အထွေထွေ
၁၂.၁ သွားနှင့်ခံတွင်းကျန်းမာရေး
သွားနှင့်ခံတွင်းရောဂါများတွင် အဖြစ်များသောရောဂါများမှာ သွားပိုးစားရောဂါနှင့် သွားဖုံးရောဂါများဖြစ်ပါသည်။ သွားပိုးစားရောဂါ (သွားဆွေးမြေ့ခြင်းရောဂါ)နှင့် သွားဖုံးရောဂါများမှာ အခြေခံအားဖြင့် သွားနှင့်သွားဖုံးပတ်ပတ်လည်တွင်ရှိသော သွားချေးလွှာမှ ဘက်တီးရီးယား ပိုးများ၏ အဆိပ်များ ဝင်ရောက်ခိုအောင်းခြင်းမှ စတင်ခြင်းဖြစ်ပါသည်။ ရောဂါပိုးဝင်ရောက်၍ ဖြစ်ပွားမှုမှာ လူတစ်ယောက်၏ အလေ့အကျင့်၊ ခန္ဓာကိုယ်၏တုန့်ပြန်နိုင်သော ကိုယ်ခံအားပေါ်တွင်လည်း မူတည်ပါသည်။ ထိုအချက်များကြောင့်ပင် မကူးစက် နိုင်သောရောဂါများနှင့် သွားနှင့်ခံတွင်းရောဂါများမှာ ဆက်စပ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။
သွားပိုးစားခြင်းရောဂါ
သွားချေးလွှာထဲမှ ဘက်တီးရီးယားသည် အစားအစာထဲမှ သကြားဓာတ်ကို အက်ဆစ်ဓာတ်အဖြစ်သို့ ပြောင်းလဲစေပါသည်။ သွားထဲမှ သတ္တုဓာတ် (ကယ်လ်စီယမ်၊ ဖော့စဖိတ်)တို့သည် အက်ဆစ်ဓာတ်ထဲတွင် ပျော်ဝင်တတ်ပြီး သွားမျက်နှာပေါ်တွင် အပေါက်ဖြစ်ပေါ်စေပါသည်။
ရောဂါလက္ခဏာများ
• သွားဦးခေါင်းပိုင်းရှိ ေြွကသွားလွှာတွင်ဖြစ်သော သွားပိုးစားရောဂါသည် နာကျင်မှုကိုမဖြစ်စေပါ။
• သွားအနှစ်လွှာ (ဆင်စွယ်နှစ်လွှာ)ကိုရောက်သောအခါ သွားပိုးစားရောဂါသည် နာကျင်မှုကိုဖြစ်ပေါ်စေပါသည်။
• သွားကြောလွှာ (သွေးကြောများ၊ အာရုံကြောများ) ရှိသောအလွှာသို့ ကူးစက်သွားသော သွားပိုးစားရောဂါသည် ပြင်းထန်သော နာကျင်မှုကို ဖြစ်စေပါသည်။တစ်ခါတစ်ရံ ဘက်တီးရီးယားပိုး အဝင်ခံရသော သွားကြောလွှာသည် သေသွားနိုင်ပြီး သွားလည်း ကွဲအက် ပျက်စီးသွားတတ်ပါသည်။
• ဘက်တီးရီးယားကူးစက်ခြင်းသည် သွားဖုံးထိပ်သို့ရောက်သောအခါ သွားဖုံးရိုးတွင် သွားပြည်တည်နာကို ဖြစ်စေပြီး သွားရှိနေသည့် မေးရိုး နှင့် မျက်နှာရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေပါသည်။ ရောင်ရမ်းခြင်းသည် မျက်နှာပြင်တစ်လျှောက် အနှံ့အပြားသို့ ရောက်ရှိ သွားနိုင်ပြီး သွေးကြောများမှတစ်ဆင့် ဦးနှောက်ထဲသို့ ပိုးဝင်ရောက်ခြင်းကြောင့်လည်းကောင်း၊ မျက်နှာအောက်ပိုင်းသို့ ပျံ့နှံ့သွားလျှင် အသက်ရှူရ ခက်ခဲခြင်းကြောင့်လည်းကောင်း အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။
သွားပိုးစားရောဂါ ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများ
၁။ ဘက်တီးရီးယားလွှာ (သွားချေးလွှာ)ကို ကင်းရှင်းစေခြင်း။ (ဥပမာ- စနစ်မှန်သွားတိုက်ခြင်း၊ အစာစားပြီးတိုင်း ပလုတ်ကျင်းပေးခြင်း၊ သွားပွတ်ကြိုးအသုံးပြုခြင်း)
၂။ သွားအတွက်သင့်လျော်သော အစားအသောက်များကိုစားသောက်ပေးခြင်း (ဥပမာ-ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ) ၃။ ဖလိုရိုဒ်ဓာတ်ပါသော သွားတိုက်ဆေးကို အသုံးပြုခြင်း
သွားပိုးစားခြင်းရောဂါကုသခြင်း
ကုသမှုများသည် သွား၏အခြေအနေပေါ်တွင် မူတည်ပါသည်။
၁။ အခြေခံကျန်းမာရေးလုပ်သားက အရေးပေါ်ဆေးထည့်ပေးခြင်း^ ရှေးဦးပြုစုခြင်း ၂။ သွားဆရာဝန်ထံသွားပြီး ယာယီသွားဖာထေးခြင်းနှင့် အပြီးသွားဖာထေးခြင်း
၃။ သွားဝန်းကျင်တွင်ဖြစ်သော ပြည်တည်နာအတွက် ဘက်တီးရီးယားကိုသေစေသော ပဋိဇီဝဆေးပေးပြီး သွားနှုတ်ရန် လိုအပ်ပါက သွားဆရာဝန်ထံ စေလွှတ်ပေးခြင်း
သွားဖုံးရောဂါ
သွားပတ်လည်ရှိ သွားချေးလွှာများမှ ဘက်တီးရီးယားများ၏ အဆိပ်များကြောင့် သွားဖုံးများ၊ သွားမြစ်ဝန်းကျင် တစ်သျှူးများ၊ သွားဖုံးရိုး များတွင် နဂိုအရောင်မှ နီမြန်းလာပြီး ရောင်လာခြင်း၊ သွေးထွက်လာခြင်းဖြစ်သည်။
သွားဖုံးရောဂါဖြစ်စေသောအချက်များ
၁။ ဆေးလိပ်သောက်ခြင်း
၂။ ကွမ်းစားခြင်း
၃။ ဆီးချိုရောဂါအခံရှိနေခြင်း
၄။ အမျိုးသမီးများ၏ အပျိုဖော်ဝင်ချိန်၊ ကိုယ်ဝန်ဆောင်ချိန်နှင့် သွေးဆုံးချိန်များတွင် ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း ၅။ ဆေးဝါးကြာရှည် စွဲသောက်နေသူများတွင် ၎င်းင်းဆေးဝါး၏ဆိုးကျိုးကြောင့်ဖြစ်ခြင်း
၆။ ခုခံအားကျဆင်းမှုကူးစက်ရောဂါ (ဥပမာ- ဗှီုှ)များတွင် ဆက်နွယ်၍ဖြစ်ခြင်း ၇။ သွားနှင့် ခံတွင်း သန့်ရှင်းမှုအားနည်းခြင်း
၈။ သွားတိုက်နည်းစနစ် မမှန်ခြင်း
ရောဂါလက္ခဏာများ
၁။ သွားဖုံးများ နီရဲပြီးရောင်နေခြင်း^နာခြင်း ၅။ သွားများလှုပ်ခြင်း
၂။ သွားဖုံးများကို ထိလိုက်သောအခါ နာပြီး သွေးထွက်ခြင်း ၆။ သွားကျဉ်မှုကို ခံစားရခြင်း
၃။ အစာဝါးသောအခါ နာခြင်း ၇။ သွားဖုံးများနိမ့်ကျပြီး သွားအမြစ်များပေါ်လာခြင်း (သွားရှည်ထွက်လာခြင်း)
၄။ ခံတွင်းအနံ့ဆိုးများမပျောက်ခြင်း ၈။ သွားကြားတွင်အစာညပ်ခြင်း၊ သွားဖုံးများယားယံခြင်း
ကာကွယ်နိုင်မည့် နည်းလမ်းများ
၁။ စနစ်မှန်သွားတိုက်နည်းဖြင့် အနည်းဆုံး တစ်နေ့နှစ်ကြိမ် သွားတိုက်ပေးခြင်းဖြင့် သွားချေးလွှာများကို ဖယ်ရှားပါ။
၂။ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို မျှတစွာ စားပေးခြင်းဖြင့် သွားမြစ်ဝန်းကျင် တစ်ရှူးများအားကောင်းလာ စေပါသည်။
၃။ ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးခြင်း၊ ကွမ်းစားခြင်းများသည် သွားဖုံးနှင့် သွားရောဂါများကို ပိုမိုဆိုးရွားစေသဖြင့် ရှောင်ကြဉ်ပါ။
သွားဆရာဝန်ထံ (၆) လ တစ်ကြိမ် ပုံမှန်ပြသ စစ်ဆေးမှုခံယူပါ။
သွားဖုံးရောဂါကုသခြင်း
၁။ သွားချေးလွှာနှင့် သွားချေးကျောက်များကို သွားဆရာဝန်ထံ၌ ကုသမှုခံယူပြီး ဖယ်ရှားခြင်း။
၂။ သွားဖုံးပြည်တည်နာအတွက် ဘက်တီးရီးယားကိုသေစေသော ပဋိဇီဝဆေးနှင့် အကိုက်အခဲပျောက်ဆေးပေးပြီး သွားဆရာဝန်ထံ စေလွှတ်ပေးခြင်း။
ကိုယ်ဝန်ဆောင်မိခင်များ၏ ခံတွင်းကျန်းမာရေး သတိပြုရန်အချက်အလက်များ
• ကိုယ်ဝန်ဆောင်ချိန်တွင် ဟော်မုန်းအတက်အကျ ဖြစ်သောကြောင့် အစာစားခြင်း၊ သွားတိုက်ခြင်းစသည့် သာမာန်ကိစ္စများ ပြုလုပ်စဉ်မှာပင် သွားဖုံးမှ သွေးထွက်ခြင်း၊ ရောင်ရမ်းခြင်း၊ အနာဖြစ်ခြင်းတို့ဖြစ်တတ်ပါသည်။
• ထိုကဲ့သို့ ကြုံတွေ့ရပါက သွားတိုက်ခြင်းကို ရပ်တန့်ရန်မလိုပါ။ ခါတိုင်းထက်ပိုမိုဂရုပြု၍ သွားကိုဆက်လက်တိုက်ရန်လိုပါသည်။
• ရက်သတ္တပတ် တစ်ပတ်ကျော်သည်အထိ သွေးထွက်ခြင်း၊ ရောင်ရမ်းခြင်း ရှိနေသေးလျှင် သွားဆရာဝန်၊ သားဖွားမီးယပ်အထူးကုဆရာဝန် များနှင့် ပြသ ဆွေးနွေး ကုသမှုခံယူပါ။
• ကိုယ်ဝန်ဆောင်မိခင်တွင် သွားချေးလွှာ၊ သွားချေးကျောက်များရှိနေပါက သွားချေးလွှာများမှ ဘက်တီးရီးယား အဆိပ်များသည် မိခင်၏ သွေးလည်ပတ်မှုမှတဆင့် အချင်းကိုဖြတ်ပြီး သန္ဓေသားဆီသို့ ရောက်ရှိသွားပါသည်။
• ဘက်တီးရီးယားပိုးဝင်ရောက်မှုကြောင့် အချင်း၏အမြှေးပါးများရောင်ရမ်းပြီး သန္ဓေသားကြီးထွားမှုကို နှောင့်နှေးစေပါသည်။
• ဆိုးရွားသောရလဒ်အဖြစ် ကိုယ်ဝန်ဆိပ်တက်ခြင်း၊ ပေါင်မပြည့်ဘဲမွေးဖွားခြင်း၊ လမစေ့ဘဲမွေးဖွားခြင်း၊ မွေးရာပါရောဂါများပါလာခြင်းတို့ ဖြစ်တတ်ပါသည်။
• ကိုယ်ဝန်ရှိသည်နှင့်တပြိုင်နက် သွားနှင့် ခံတွင်းကျန်းမာရေးကို စစ်ဆေးထားသင့်ပါသည်။
• ထို့ကြောင့်ကိုယ်ဝန်ဆောင်ကာလ၏ (၄)လမြောက်ကာလမှ (၇)လမြောက်ကာလအတွင်း သွားချေးကျောက်များကို သွားဆရာဝန်ထံ၌ ကုသမှုခံယူပြီး ဖယ်ရှားပစ်ရပါမည်။
စနစ်မှန်သွားတိုက်နည်း
၁။ သွားပွတ်တံသုံး၍ ဖလိုရိုဒ်သွားတိုက်ဆေးနှင့် တစ်နေ့နှစ်ကြိမ် (နံနက်စာ စားပြီးချိန်နှင့် ညအိပ်ယာ မဝင်မီ) သွားတိုက် ခြင်းဖြင့် သွားပိုးစားရောဂါနှင့် သွားဖုံးရောဂါများကို ထိရောက်စွာ ကာကွယ်နိုင်သည်။
၂။ သွားတိုက်ရာတွင် သွားပွတ်တံအမျှင်များကို သွားဖုံးစပ်မှနေ၍ သွားဖက်သို့ဆွဲတိုက်၍ အပေါ်သွား၊ အောက်သွား၊ ရှေ့သွား၊ နောက်သွား အတွင်းအပြင်သွားမျက်နှာပြင်နှင့် သွားကြိုသွားကြားမကျန် သွားတိုက်ဆေးနှင့် ထိစပ်ရန်အရေးကြီးသည်။
၃။ သွားတိုက်လေ့မရှိသေးသူများ သွားစတိုက်သည့်အခါ သွေးထွက်လေ့ရှိသည်။ တစ်နေ့နှစ်ကြိမ် ဆက်၍သွားတိုက်ခြင်းဖြင့် တစ်ပတ် အတွင်း သွားဖုံးမှသွေးထွက်ခြင်း ပျောက်ကင်းနိုင်သည်။
၄။ ဖလိုရိုဒ်သွားတိုက်ဆေး အာနိသင်လျော့မသွားစေရန် သွားတိုက်အပြီး ရေနှင့်ပလုပ်ကျင်းရန်မလိုဘဲ ပိုနေသော သွားတိုက်ဆေးအမြုပ်များကို ထွေးပစ်ရန်သာဖြစ်သည်။
၅။ အသက်ခြောက်နှစ်အောက်ကလေးများ သွားတိုက်ရာတွင် ဖလိုရိုဒ်သွားတိုက်ဆေးကို ကုလားပဲစေ့တစ်ခြမ်းခန့်သာထည့်ပါ။ အသက်ခြောက်နှစ်အောက်ကလေးများ သွားတိုက်ခြင်းကို မိဘ၊ အုပ်ထိန်းသူများက ပြုလုပ်ပေးပါ။ သို့မဟုတ် ကြီးကြပ် ပေးပါ။
၆။ အသက်သုံးနှစ်အောက်ကလေးများ တစ်နေ့တစ်ကြိမ် သွားတိုက်စေ၍ အသက်သုံးနှစ်ကျော်လျင် တစ်နေ့နှစ်ကြိမ် သွားတိုက်ပါ။ လျှာကိုပါ တိုက်ပေးပါ။
၇။ သွားတိုက်တံကို မျှဝေမသုံးရ။
၈။ သွားတိုက်တံ တစ်ချောင်းကို (၃)လ ထက်ပိုမသုံးပါနှင့်။
အခြားသွားနှင့် ခံတွင်းရောဂါများ
က။ ခံတွင်းကင်ဆာ
ခ။ သွားမျက်နှာပြင်များ ပြုန်းတီးခြင်း
ဂ။ သွားများမညီမညာဖြစ်ခြင်း ဃ။ နှုတ်ခမ်းကွဲ အာခေါင်ကွဲ
က။ ခံတွင်းကင်ဆာ
အပိုင်း(၈)၊ စာမျက်နှာ ၁၅၂တွင် ကြည့်ရန်
ခ။ သွားမျက်နှာပြင်များ ပြုန်းတီးခြင်း
• အသက်ကြီးရင့်၍ ဇီဝကမ္မဖြစ်စဉ်ကြောင့် ဖြစ်ရခြင်း
• ဓာတုပစ္စည်းများ (ဥပမာ အချဉ်ဓာတ်ပါဝင်သော အရည်များ)ကို နှစ်ကြာရှည်စွာ သောက်သုံးခြင်း
• သွားတိုက်နည်းစနစ် မှားယွင်းခြင်း
• ကြမ်းတမ်းသော အမှုန့်များဖြစ်သည့် မီးသွေး၊ ဖွဲပြာတို့ဖြင့် သွားတိုက်ခြင်း
• ညအချိန် အံကြိတ်တတ်ခြင်း
• ကွမ်းယာစားသည့် အလေ့အကျင့်ရှိခြင်းတို့ကြောင့် ဖြစ်နိုင်သည်။
ဂ။ သွားများမညီမညာဖြစ်ခြင်း
သွားရောဂါမဟုတ်သော်လည်း သွားနှင့် ခံတွင်းဆိုင်ရာပြဿနာများတွင် အဖြစ်များသော ပြဿနာတစ်ခုမှာ သွားခေါခြင်း၊ သွားထပ်ခြင်းနှင့် သွားမညီမညာခြင်းတို့ဖြစ်ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ-
• ကလေးဘဝတွင် လက်မစုပ်ခြင်း
• လက်သည်း၊ လက်ထိပ်တို့ကို အမြဲကိုက်တတ်ခြင်း
• ပါးစပ်ဖြင့် အသက်ရÈခြင်းနှင့် လျှာဖြင့် သွားများကို အမြဲတွန်းထုတ်တတ်ခြင်းတို့ကြောင့် ဖြစ်ပါသည်။
ဃ။ နှုတ်ခမ်းကွဲ အာခေါင်ကွဲ
• မျိုးရိုးလိုက်ခြင်း
• အသက် (၃၅)နှစ် အထက် ကိုယ်ဝန်ဆောင်မိခင်မှ မွှေးသော ကလေးများတွင်ဖြစ်တတ်ခြင်း
• ကိုယ်ဝန်ဆောင်စဉ် ပထမ(၃)လတွင် မိခင်မှ ဝက်သတ်ပေါက်ခြင်း၊ အာဟာရချို့တဲ့ခြင်း၊ လိမ့်ကျခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ သန္စေသားအား ထိခိုက်စေတတ်သော ဆေးများအား သုံးစွဲမိခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးများ မွေးလာခဲ့ပါက သက်ဆိုင်ရာ ဆရာဝန်နှင့်ဆွေနွေးတိုင်ပင်ကာ ကလေး၏ကျန်းမာရေးအတွက် အကြံဉညဏ််််ရယူသင့်ပါသည်။
၁၂.၂ စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတုပစ္စည်းများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခြင်း
ပိုးသတ်ဆေးဖျန်းသည့်အခါ
• အဝတ်အစားကို လုံခြုံစွာ ဝတ်ဆင်ပါ။
• ဦးထုပ်၊ လက်အိတ်၊ နှာခေါင်းစည်း၊ လည်ရှည်ဖိနပ်စသော တစ်ကိုယ်ရေသုံး ကာကွယ်ရေးပစ္စည်းများကို ဝတ်ဆင်ပြီးမှ ဆေးဖျန်းပါ။
• လေတင်အရပ်မှနေ၍် ဆေးမဖျန်းရ။
• ဆေးဖျန်းစဉ် အစားအသောက် မစားရ၊ ကွမ်းမစားရ၊ ဆေးလိပ်မသောက်ရ။
• ဆေးဖျန်းခေါင်းပိတ်နေပါက ပါးစပ်ဖြင့် မမှုတ်ရ။
ပိုးသတ်ဆေးဖျန်းပြီးလျှင်
• မျက်နှာနှင့်လက်များကို ဆပ်ပြာနှင့်စင်ကြယ်စွာ ဆေးကြောပါ။ ရေချိုးပါ။
• တစ်ကိုယ်ရေသုံး ကာကွယ်ရေး ဝတ်စုံများကို လျှော်ဖွပ်ပါ။
• ပိုးသတ်ဆေးများကို ကလေးများ လက်လှမ်းမမီသောနေရာတွင် သော့ခပ်သိမ်းပါ။
• ဘူးခွံဟောင်းများ၊ အိတ်ခွံဟောင်းများကို အစားအသောက် မထည့်ရ။ ဆီပုံး၊ ဆန်ပုံး၊ ရေပုံးအဖြစ် မသုံးရ။
• အစားအသောက်နှင့် ပိုးသတ်ဆေးကို အတူရောနှော မထားရ။
ပိုးသတ်ဆေးအဆိပ်သင့်လျှင် -နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းသွားပါ။ ပိုးသတ်ဆေးဘူးကိုပါ ဆေးရုံသို့ ယူဆောင်သွားပါ။
အဆိပ်သင့်ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများ
ရုတ်တရက် အဆိပ်သင့်လျှင် ချက်ချင်းသေတတ်သည်။ ခန္ဓာကိုယ်ထဲသို့ နည်းနည်းချင်းနှင့် နှစ်ရှည်ဝင်ပါက သားလျှောခြင်း၊ မျိုးဆက်ပွား ကျန်းမာရေး ထိခိုက်ခြင်း၊ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြင်းအထိ ဖြစ်နိုင်သည်။
၁၂.၃ ဟင်းသီးဟင်းရွက်၊သစ်သီးဝလံများစားသုံးရာတွင် အန္တရာယ်ကင်းစေရေး
ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများစားသုံးရာတွင် သဘာဝအတိုင်းမဟုတ်ပဲ ပြုပြင်ထားသော ဟင်းသီးဟင်းရွက်သစ်သီးဝလံများ၊ ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာစသည့် ဓာတုပစ္စည်း များပါဝင်သည့်ဟင်းသီးဟင်းရွက်များကို စားသုံးမိခြင်းကြောင့် လတ်တလောတွင် ဝမ်းပျက် ဝမ်းလျောခြင်း၊ ဗိုက်ရစ်နာခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက်မူးဝေခြင်း တို့ဖြစ်ပေါ်လာနိုင်ပြီး နောက်ပိုင်းတွင် ဦးနှောက်နှင့် အာရုံကြောထိခိုက်ခြင်း၊ မျိုးပွားနိုင်စွမ်းလျော့နည်းခြင်း၊ သန္ဓေသား ချို့ယွင်းမှုဖြစ်ခြင်း၊ နှင်းခူရောဂါဖြစ်ခြင်း၊ ကင်ဆာရောဂါဖြစ်ပွားခြင်း စသည့်တို့ ဖြစ်ပွားတတ်ပါသည်။
• ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများ စားသုံးရာတွင် ကျန်းမာရေး နှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းစေရန် ဓါတုဆေးများအသုံးပြု၍ ဝါဝင်းနေအောင်ပြုလုပ်ထားသော သစ်သီးများကိုစားသုံးခြင်းမှရှောင်ကြဉ်ခြင်း၊
• ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံစိုက်ခင်းများတွင် အသုံးပြုသည့် ပိုးသတ်ဆေးများနှင့် ဓါတုပစ္စည်းများ အစားအသောက်ထဲတွင်မပါဝင်စေရန် ဟင်းသီးဟင်းရွက်များကို မလှီးဖြတ်ခင် ရေသန့်သန့်နှင့် စင်ကြယ်စွာ ဆေးကြောပြီးမှ ချက်ပြုတ်စားသုံးခြင်း၊
• အစိမ်းစားမည့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို ဆားရည်တွင် (၁၅)မိနစ်ခန့် စိမ်ထားပြီး ရေသန့်သန့်ဖြင့် အထပ်ထပ် ဆေးပြီးမှ စားသုံးခြင်း၊ သဘာဝအတိုင်း စိုက်ပျိုး ရောင်းချသော ဟင်းသီးဟင်းရွက် သစ်သီးဝလံများကို စားသုံးခြင်းစသည့်အချက်များကို လိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ပါသည်။
• ဟင်းသီးဟင်းရွက် စိုက်ပျိုးရောင်းချသူများမှလည်း ပိုးသတ်ဆေးဘူးပါ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပိုးသတ်ဆေး အာနိသင်ပြယ်သည့်အချိန်ထိ စောင့်ပြီးမှသာ ဈေးကွက်သို့ တင်ပို့ရောင်းချသင့်ပါသည်။
၁၂.၄ အစာအဆိပ်သင့်ခြင်း
မသန့်ရှင်းသော အစားအသောက်များနှင့် အဆိပ်အတောက်ဖြစ်စေနိုင်သော အစားအစာများကို စားသုံးခြင်းကြောင့် ဖြစ်ပွားတတ်ပါသည်။ အစာအဆိပ်သင့်ဖြစ်ပွားမှု အများစုမှာ ရောဂါပိုးများကြောင့် ဖြစ်ပွားတတ်ပြီး အခြားအဆိပ်အတောက်ဖြစ်စေသော ဓာတုပစ္စည်းများ၊ စားသုံးရန် မသင့်တော်သည့် အပင်၊ သစ်ဥသစ်ဖုများနှင့် ငါး၊ ခရုများရှိ အဆိပ်ဖြစ်စေသော ဓာတ်ပစ္စည်းများကြောင့်လည်း ဖြစ်ပွားတတ်ပါသည်။
အစာအဆိပ်သင့်ဖြစ်စေနိုင်သည့် အကြောင်းအရင်းများ
(၁) ရောဂါပိုးကြောင့် အစာအဆိပ်သင့်ခြင်း
• အသားစိမ်း၊ ငါးစိမ်းများစားသုံးခြင်း
• မကျက်တကျက်ချက်ပြုတ် ထားသောအသားနှင့် ပင်လယ်စာများစားသုံးခြင်း
• မသန့်ရှင်းသော အစားအစာများ၊ ရက်လွန်အစားအစာများ စားသုံးခြင်း
• မသန့်ရှင်းသော နို့နှင့်နို့ထွက်ပစ္စည်းများ စားသုံးခြင်း၊
• သိုးနေသော ထမင်းနှင့်ဟင်းများ စားသုံးခြင်း၊
• အမှည့်လွန်သစ်သီးများကို စားသုံးခြင်း၊
• မသန့်ရှင်းသော အိုးခွက်ပန်းကန်များ (သို့) မသန့်ရှင်းသောလက်ဖြင့် အစားအစာချက်ပြုတ် ပြင်ဆင်စားသုံးခြင်း၊
(၂) ဓာတုပစ္စည်းများကြောင့် အစာအဆိပ်သင့်ခြင်း၊
• စားသုံးရန်မသင့်တော်သည့် မှို၊ အသီးအရွက်၊ သစ်သီးသစ်ဖု၊ ငါးခရုများစားသုံးခြင်း၊ တွဲဖက်မစားသင့်သော အစားအစာများ စားသုံးခြင်း
• ဓာတုပစ္စည်းများဖြစ်သော အင်ဂျင်ဝိုင်၊ ဒီဇယ်၊ မက်သနော၊ ပိုးသတ်ဆေး စသည်တို့ ထည့်ထားသည့် ပုလင်း၊ ပုံး၊ ခွက်စသည် တို့တွင် အစားအသောက်နှင့် ရေများထည့်၍ စားသောက်ခြင်း၊
• ဘက်တီးရီးယားပိုးပေါက်၍ ဖောင်းနေသော စည်သွပ်ဖူးများအား စားသုံးမိခြင်း
• သန့်စင်မှုအားနည်း၍ မက်သနောပါဝင်မှုများသော အရက်များသောက်မိခြင်း၊
အစာအဆိပ်သင့် လက္ခဏာများ
မူးဝေခြင်း၊ အော့အန်ခြင်း၊ ဗိုက်နာခြင်း၊ အရည်ဝမ်းသွားခြင်း၊ ဖျားခြင်း၊ ကိုယ်လက် မအီမသာဖြစ်ခြင်း၊ ယားယံခြင်း၊ မျက်စိပြာဝေခြင်း၊ သွေးပေါင်ချိန်ကျခြင်း တက်ခြင်း၊ ချွေးထွက်များခြင်း၊ သတိလစ်ခြင်းတို့ဖြစ်ပွားနိုင်ပြီး အသက်ပါဆုံးရှုံးနိုင်ပါသည်။ အစားအစာစားသုံးပြီးချိန် မိနှစ်ပိုင်းအတွင်း အစာအဆိပ်သင့်သည့် လက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်၍ ချက်ချင်းဆေးကုသမှု ခံယူပါ။
အစာအဆိပ်သင့် ဖြစ်ပွားမှုများကာကွယ်ရန်
(၁) သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ၊ အသားများကိုသာ ရွေးချယ်စားသုံးပါ။
(၂) ရက်လွန်အစားအစာများ၊ ပုပ်သိုးနေသောအစားအစာများ၊ အမှည့်လွန်သစ်သီးဝလံများ၊ သံချေးတက် ပုံပျက်နေသော စည်သွပ်ဘူးများအား စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။
(၃) အိမ်သာအသုံးပြုပြီးလျှင် (သို့) အစားအစာကိုင်တွယ် ချက်ပြုတ်ပြင်ဆင်ခြင်းမပြုမီ လက်ကိုဆပ်ပြာဖြင့် သေချာစွာဆေးကြောပါ။
(၄) အသီးအရွက်၊ သားငါးများကို ရေဖြင့် စင်ကြယ်စွာဆေး၍ ကျက်အောင်ချက်ပြုတ်စားသောက်ပါ။
(၅) အစားအစာချက်ပြုတ်ပြီး မကြာမီအချိန်အတွင်း ပူပူနွေးနွေးစားသုံးပါ။ လတ်တလော မစားသုံးဖြစ်သေးပါက ရေခဲသေတ္တာထဲတွင် အပူချိန်
(၅) ဒီဂရီစင်တီဂရိတ်အောက်၌ သိမ်းပြီး (၆၀) ဒီဂရီစင်တီဂရိတ်အထိ ပြန်နွှေးပြီးမှ စားသုံးပါ။
(၆) ချက်ပြုတ်ပြီးအစားအစာနှင့် မချက်ပြုတ်ရသေးသော အစားအစာများအား လှီးဖြတ်ရာတွင် ဓားနှင့် စဉ်းတီတုံးများကို သပ်သပ်စီ ခွဲခြားအသုံးပြုပါ။
(၇) ချက်ပြုတ်ပြီးအစားအစာနှင့် မချက်ပြုတ်ရသေးသော အစားအစာများအားရောနှော သိုလှောင်သိမ်းဆည်း မပြုရပါ။
(၈) ဝမ်းပျက်ဝမ်းလျှောရောဂါလူနာများအနေဖြင့် အစားအစာများအား ကိုင်တွယ်ပြင်ဆင် ချက်ပြုတ်ခြင်း မပြုသင့်ပါ။
(၉) စားြွကင်းစာကျန်များထည့်ထားသော အမှိုက်ပုံးအား သေချာစွာဖုံးအုပ်ထားရန်နှင့် မပြည့်လျှံမီ စွန့်ပစ်ပါ။
(၁၀) ြွကက်နှင့်ယင်များ မခိုအောင်းနိုင်စေရန် မီးဖိုချောင်အား သန့်ရှင်းသပ်ရပ်စွာထားပါ။
(၁၁) မက်သနောပါဝင်မှုများသော အရက်သေစာသောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။
(၁၂) အမျိုးအမည်မသိ၊ မစားသောက်ဖူးသောမှို်၊ အရွက်များ၊ သစ်သီးသစ်ဖုနှင့် ပင်လယ်စာများ သတိထား၍ စားသောက်ပါ။
၁၂.၅ ပြဒါးဓာတ်အဆိပ်သင့်အန္တရာယ်
ပြဒါးအသုံးပြုနေသော လုပ်ငန်းများ
၁။ ရွှေ၊ ငွေ တူးဖော် ထုတ်လုပ်ခြင်းများ
၂။ အိမ်သုံးပစ္စည်းများ (ဥပမာ- မီးချောင်းများ၊ အိမ်သုတ်ဆေးများ)
၃။ ဆေးပစ္စည်းကိရိယာများ (ဥပမာ-အပူချိန်တိုင်းကိရိယာများ၊ သွေးပေါင်ချိန်တိုင်းကိရိယာများ၊ သွားနှင့် ပတ်သက်သော လုပ်ငန်းများ) ၄။ လယ်ယာသုံးပစ္စည်းများ (ဥပမာ - မှိုသတ်ဆေးများ)
၅။ အလှကုန်ပစ္စည်းများ (ဥပမာ- မိတ်ကပ်များ၊ ပေါင်ဒါများ) စသည်ဖြင့်
ပြဒါးနှင့်ထိတွေ့နေရသူများ
• ရွှေငွေတူးဖော် ထုတ်လုပ်သောလုပ်သားများ
• ကျန်းမာရေးဝန်ထမ်းများ
• မီးချောင်း၊ အိမ်သုတ်ဆေး စသော အိမ်သုံးပစ္စည်းများ ထုတ်လုပ်သော လုပ်သားများ
• အလှကုန်ပစ္စည်းထုတ်လုပ်သော လုပ်ငန်းများ
• ပြဒါးအသုံးပြုနေသော လုပ်ငန်းများ၏ အနီးပတ်ဝန်းကျင်ရှိ ပြည်သူလူထု
• ပြဒါးပါဝင်သောပစ္စည်းများကို သုံးစွဲသူများ
လူခန္ဓာကိုယ်အတွင်းသို့ ပြဒါးဓာတ်ဝင်ရောက်နိုင်သည့် နည်းလမ်းများ
၁။ အသက်ရှူလမ်းကြောင်းမှ တဆင့် ဝင်ရောက်ခြင်း (အများဆုံးဝင်ရောက်နိုင်သော လမ်းကြောင်းဖြစ်သည်) ၂။ အစာအိမ်နှင့် အူလမ်းကြောင်းမှ တဆင့်ဝင်ရောက်ခြင်း
၃။ အရေပြားမှတဆင့် ဝင်ရောက်ခြင်း
ပြဒါးဓာတ်အဆိပ်သင့်ခြင်းကြောင့် ကျန်းမာရေးထိခိုက်မှုများ
၁။ လတ်တလောထိတွေ့မှုကြောင့် ဖြစ်နိုင်သော ကျန်းမာရေးထိခိုက်မှုများ
• ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း၊ အဆုတ်ရောင်ခြင်း
• ခံတွင်းရောင်ရမ်းခြင်း
• အန်ခြင်း၊ ဝမ်းလျှောခြင်း
• ဆီးနည်းခြင်း၊ ကျောက်ကပ်ပျက်ခြင်း
၂။ ကြာရှည်စွာထိတွေ့မှုကြောင့်ရနိုင်သော ကျန်းမာရေးထိခိုက်မှုများ
• ခြေ၊ လက်၊ ဦးခေါင်းတုန်ခြင်း
• လမ်းလျှောက်ပုံမမှန်ခြင်း
• ဆုပ်ကိုင်ထားသော အရာဝတ္ထုကို ပြန်လွှတ်ရန် ခက်ခဲခြင်း
• ပုံမှန်အိပ်စက်ချိန်ထက် ပိုမိုကြာမြင့်လာခြင်း
• သတိမေ့လျော့လာခြင်း
• သွားဖုံးရောင်ခြင်း၊ သွားဖုံးတွင် ခဲရောင်အတန်းတွေ့ရှိရခြင်း၊ ခံတွင်းထဲတွင် အနာပေါက်ခြင်း
• အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်လျော့ကျခြင်း
• နှင်းခူပေါက်ခြင်း
• ကျောက်ကပ်ပျက်ခြင်း
အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်တွင် ပြဒါးဓာတ်အဆိပ်သင့်ခြင်းကြောင့် ကိုယ်ဝန်ပျက်ခြင်း၊ ကလေးအသေမွေးခြင်းများဖြစ်နိုင်သည်။ အရှင်မွေးဖွားလာသော ကလေးများသည်လည်း ဦးနှောက်နှင့် အာရုံကြောထိခိုက်နိုင်ပြီး ကိုယ်ကာယဖွံ့ဖြိုးမှုနှင့် ညဏ််််ရည်ဖွံ့ဖြိုးမှုနှောင့်နှေးခြင်း များကို ကြုံတွေ့ရနိုင်ပါသည်။
ပြဒါးဓာတ်အဆိပ်သင့်ခြင်းမှ ကာကွယ်နိုင်မည့် နည်းလမ်းများ
၁။ အိမ်သုံးပစ္စည်းများ၊ ဆေးပစ္စည်းကိရိယာများ အသုံးပြုရာတွင် ပြဒါးနှင့် ဆက်နွယ်သော ပစ္စည်းများကို ရှောင်ကြဉ်ရပါမည်။ ၂။ ပြဒါးအစား အခြားသင့်တော်ရာများနှင့် အစားထိုးအသုံးပြုရပါမည်။
၃။ ပြဒါးနှင့်ဆက်စပ်နေသော လုပ်ငန်းများလုပ်ကိုင်ခြင်း၊ ပြဒါးကိုသိုလှောင်ခြင်းများပြုလုပ်ရာတွင် လူနေအဆောက်အဦ၏ ပြင်ပတွင်သာ ပြုလုပ်ရပါမည်။
၄။ ပြဒါးအရည်များဖိတ်စဉ်ပါက သင့်တော်သောနည်းလမ်းဖြင့် ဖိတ်စဉ်ထားသော ပြဒါးများကို ဖယ်ရှားရပါမည်။
ပြဒါးပမညဏ်််အနည်းငယ်ဖိတ်စဉ်ပါက (ဥပမာ- အပူချိန်တိုင်းကိရိယာကျကွဲခြင်း) ဖိတ်စဉ်ထားသော ပြဒါးများကို ဖယ်ရှားသော နည်းလမ်းကို ဆက်လက်ဖော်ပြထားပါသည်။
ပြဒါးပမာဏအနည်းငယ် (လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်) ဖိတ်စဉ်ပါက ဖယ်ရှားနည်း
• ပြဒါးရည်များဖိတ်စဉ်သောအခါ သေးငယ်သော အရည်လုံးများအဖြစ် ပြန့်ကျဲသွားကာ အခင်းမျက်နှာပြင်တွင် ကပ်သွားပြီး မျက်နှာပြင်ရှိ ကွဲနေသောနေရာများသို့ ဝင်ရောက်သွားသည်။
• ဖိတ်စဉ်သော ပြဒါးရည်များကို သုတ်ပစ်ခြင်း မပြုလုပ်ရပါ။ ထိုသို့ပြုလုပ်ပါက ပြဒါးရည်များ ပြန့်ကျဲသွားပြီး လေထုထဲသို့ ပြဒါးများ ပိုမိုအငွေ့ပျံနိုင်ပါသည်။
• ပြဒါးများ ဖိတ်စဉ်ထားသောနေရာသို့ ကလေးများမလာနိုင်အောင် တားဆီးရပါမည်။
• ရွှေနှင့်ပြုလုပ်ထားသော လက်ဝတ်ရတနာများကို ပြဒါးရည်များနှင့် ဝေးအောင်ဖယ်ရှားရပါမည်။
• ပထမဦးစွာ လက်အိတ်ဝတ်ဆင်ပါ။
• ဖန်ကွဲစများရှိပါက သေချာစွာ ကောက်ယူ၍ စက္ကူပေါ်တွင်တင်ပြီး ပလတ်စတစ်အိတ်ထဲသို့ ထည့်၍ လုံအောင်ပိတ်ပါ။
• ကတ်ထူစက္ကူကို အသုံးပြုပြီး ပြန့်ကျဲနေသော ပြဒါးအရည်လုံးများကို စုလိုက်ပါ။
• မျက်စဉ်းခပ်တံကဲ့သို့ အရည်စုပ်ယူနိုင်သော ကိရိယာကို အသုံးပြု၍ ပြဒါးရည်များကို စုပ်ယူလိုက်ပါ။
• စုပ်ယူပြီးပါက ပြဒါးရည်များကို တစ်ခါသုံးစက္ကူပဝါအစို (သို့) အဝတ်အစို တစ်ခုထဲသို့ ညှစ်ချလိုက်ပါ။ စက္ကူပဝါအစို (သို့) အဝတ်အစိုကို ပလတ်စတစ်အိတ်ထဲသို့ ထည့်ပါ။
• ကျန်ရှိနေသော ပြဒါးရည်များနှင့် ဖန်ကွဲအမှုန့်များကို တိတ်ဖြင့်ကပ်ယူလိုက်ပါ။
• ကပ်ယူထားသော တိတ်များကို ပလတ်စတစ်အိတ်ထဲသို့ ထပ်ထည့်ပါ။
• လက်အိတ်ကိုချွတ်ပြီး ထိုပလတ်စတစ်အိတ်ထဲသို့ ထပ်ထည့်၍ အိတ်ကိုလေလုံအောင်ပိတ်ပါ။
• ပလတ်စတစ်အိတ်များအားလုံးကို အမှိုက်သိမ်းအိတ်ထဲသို့ထည့်ြ့ပီး ဒေသရှိ အမှိုက်သိမ်းစနစ်အတိုင်း စွန့်ပစ်ရပါမည်။
• ပြဒါးဖိတ်စဉ်ထားသောအခန်းရှိ ပြတင်းပေါက်များကို ဖွင့်လှစ်ထားပြီး ပန်ကာကို ၂၄နာရီ ဖွင့်ထားကာ ကျန်ရှိနေသော ပြဒါးများကို အငွေ့ပြန်အောင် ပြုလုပ်ထားရပါမည်။
၁၂.၆ ခဲဆိပ်အန္တရာယ်
ခဲဆိပ်သင့်ခြင်းအန္တရာယ်ကို အများဆုံး ကြုံတွေ့နိုင်သူများ
၁။ ခဲနှင့် ထိတွေ့ကိုင်တွယ်ကြသည့် အလုပ်သမားများ (အထူးသဖြင့် အမျိုးသမီးလုပ်သားများ) ၂။ ကလေးသူငယ်များ (အထူးသဖြင့် ၄ နှစ်အောက် အရွယ်)
၃။ ကိုယ်ဝန်ဆောင်မိခင်လောင်းများ၊ နို့တိုက်မိခင်များ
ခဲဆိပ်သင့်အန္တရာယ်ရှိသည့် လုပ်ငန်းများ
၁။ ဘက်ထရီအိုး အဟောင်းများမှ ခဲသတ္တုပြားများကို ထုခွဲ၊ ကျိုချက်၍ လုပ်ငန်းခွင်သုံး ကုန်ကြမ်းအဖြစ် အသုံးပြုနိုင်သည့် ခဲတုံးများ ထုတ်လုပ်ခြင်း
၂။ ဘက်ထရီအိုးများ ပြုပြင်ထုတ်လုပ်ခြင်း (ဘက်ထရီအသစ်ထုတ်လုပ်သည့် စက်ရုံများအပါအဝင်) ၃။ ခဲသတ္တု တူးဖော်ခြင်း၊ သန့်စင်ကျိုချက်ခြင်း
၄။ ခဲကျိုချက်၍ လေသေနတ်ကျည်ဆန်များ၊ ငါးဖမ်းပိုက်သုံး ခဲလုံးများ၊ ခဲချောင်းများထုတ်လုပ်ခြင်း
၅။ စဉ့်အိုးလုပ်ငန်းတွင် ခဲတုံးများကို ထုထောင်း၊ အမှုန့်ကြိတ်၊ ခဲရည်ဖျော်၍ အိုးများတွင် ခဲရည်သုတ်ခြင်း
၆။ မော်တော်ယာဉ်များ၊ သင်္ဘောကိုယ်ထည်များ၊ တံတားများ၊ ဥမင်များ ပြုပြင်တည်ဆောက်ခြင်း၊ ဂဟေဆော်ခြင်း ၇။ မော်တော်ယာဉ်များ၏ ရေတိုင်ကီများ ပြုပြင်ထုတ်လုပ်ခြင်း
၈။ ေြွကထည်၊ မြေထည်နှင့် ရွှေငွေလက်ဝတ်ရတနာများ ထုတ်လုပ်ခြင်း (ရွှေပန်းထိမ်၊ ငွေပန်းထိမ်လုပ်ငန်း) ၉။ ခဲပါဝင်သော သုတ်ဆေးများ ထုတ်လုပ်ခြင်း
၁၀။ မိတ်ကပ်၊ ပေါင်ဒါ၊ ဆံပင်ဆိုးဆေး စသည်များ ထုတ်လုပ်ခြင်း
ခန္ဓာကိုယ်အတွင်းသို့ ခဲမှုန့်၊ ခဲငွေ့များ ဝင်ရောက်နိုင်သည့်နည်းလမ်းများ
၁။ အသက်ရှူလမ်းကြောင်းမှတဆင့် (အထူးသဖြင့် ခဲရည်ကျိုလုပ်ငန်းများမှ ဝင်ရောက်ခြင်း)
၂။ အစာလမ်းကြောင်းမှ တဆင့် (လုပ်ငန်းခွင်အတွင်းစားသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ကလေးသူငယ်များ လက်စုပ်ခြင်း၊ အရောင်ခြယ်ထားသည့် ကစားစရာအရုပ်များ ပါးစပ်အတွင်းသို့ ထည့်ခြင်းမှ ဝင်ရောက်ခြင်း)
၃။ အရေပြားမှ တဆင့် (ခဲပါဝင်သော မိတ်ကပ်၊ ပေါင်ဒါ၊ ဆံပင်ဆိုးဆေးများအသုံးပြခြင်းနှင့် ဘတ္ထ ရီလုပ်ငန်းများတွင် ခဲများကို တိုက်ရိုက် ကိုင်တွယ်ခြင်းမှ ဝင်ရောက်ခြင်း)
ကိုယ်ခန္ဓာအတွင်းသို့ ခဲဆိပ်ဝင်ရောက်မှု လျော့နည်းသွားစေရန်
• အဆီဓာတ်နည်း၍ ကယ်လ်စီယမ်ပါဝင်သော (နွားနို့၊ ဒိန်ချဉ်၊ ငါးကလေးများ၊ ဗာဒံစေ့)
• သံဓာတ်ပါဝင်သော (ကြက်ဥ၊ အသား၊ ငါးမျိုးစုံ၊ ကန်စွန်းရွက်၊ ဟင်းနုနယ်၊ ပေါက်ပန်းဖြူရွက်များ)
• ဇင့်ဓာတ်ပါဝင်သော (ဝက်သား၊ အမဲသား အသည်း၊ ကနုကမာ၊ ဂဏန်း) စသည့်အစားအသောက်များကို နေ့စဉ်မှန်မှန်စားသုံးပါ။
ခဲဆိပ်သင့်ခြင်းကြောင့်
ကိုယ်ဝန်ဆောင်မိခင်လောင်းများတွင်
• လမစေ့၊ ပေါင်မပြည့်သော ကလေး မွေးဖွားခြင်း
• ကိုယ်ဝန်ပျက်ကျခြင်း
• ကလေးအသေမွေးခြင်း
ကလေးသူငယ်များတွင် (အထူးသဖြင့် အသက်(၄)နှစ်အောက်)
• ဦးနှောက်နှင့် အာရုံကြောများ ထိခိုက်မှုကြောင့် ကိုယ်ပူခြင်း၊ ဖျားခြင်းမရှိဘဲ တက်ခြင်း
• ကိုယ်ကာယဖွံ့ဖြိုးကြီးထွားမှုနှင့် ညဏ််််ရည်ဖွံ့ဖြိုးမှုနှေးခြင်း
• နားကြားအာရုံ ချို့တဲ့ခြင်း
• ညဏ််််ထိုင်း၍ စာသင်ယူနိုင်မှု ခက်ခဲခြင်း
• ဂနာမငြိမ်ခြင်း၊ ရန်လိုခြင်း
• ပေါင်းသင်းဆက်ဆံရေး အဆင်မပြေခြင်း
လူကြီးများတွင်
• စားသောက်ချင်စိတ်မရှိခြင်း၊ ခံတွင်းပျက်ခြင်း
• ဝမ်းချုပ်ခြင်း၊ ဗိုက်နာခြင်း
• အဆစ်များ၊ ြွကက်သားများ နာကျင်ကိုက်ခဲခြင်း
• သွေးအားနည်းခြင်း၊ မောပန်းလွယ်ခြင်း
• ခြေလက်များ မလှုပ်ရှားနိုင်ခြင်း
• သွေးတိုးခြင်း၊ အာရုံစူးစိုက်မှု လျော့နည်းခြင်း၊ ရန်လိုတတ်ခြင်း
• လိင်စိတ်လျော့နည်းခြင်း၊ မြုံခြင်း
• ဦးနှောက်ရောင်ခြင်းကြောင့် တက်ခြင်း၊ မေ့မြောသတိလစ်ခြင်း၊ သေဆုံးခြင်း
ခဲဆိပ်သင့်ခြင်းအန္တရာယ် ကာကွယ်နိုင်မည့် နည်းလမ်းများ
• ခဲမှုန့်၊ ခဲငွေ့များထွက်သည့်လုပ်ငန်းများတွင် ကိုယ်ဝန်ဆောင်မိခင်လောင်းများ၊ နို့တိုက်မိခင်များနှင့် ကလေးသူငယ်များ၊ လုံးဝ အလုပ်မလုပ်သင့်ပါ။
• အလုပ်သမားများ လုပ်ငန်းခွင်မှ အိမ်သို့မပြန်မီ ကိုယ်လက်သန့်စင်ပါ။ ရေချိုးပါ။ အဝတ်လဲပါ။ လုပ်ငန်းခွင်သုံး ဝတ်စုံကို အိမ်သို့မယူရပါ။
• လုပ်ငန်းခွင်အတွင်း ဆေးလိပ်မသောက်ရ၊ အစားအစာ စားသောက်ခြင်းမပြုရ။
• လုပ်ငန်းခွင်သုံး ဦးထုပ်၊ နှာခေါင်းစည်း၊ လက်အိတ်အစရှိသည်တို့ကို စနစ်တကျသုံးပါ။ သန့်စင်အောင် လျော်ဖွပ်ပါ။
• ကလေးများ ပါးစပ်အတွင်းသို့ အရောင်ခြယ်ထားသော ကစားစရာအရုပ်များ၊ တွေ့ကရာပစ္စည်းများကို ကလေးများ ပါးစပ်အတွင်းသို့ မထည့်စေရန်၊ လက်ချောင်းများ မစုပ်စေရန် သတိပြုကာကွယ်ပါ။
• အစာမစားမီ လက်များကို စင်ကြယ်စွာဆေးပါ။
• အသီးအနှံများကို မစားမီ စင်ကြယ်စွာ ရေဆေးပါ။
• စဉ့်အိုး၊ စဉ့်အင်တုံ၊ စဉ့်ခွက်များနှင့် ချက်ပြုတ်ခြင်း၊ ချဉ်ဖတ်တည်ခြင်း စိမ်ရည်တည်ခြင်း၊ အရက်ချက်ခြင်းတို့ကို လုံးဝရှောင်ကြဉ်ပါ။
သက်ဆိုင်ရာတာဝန်ရှိဌာနများနှင့် လုပ်ငန်းရှင်များအနေဖြင့် အစားအသောက် အလှကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် ခဲကိုလုံးဝထည့်သွင်း အသုံးမပြုစေရန် သတိပေးတားမြစ်ပါ။
ခဲမှုန့်၊ ခဲရည်၊ ခဲငွေ့များထွက်ရှိသည့် လုပ်ငန်းများအားလုံးကို လူနေအိမ်များ ဝေးကွာသော နေရာများတွင်သာ သက်ဆိုင်ရာ တာဝန်ရှိဌာနများက သတ်မှတ်နေရာချထားပေးသင့်ပါသည်။
၁၂.၇ အာဆင်းနစ်အန္တရာယ်
အာဆင်းနစ်ဆိုသည်မှာ သဘာဝအလျှောက် ဖြစ်ပေါ်လာသော မီးခိုးရောင်နှင့် ငွေရောင် ရောစပ်ထားသော အစိုင်အခဲဖြစ်သည်။ ပတ်ဝန်းကျင်တွင် တွေ့ရခဲပြီး ပျော်ဝင်မှုဓာတ်သတ္တိ နည်းပါးသောအရာဖြစ်သည်။ တစ်ခါတစ်ရံတွင် လူကို အဆိပ်သင့်စေသည်။
လတ်တလော အာဆင်းနစ် အဆိပ်သင့် ရောဂါလက္ခဏာများ
• အစာမြိုရခက်လာခြင်း
• တံတွေးအထွက်များလာခြင်း
• ရေအလွန်အမင်းငတ်လာခြင်း
• ပျို့ခြင်း
• အန်ခြင်း
• ဗိုက်နာခြင်း
• ဝမ်းလျှောခြင်း
• ဝမ်းတွင် သွေးနှင့် အမဲရောင်ပါလာခြင်း
• အစားစားချင်စိတ်နည်းပါခြင်း
နာတာရှည်လက္ခဏာများ
• အသားအရောင်ပြောင်းလာခြင်း
• ဆီးချိုရှိလာခြင်း
• သွေးကြောရောဂါများဖြစ်ခြင်း
• နှလုံးရောဂါဖြစ်ခြင်း
• ထုံထိုင်းလာခြင်း
အာဆင်းနစ်အဆိပ်သည် ဗီတာမင်ဘီ ချို့တဲ့သောလူတွင် ပိုမိုဖြစ်နိုင်ခြေရှိသည်။
အထက်ပါ အာဆင်းနစ် အဆိပ်သင့် ရောဂါလက္ခဏာများ ဖြစ်ပေါ်ပါက ဆေးရုံသို့ ပြသ၍ ကုသမှုခံယူပါ။

No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...