ငှက်ဖျားရောဂါ

ငှက်ဖျားရောဂါ၏ ယေဘုယျလက္ခဏာများမှာ ချမ်းတုန်ပြီး ကိုယ်ပူဖျားခြင်း၊ ချွေးအလွန်အမင်းထွက်ပြီး အဖျားကျသွားခြင်း၊ ရက်ခြား ဖျားခြင်းပုံစံဖြင့်    ဖျားတတ်ပါသည်။

ဖြစ်ရသည့်အကြောင်းများနှင့် ရောဂါဖြစ်စဉ်
ငှက်ဖျားရောဂါသည်   ငှက်ဖျားပိုးသယ်ဆောင်သော   အနော်ဖိလိခြင်   (ဗညသစ့နူနျ) ကိုက်ခြင်းမှ   တဆင့်ကူးစက်ပြီး    ငှက်ဖျားကပ်ပါးပိုး
(ြေူမေငေ စမေေျငအန) ပလတ်စ်မိုဒီယမ်ကြောင့်   ဖြစ်ပွားသည့်   အဖျားရောဂါတစ်မျိုး  ဖြစ်သည်။
လူ၌ဖြစ်သော ပလတ်စ်မိုဒီယမ် ကပ်ပါးပိုး(၄)မျိုး ရှိပါသည်။ ၎င်းတို့ထဲမှ ဖယ်လ်ဆီပါရမ်ပိုးသည် ပြင်းထန်ငှက်ဖျားရောဂါအဆင့်သို့ ရောက်ရှိဖြစ်ပွားနိုင်ပြီး အသက်အန္တရာယ်ရှိပါသည်။ ငှက်ဖျားပိုးကောင်ရေများသူ၊ ကိုယ်ခံအားနည်းသူ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ် တို့တွင်လည်း     ရောဂါပိုမိုပြင်းထန်တတ်သည်။
ငှက်ဖျားပိုးသယ်ဆောင်ထားသော အနော်ဖိလိခြင်သည် လူကိုကိုက်သောအခါ သွေးထဲမှ တဆင့် လူ၏ အသည်းကလာပ်စည်းထဲသို့ ငှက်ဖျားပိုးများရောက်ရှိ ပွားများပါသည်။ ၎င်းမှတဆင့် သွေးနီဥအတွင်းတွင် ထပ်မံပွားများပြီး သွေးနီဥများ ပျက်စီးစေသည့်အတွက် သွေးအား နည်းခြင်းနှင့် အခြားနောက်ဆက်တွဲ ဆိုးကျိုးများလည်း ဖြစ်ပွားစေနိုင်သောကြောင့် စနစ်တကျ ကုသရန် လိုအပ်ပါသည်။
စောစီးစွာ ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် ထိရောက်သော ကုသမှုချက်ချင်း ပေးနိုင်ရန်  လိုအပ်ပါသည်။

ပြင်းထန်ရောဂါလက္ခဏာများ
•    တခြားသူအကူအညီမပါဘဲ    မတ်တပ်မရပ်နိုင်ခြင်း၊    လမ်းမလျှောက်နိုင်ခြင်း၊     မထိုင်နိုင်ခြင်း
•    ပါးစပ်မှ ဆေးမသောက်နိုင်အောင် အော့အန်ခြင်း
•    အလွန်အမင်း အဖျားတက်ခြင်း
•    ကယောင်ကတမ်းဖြစ်ခြင်း
•    ငိုက်မျဉ်းခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ စိတ်လှုပ်ရှားလွယ်ခြင်း၊ ရန်လိုခြင်း၊ ပတ်ဝန်းကျင်ကို စိတ်မဝင်စားတော့ခြင်း၊ အပြုအမူ၊   အမူအရာပြောင်းလဲခြင်း
•    တက်ခြင်း၊ မေ့မျောခြင်း
•    အလွန်အမင်း သွေးအားနည်းခြင်း၊ မျက်လွှာဖြူခြင်း
•    မျက်စိဝါခြင်း၊ အသားဝါခြင်း
•    ခြေဖျား၊    လက်ဖျားအေးစက်ပြီး    သွေးလန့်သောလက္ခဏာများရှိခြင်း
•    မှိန်းလွန်းခြင်း
•    ပြင်းထန်စွာ ခေါင်းကိုက်ခြင်း
•    ဇက်ခိုင်ခြင်း
•    အသက်ရှူရခက်ခြင်း၊     ရင်အလွန်ကြပ်ခြင်း
•    ဆီးမည်းမည်းသွားခြင်း၊ ဆီးနည်းခြင်း၊ ဆီးမသွားခြင်း
•    သွေးယိုစီးမှုများရှိခြင်း
ပြင်းထန်ငှက်ဖျားရောဂါလူနာမှာ အရေးပေါ်ကုသရန် လိုအပ်ပြီး ဆေးရုံသို့ ချက်ခြင်းလွှဲပြောင်းပေးရန် အရေးကြီးပါသည်။ ငှက်ဖျားရောဂါ  စမ်းသပ်  စစ်ဆေးခြင်း ဆောင်ရွက်ရန်
၁။  သွေးဖေါက်၍  ငှက်ဖျားပိုးအမျိုးအစား စစ်ဆေးရပါမည်။
•    သွေးမှန်ပြားကို စစ်ဆေးနိုင်ပါသည်။
•    အမြန်သွေးစစ်ကိရိယာ  (ျွွှီ။ျွစေငိ ီငေါညသျအငခ ွှနျအ) ဖြင့်လည်း စစ်နိုင်ပါသည်။
•    အမျိုးသမီးများ (အသက် ၁၅ နှစ်မှ ၄၅ နှစ်အတွင်း) ငှက်ဖျားဖြစ်ပါက ကိုယ်ဝန်ရှိမရှိမေးမြန်းစစ်ဆေးပါ။
၂။  ပိုးတွေ့ပါက  ပြင်းထန်ရောဂါလက္ခဏာရှိ^မရှိ စစ်ဆေးပါ။
၃။ ရောဂါပိုးတွေ့ရှိမှုနှင့် ပြင်းထန်ရောဂါလက္ခဏာများရှိမရှိပေါ် မူတည်၍ လိုအပ်သော ကုသမှု၊ လွှဲပြောင်းပေးပို့မှုများ ဆောင်ရွက်ပေးရန်ဖြစ်ပါသည်။

ကာကွယ်နိုင်မည့် နည်းလမ်းများ
•    ငှက်ဖျားပိုးသယ်ဆောင်သော ခြင်သည် အဓိကအားဖြင့် ညအခါတွင် ကိုက်လေ့ရှိသော်လည်း မည်သည့်အချိန် မည်သည့်နေရာမဆို ခြင်ထောင်ဖြင့်အိပ်ခြင်း     (အထူးသဖြင့်    ဆေးစိမ်ခြင်ထောင်ဖြင့်အိပ်ခြင်း)
•    ခြင်ကိုက်ခံရခြင်းမှ    ကင်းဝေးရန်    အဝတ်အစား    လုံလုံခြုံခြုံဝတ်ခြင်း၊    အင်္ကျ  ီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ခြင်း
•    အဝတ်အစား   လွတ်နေသော   လက်၊   ခြေတို့အား   ခြင်မကိုက်စေသည့်    ဆေးလိမ်းခြင်း
•    ခြင်ခိုအောင်းနိုင်သော အိမ်အနီးရှိ ခြုံနွယ် ပိတ်ပေါင်းများကို   ရှင်းလင်းခြင်း
•    ရပ်ကွက်ကျေးရွာအနီးရှိ စိမ့်၊ စမ်း၊ ချောင်းများကို ခြင်မပေါက်ပွားစေရန် ရေစီးရေလာကောင်းအောင် လူထုအားဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း
•    ပိုးလောက်လန်းစားငါးများကို ရေတွင်းရေကန်များတွင် ထည့်ခြင်းတို့ဖြင့် ငှက်ဖျားရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ပါသည်။


No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...