အပူဒဏ်အန္တရာယ်ကာကွယ်ရေး
နွေရာသီတွင် ရာသီဥတုပူပြင်းမှုကြောင့် ချွေးထွက်လွန်ကာ ခန္ဓာကိုယ်အတွင်းရှိရေနှင့် ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှုပိုမိုများပြားလာပါသ ည်။ အပူဒဏ်ကြောင့် ဖောယောင်ခြင်း၊ မိတ်နှင့်ယားနာများထွက်ခြင်းနှင့် ြွကက်တက်ခြင်းစသည့် ရောဂါဝေဒနာများအား ခံစားရရှိနိုင်ပါသည်။
ထို့အပြင် ရောဂါပိုမိုဆိုးရွားလာပါက အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်းနှင့် မူးမေ့ခြင်းတို့ကိုပါ ခံစားရနိုင်ကာ ပိုမိုပြင်းထန်ဆိုးရွား လာပါက အပူဒဏ်ကြောင့် သတိလစ်ခြင်းအထိ ဖြစ်ပွားစေနိုင်ပါသည်။
အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း ခံစားရပါက အောက်ဖော်ပြပါ ရောဂါလက္ခဏာများအား ခံစားရနိုင်ပါသည်။
• ပျို့ခြင်း (သို့) ဂနာမငြိမ်ဖြစ်ခြင်း • ခေါင်းမူးနောက်ခြင်း
• ကြွက်သားများ ကြွက်တက်ခြင်းနှင့် အားပျော့ခြင်း • မူးမိုက်ခြင်း
• ခေါင်းကိုက်ခြင်း • နုံးချိခြင်း
• ရေဆာခြင်း • ချွေးအလွန်အကျွံထွက်ခြင်း
• ကိုယ်အပူချိန်မြင့်တက်ခြင်း
ရောဂါပိုမိုပြင်းထန်ဆိုးရွားလာ၍ အပူဒဏ်ကြောင့် သတိလစ်ခြင်း (ံနအေ ှအမသုန) ခံစားရပါက အောက်ဖော်ပြပါ ရောဂါလက္ခဏာများအား ခံစားရနိုင်ပါသည်။
• အရေပြားပူ၍ ခြောက်သွေ့ခြင်း (သို့) ချွေးအလွန်အကျွံထွက်ခြင်း
• စိတ်ရှုပ်ထွေးခြင်း
• သတိလစ်ခြင်း
• တက်ခြင်း
• ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်ခြင်းတို့ဖြစ်ပါသည်။
အပူဒဏ်ကာကွယ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်
၁။ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါအခံရှိသူများအနေဖြင့် နေ့လည် နေ့ခင်းအချိန်တွင် အရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်းသောနေရာများတွင် နားနေပါ။
၂။ ပူပြင်းသည့်နေရောင်အောက်တွင် ပင်ပန်းစွာအလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ပါ။
၃။ ပူပြင်းသည့်နေရောင်အောက်တွင် သွားလာလှုပ်ရှားရန်၊ အလုပ်လုပ်ရန် လိုအပ်ပါကလည်း အရိပ်လုံလောက်စွာရနိုင်သည့် ထီး၊ ဦးထုပ်များ ဆောင်းသွားပါ။ အရိပ်ရ အေးမြသည့်နေရာများတွင် ခေတ္တအနားယူခြင်းကိုလည်း မကြာခဏပြုလုပ်ပါ။
၄။ အလင်းပြန်သော အဖြူရောင်(သို့မဟုတ်) အရောင်ဖျော့သော ပွပွချောင်ချောင်ချည်ထည်များကို ဝတ်ဆင်ပါ။
၅။ နေပူထဲမှ ပြန်လာပြီးချက်ချင်းရေချိုးခြင်းနှင့် မနက် (၁၀) နာရီမှ ညနေ (၅) နာရီအထိ လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေချိုးဆိပ်များ၌ အဝတ်လျှော်ဖွပ်ခြင်း၊ ရေချိုးခြင်းစသည်တို့ကို ရှောင်ကြဉ်ပါ။
၆။ အရက်သေစာသောက်သုံးခြင်းကြောင့် အပူဒဏ်အန္တရာယ်ကို ပိုမိုခံစားရစေနိုင်ပြီး ဖြစ်ပွားပါက ပိုမိုပြင်းထန်စွာခံစားရနိုင်သဖြင့် ရှောင်ကြဉ်ပါ။
၇။ ခန္ဓာကိုယ်အတွင်းရေနှင့် ဓာတ်ဆားဓာတ်များဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ရေနှင့်ဓာတ်ဆားရည်ကို လုံလောက်အောင် သောက်သုံးပါ။ ၈။ မိတ်နှင့် ယားဖုများထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါးလိမ်းခြင်းတို့ကိုပြုလုပ်ပါ။
အပူဒဏ်အန္တရာယ်ခံစားရသောလူနာအားတွေ့ရှိပါက အောက်ပါအတိုင်း အရေးပေါ်ရှေးဦးပြုစုပါ။
၁။ လူနာအား အရိပ်ရအေးမြသော နေရာ(သို့) လေပန်ကာ ရှိသောနေရာ (သို့) လေအေးပေးစက်ရှိသောအခန်းသို့ ရွှေ့ပြောင်းပါ။
၂။ လူနာအား နီးစပ်ရာ ဆေးရုံ^ဆေးခန်းသို့ အမြန်ဆုံးပို့ဆောင်ပါ။ အရိပ်ရသည့် နေရာသို့ ပို့ဆောင်ပါ (သို့မဟုတ်) အရိပ်ရအောင် ဆောင်ရွက်ပေးပါ။ ဆေးရုံ^ဆေးခန်းသို့ ပို့ဆောင်နေစဉ် (သို့) ဆရာဝန်^ကျန်းမာရေးဝန်ထမ်းနျင့်ပြသရန် စောင့်ဆိုင်းနေစဉ် အောက်ပါအချက်များအား ဆောင်ရွက်ပါ။
၃။ လူနာ၏ ခြေရင်းဘက်အား မြှင့်ထားပေး၍ ပက်လက်အနေအထားဖြင့် ထားပါ။ ၄။ လူနာ၏ အဝတ်အစားများအား ချွတ်ပေးပါ။
၅။ လူနာကောင်းစွာ သတိရနေပါက ရေအေးအေး တိုက်ပေးပါ။ ၆။ လူနာ၏ကိုယ်ပေါ်သို့ ရေအေးအေး ဖြန်းပေးပါ။
၇။ လူနည်၏လည်ပင်း၊ ဂျိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဖက်တို့အား ရေအေးအေး(သို့) ရေခဲရေ စိမ်ထားသော အဝတ်များဖြင့် ရေပတ်အုပ်ပေးပါ။ ၈။ လေပန်ကာ ရှိပါက လူနာအား ပန်ကာလေမှုတ်ပေးပါ (သို့)ယပ်ခပ်ပေးပါ။
အထက်ဖော်ပြပါ အရေးပေါ် ရှေးဦးပြုစုခြင်းများအား ဦးစွာဆောင်ရွက်၍ နီးစပ်ရာ ဆေးရုံ^ဆေးခန်း^ကျန်းမာရေးဌာနသို့ အမြန်ဆုံး သွားရောက်ပြသ၍ ဆေးကုသမှုခံယူပါ။
၁၁.၄ ခရမ်းလွန်ရောင်ခြည်အန္တရာယ်
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းမြင့်မားစွာရှိနေသည့် အချိန်များတွင် ခရမ်းလွန်ရောင်ခြည်အန္တရာယ် ပိုမိုကျရောက်နိုင်ပါသည်။ ခရမ်းလွန်ရောင်ခြည် လတ်တလောထိတွေ့မှုကြောင့် နေလောင်ခြင်း၊ အသားအရောင်ညိုမဲလာခြင်းတို့ ဖြစ်စေနိုင်ပြီး ထိတွေ့မှုကာလကြာ သောအခါ မျက်စိတိမ်စွဲခြင်း၊ အရေပြားများ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်းစသည့် ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါသည်။
ကာကွယ်နိုင်မည့်နည်းလမ်းများ
၁။ ခရမ်းလွန်ရောင်ခြည်မြင့်မားစွာ ကျရောက်နိုင်သည့် နံနက်(၁၀) နာရီမှ ညနေ (၄)နာရီခန့် အတွင်းတွင် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
၂။ အပြင်ထွက်ရန် လိုအပ်ပါက မိမိအသားကို နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့စေရန် မျက်နှာ၊ လည်ပင်းနှင့် ပခုံးတို့ပါ လုံခြုံသော ထီး၊
ဦးထုပ် စသည်တို့ကို ဆောင်းသွားပါ။
၃။ အဝတ်လွတ်ကင်းနေသောလက်၊ လည်ပင်းနှင့် ပခုံးစသည့်နေရာများကိုသနပ်ခါးထူထူ(သို့) ှင်္ဏ ၁၅+ ပါဝင်သော နေရောင်ခံလိမ်း ဆေးကို နေရောင်ခြည်ထဲမထွက်မီ(၁၅) မိနစ်ခန့် ကြိုလိမ်းပါ။ နေရောင်ခံလိမ်းဆေးတစ်ခါလိမ်းပြီး (၂) နာရီကြာပြီးတိုင်း တစ်ခါထပ်၍ လိမ်းပေးပါ။
၄။ ခရမ်းလွန်ရောင်ခြည်သည် မျက်စိကိုလည်း ထိခိုက်စေနိုင်သဖြင့် ခရမ်းလွန်ရောင်ခြည်ကို (၉၉%)အထိ အကာအကွယ်ပေးနိုင်သည့် နေကာမျက်မှန်ကို တပ်ဆင်သင့်ပါသည်။
၅။ ခရမ်းလွန်ရောင်ခြည် အလွယ်တကူမဖောက်နိုင်သော ချည်သားထူထူပွပွ အဝတ်အထည်များကို ဝတ်ဆင်ပါ။
၆။ ဆီးချိုရောဂါ၊ နှလုံးရောဂါရှိသူများ၊ အရက်အလွန်အကျွံသောက်သုံးသူများ၊ ကလေးငယ်များနှင့် သက်ကြီးဘိုးဘွားများသည် ခရမ်းလွန်ရောင်ခြည် အန္တရာယ်ကို ပိုမိုခံစားရနိုင်သဖြင့် အထူး ဂရုပြုဆင်ခြင်ရန် လိုအပ်ပါသည်။
၇။ ကလေးငယ်များသည် လူကြီးများထက် ခရမ်းလွန်ရောင်ခြည်အန္တရာယ်၏ဆိုးကျိုးများကို ပိုမိုထိခိုက်ခံစားရနိုင်သဖြင့် လူကြီးမိဘများအနေနှင့်
• အသက်တစ်နှစ်အောက် ကလေးငယ်များကို နေပူထဲသို့ ခေါ်ဆောင်ခြင်း မပြုပါနှင့်။
• ကလေးများကို အရိပ်ထဲတွင်သာ ကစားစေပါ။
• ကလေးငယ်များအနေဖြင့် အပြင်ထွက်ရန်လိုအပ်ပါက အထက်ဖော်ပြပါအတိုင်း ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ပေးပါ။

No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...