များကဲ့သို့ သံဓါတ်<ကယ်ဝ သည့် အစိမ်းရင့်ရောင်အရွက်များ၊ ပဲကတ္တီပါနှင့် သွေးအားကောင်းစေသော အသည်း၊ အသား၊ သွေးခဲများကိုစားပါ။
သက်သောင့်သက်သာနေထိုင်ခြင်း
အိပ်ရာစောစောဝင်ခိုင်းပြီး ကောင်းကောင်းအနားယူပါစေ။ ချောင်ချောင်ချိချိ အဝတ်များဝတ်ပါ။ ခါးကို တင်းကြပ်စွာ မစည်းမိစေရန် သတိပြုပါ။ ရာသီပေါ်စဉ်အတွင်း ကျောင်း၊ အလုပ် ပုံမှန်သွားနိုင်ပြီး လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ပါသည်။
မိခင်များမှဆောင်ရွက်ရန်
• မိမိ၏ သမီးမိန်းကလေးကို ဘေးအန္တရာယ်ကင်းအောင် ပြုမူနေထိုင်တတ်စေရန် သင်ပါ။
• ညအမှောင်နှင့် လူပြတ်သောနေရာများတွင် တစ်ဦးတည်း အပြင်မထွက်ပါစေနှင့်။
• ဆေးကုသသော ဆရာဝန်နှင့် မိခင်မှလွဲ၍ မိန်းကလေး၏ ရင်သားနှင့် မိန်းမကိုယ်ကို ပြသခြင်း၊ ကိုယ်တွယ်ခြင်းမပြုစေရပါ။
• မိန်းကလေးတွင် စိုးရိမ်စရာ ကိစ္စတစ်ခုခုကြုံတွေ့ရလျှင် မိခင်ကို ချက်ချင်းအသိပေးရန် ပြောပြထားပါ။
• အုပ်ထိန်းသူမိဘအနေဖြင့် မိမိ၏သမီးမိန်းကလေးများ မိမိကိုယ်ကို တန်ဖိုးထားလေးစားတတ်စေရန် သင်ကြားပေးပါ။
မိန်းကလေးသုံးအမျိုးသမီးလစဉ်သုံး အခုအခံပစ္စည်း ရွေးချယ်ခြင်း
• ရာသီသွေးဆင်းချိန်မှာ အခုအခံပစ္စည်းအမျိုးမျိုးကို သုံးနိုင်ပါသည်။
• မလုံမှာစိုးရင် အတောင်ပါတဲ့ အခုအခံပစ္စည်းမျိုးကို သုံးပါ။ နူးညံတဲ့ အမျိုးအစားကို နှစ်ခြိုက်လျှင် ချည်နှင့်လုပ်သော အခုအခံပစ္စည်း မျိုးကို သုံးနိုင်ပါတယ်။ သွက်သွက်လက်လက် လှုပ်ရှားသွားလာနေချင်လျှင် အခုအခံပစ္စည်းပါးပါးကို ရွေးချယ်အသုံးပြုနိုင်ပါသည်။
• မိခင်^အုပ်ထိန်းသူအနေဖြင့်လည်း မိမိသမီး၏လိုအပ်ချက်များကို သေသေချာချာချာ နားထောင်ဆွေးနွေးတိုင်ပင်ပြီး လိုအပ်သလို ကူညီပံ့ပိုးပေးပါ။
ဆယ်ကျော်သက်လူငယ်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအနေဖြင့်
• ပြဿနာတစ်ခုခုနှင့် ကြုံတွေ့နေပါက ချက်ချင်းအရေးတယူ ဦးစားပေးဆောင်ရွက်ပါ။
• သူတို့အတွက် စိတ်ပူမိကြောင်းနှင့် လမ်းမှန်ပေါ် ပြန်ရောက်ရေးအတွက် ကူညီပေးရန်အသင့်ရှိကြောင်း ဆယ်ကျော်သက်လူငယ်များ နားလည်ခံစားနိုင်အောင် ပြောပေးပါ။
• လိုအပ်လျှင် သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိုင်းတိုင်ပင်ပြီး ကုသမှုကို ခံယူရန်တိုက်တွန်းပါ။
ဆယ်ကျော်သက်လူငယ်ထုတစ်ရပ်လုံး ကျန်းမာဖွံ့ဖြိုးစေရန်အတွက် မိဘဆရာ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူတစ်ရပ်လုံးနှင့် ဆယ်ကျော်သက်လူငယ်ထုတစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါသည်။
ဆယ်ကျော်သက်လူငယ်များကို ဖျက်ဆီးနိုင်တဲ့အပြုအမူတွေ ရှိ^မရှိ ရှာဖွေကြည့်
• သောက်စားမူးယစ်ပြီး အိမ်ပြန်လာသလား။
• အိမ်ပြန်ချိန် မှန်ရဲ့လား။
• အစားအသောက် အချိန်မှန်ရဲ့လား။
• လောင်းကစားလုပ်နေသလား။
• ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါသလား။
• ကွန်ပြူတာ^ဖုန်းတစ်လုံးနဲ့ မနားတမ်း အလုပ်ရှုပ်နေသလား။
• ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမှု ရှိရဲ့လား (ဥပမာ-ဆိုင်ကယ်စီးလျှင် ဦးထုပ် မဆောင်းခြင်း၊ ဖုန်းပြောခြင်း၊ နှစ်ယောက်ထက် ပိုစီးခြင်း၊ ကားစီးလျှင် ခါးပတ် မပတ်ခြင်း။)
• လိင်မှုဆိုင်ရာကိစ္စရပ်များအပေါ် မှန်ကန်သော ခံယူချက် ရှိရဲ့လား။
• အပေါင်းအသင်း၊ သူငယ်ချင်းများတွင် အန္တရာယ် ရှိသော အကျင့်စရိုက်၊ အပြုအမူနှင့် ပြောဆို ဆက်ဆံမှုများရှိနေသလား။

No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...