အေအိုင်ဒီအက်စ်ရောဂါ

အေအိုင်ဒီအက်စ်ရောဂါ (ခုခံအားကျဆင်းမှုကူးစက်ရောဂါ)
•    လူခန္ဓာကိုယ်၏ ခုခံအားကျဆင်းစေသော ဗိုင်းရပ်စ်ပိုးကို အိပ်(ချ်)အိုင်ဗွီပိုးဟုခေါ်သည်။
•    လူ၏ကိုယ်ခံအားစနစ်ကို အိပ်ခ်ျအိုင်ဗွီပိုးက ဖျက်ဆီးပြစ်သဖြင့် ဖြစ်ပေါ်လာသော ရောဂါလက္ခဏာပေါင်းစုကို အေအိုင်ဒီအက်စ်ရောဂါ (ခုခံအားကျဆင်းမှု ကူးစက်ရောဂါ) ဟုခေါ်သည်။

အေအိုင်ဒီအက်စ်ရောဂါ အဓိလက္ခဏာများ
•    အကြောင်းအရင်းမသိ    ကိုယ်အလေးချိန်    သိသိသာသာ  ကျဆင်းခြင်း
•    အကြောင်းအရင်းမသိကြာရှည်ဖျားခြင်း    (အဖျားဆက်တိုက်    (သို့မဟုတ်)အတက်အကျရှိခြင်း၊    တစ်လထက်ပိုကြာခြင်း)
•    အကြောင်းအရင်းမသိ တစ်လထက်ပိုကြာအောင် ဝမ်းလျှောခြင်း^ဝမ်းပျက်ခြင်း
•    ပါးစပ်တွင်း  မှက္ခရု  ကြာရှည်ဖြစ်ခြင်း
•    ဆင်ရေယုန်ပေါက်ခြင်း     တို့ဖြစ်ပါသည်။
အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသည်နှင့် ရောဂါလက္ခဏာချက်ချင်းမပြတတ်ပါ။ (၅)နှစ်^(၁၀)နှစ် ကြာမှ လက္ခဏာပြတတ်ပါသည်။ ရောဂါလက္ခဏာ    မပြသေးသော်လည်း    အခြားသူများသို့   ကူးစက်နိုင်ပါသည်။

ကူးစက်နိုင်သည့် နည်းလမ်းများ
၁။    ပိုးရှိသူနှင့် အကာအကွယ်မပါဘဲ လိင်ဆက်ဆံရာ(လိင်တူ^လိင်ကွဲ) မှတဆင့် ကူးစက်ခြင်း
၂။    ပိုးရှိသူ အသုံးပြုပြီးသော မသန့်ရှင်းသောဆေးထိုးအပ်၊ ဆေးထိုးကိရိယာများနှင့် မူးယစ်ဆေးထိုးသွင်းခြင်း၊    ဆေးထိုးအပ်များ မျှဝေ သုံးစွဲခြင်း
၃။    ပိုးရှိသော သွေးသွင်းမိရာမှ ကူးစက်ခြင်း
၄။    ပိုးရှိသော     ကိုယ်ဝန်ဆောင်မိခင်မှသန္ဓေသားသို့ကူးစက်ခြင်း
ပိုးကူးစက်ခံရနိုင်ခြေရှိသူများ
•    လိင်လုပ်သားများနှင့်    ၎င်းင်းတို့၏   လိင်ဆက်ဆံဖက်များ
•    အမျိုးသားချင်း    လိင်တူဆက်ဆံသူများ
•    မူးယစ်ဆေး     သွေးကြောထဲထိုးသွင်းသုံးစွဲသူများ


လိင်တူလိင်ကွဲဆက်ဆံသူများတွင် လိင်အင်္ဂါလမ်းကြောင်း၌ အဖြူဆင်းညောင်းကျခြင်း၊ အနာပေါက်ခြင်းများရှိနေပါက အိပ်(ချ်)အိုင်ဗွီပိုး  ကူးစက်ခံနိုင်မှုသည်  အဆ  (၉)ဆခန့်အထိ  ဖြစ်နိုင်ပါသည်။

မကူးစက်နိုင်သော နည်းလမ်းများ
•    ချောင်းဆိုးနှာချေခြင်း၊
•    လက်ဆွဲနှုတ်ဆက်ခြင်း၊
•    ဖက်ခြင်း၊
•    သာမန်နမ်းရှုံ့ခြင်း၊
•    ပန်းကန်၊ခွက်၊ဇွန်းအတူတူသုံးစွဲခြင်း၊အတူစားသောက်ခြင်း၊
•    တယ်လီဖုန်း၊အိမ်သာ၊တံခါးလက်ကိုင်၊ထိုင်ခုံ    စသဖြင့်    အသုံးဆောင်ပစ္စည်းတို့ကို    အတူတူ   ကိုင်တွယ်သုံးစွဲခြင်း၊
•    တစ်ခန်းတည်းအတူနေခြင်း၊အတူတူအလုပ်လုပ်ခြင်း     တို့ကြောင့်     မကူးစက်နိုင်ပါ။
•    ခြင်ကဲ့သို့သော ပိုးမွှားများ ကိုက်ခံရခြင်း


သာမန်ထိတွေ့ဆက်ဆံမှုများမှ မကူးစက်နိုင်ပါ။
ကာကွယ်နိုင်မည့် နည်းလမ်းများ
ကူးစက်မည့်အန္တရာယ်ရှိနိုင်သောအပြုအမူများကိုရှောင်ကြဉ်ရန်        အလွန်အရေးကြီးပါသည်။
•    လိင်ကိစ္စအပျော်အပါးလိုက်စားခြင်းကို     ရှောင်ကြဉ်ရန်
•    မူးယစ်ဆေးဝါးရှောင်ကြဉ်ရန်
•    တစ်ခါသုံး ဆေးထိုးအပ်၊ ဆေးထိုး>ပန်များသုံးစွဲခြင်း၊ လုံခြုံစိတ်ချရသော သွေးသွင်းခြင်း
•    လိင်ဆက်ဆံရာတွင်    အကာအကွယ်ပစ္စည်း(ကွန်ဒုံး)    စနစ်တကျသုံးစွဲရန်


သွေးစစ်ဆေးခြင်း
•    အိပ်ခ်ျအိုင်ဗွီပဋိပစ္စည်း  ရှိ^မရှိ  သိရှိလိုပါက  နီးစပ်ရာဆေးရုံ၊  ဆေးခန်းများတွင်  အိပ်ခ်ျအိုင်ဗွီပဋိပစ္စည်းရှိ^မရှိ  သွေး  စစေ် နိုင်ပါသည်။
•    အိပ်ခ်ျအိုင်ဗွီပဋိပစ္စည်းရှိ^မရှိ သွေးစစ်ဆေးမည်ဆိုပါက မိမိဆန္ဒအလျောက် နှစ်သိမ့်ဆွေးနွေးမှုခံယူပြီးမှ နီးစပ်ရာဆေးရုံ^ ဆေးခန်းများ နှင့် ကျန်းမာရေးဌာနများတွင် ပြုလုပ်သင့်ပါသည်။
•    သွေးစစ်ဆေးသည့်အဖြေတွင် ပဋိပစ္စည်းမတွေ့ဟုဆိုလျှင် ပြီးခဲ့သော (၆)ပတ်အတွင်း အိပ်ခ်ျအိုင်ဗွီကူးစက်နိုင်သော အခြေအနေ တစ်ရပ် ရပ်နှင့် ထိတွေ့မှုရှိခဲ့သောသူသည် နောက်ထပ်(၄)ပတ်မှ (၆)ပတ်အတွင်း ပြန်လည်စစ်ဆေးရန်၊ ဦးတည်အုပ်စုဝင်များနှင့် အိပ်ခ်ျအိုင်ဗွီ ကူးစက်နိုင်မှု အခြေအနေနှင့် ဆက်လက်၍ ထိတွေ့နေသောသူ (မိမိ၏  လိင်ဆက်ဆံဖက်တွင်  အိပ်ခ်ျအိုင်ဗွီရှိသူ)  များတွင်  (၆)လ တစ်ကြိမ် စစ်ဆေးရန် ဖြစ်ပါသည်။
•    အိပ်ခ်ျအိုင်ဗွီပဋိပစ္စည်း ရှိ^မရှိကို ကိုယ်ဝန်ဆောင်မိခင်နှင့် ခင်ပွန်းတို့သည် နီးစပ်ရာ ဆေးရုံ^ဆေးခန်း၊ ကျန်းမာရေးဌာနများတွင် သွေးစစ်ဆေးသင့်ပါသည်။ အကယ်၍ ကိုယ်ဝန်ဆောင်မိခင်တွင် အိပ်ချ်အိုင်ဗွီပိုးရှိပါက မိခင်မှကလေးသို့ ကူးစက်မှုကို ကာကွယ်ခြင်းနှင့် လိုအပ်သော     ကျန်းမာရေးစောင့်ရှောက်မှုများကို    လျင်မြန်စွာရရှိနိုင်မည်။
•    အိပ်ခ်ျအိုင်ဗွီပိုးရှိသူ မိခင်မှမွေးဖွားလာသည့် ကလေးငယ်များကို အသက်(၄)ပတ်မှ (၆)ပတ်အတွင်း ဗိုင်းရပ်(စ်)ပိုးကို စစ်ဆေးခြင်း နည်းဖြင့်  အိပ်ခ်ျအိုင်ဗွီပိုးရှိ^မရှိ  စစ်ဆေးနိုင်ပါသည်။  ဗိုင်းရပ်(စ်)ပိုးစစ်ဆေးခြင်းနည်းဖြင့်  အိပ်ခ်ျအိုင်ဗွီပိုးမရှိဟု အဖြေထွက်သောကလေးများကို အသက်(၉)လနှင့် (၁၈)လတို့တွင် အိပ်ခ်ျအိုင်ဗွီပဋိပစ္စည်း ရှိ^မရှိ စစ်ဆေးရန် (သို့မဟုတ်) မိခင်နို့ဖြတ်ပြီး (၃)လ အကြာတွင် ပြန်လည်စစ်ဆေးရန် လိုအပ်ပါသည်။

ဆေးကုသမှုခံယူခြင်း
•    စနစ်တကျဆေးကုသမှု    ခံယူ၍    သက်တမ်းစေ့နေနိုင်ပါသည်။
•    အိပ်ခ်ျအိုင်ဗွီပိုးရှိသူများသည်     ဘဝတစ်သက်တာသောက်သုံးရမည့်     အေအာတီဆေးဖြင့်    ဆေးကုသမှုခံယူနိုင်ပါသည်။
•    အေအာတီဆေးဝါး    သောက်သုံးနေသူများသည်    ဆေးကိုမပျက်မကွက်    နေ့စဉ်အချိန်မှန်    ညွှန်ကြားထားသည့်အတိုင်း   သောက်သုံးရမည်။
•    အိပ်ခ်ျအိုင်ဗွီပိုးရှိသူများတွင်   လတ်တလော   ချောင်ဆိုးခြင်း၊   ညဘက်ချွေးပြန်ခြင်း   (သို့မဟုတ်)   ပြန်ရည်ကြိတ်များ   ကြီးလာခြင်း   စသော တီဘီလက္ခဏာများ မရှိပါက ှုျသညငဖေငိ ဏမနလနညအငလန ွှ့နမစေပ (ှုဏွှ) ကို (၆)လတိုက်ကျွေးခြင်းဖြင့် တီဘီရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါသည်။
•    အိပ်ခ်ျအိုင်ဗွီပိုးရှိ ကိုယ်ဝန်ဆောင်မိခင်များအတွက် အေအာတီဆေးနှင့် ၎င်းင်းတို့မွေးဖွားလာသော ကလေးများအတွက် အေအာဗွီ ကာကွယ်ဆေးများကို    သက်ဆိုင်ရာမြို့နယ်များတွင်    ရရှိနိုင်ပါသည်။
•    အိပ်ခ်ျအိုင်ဗွီပိုးတွေ့ကလေးများအား     အေအာတီဆေးရရှိရန်     အေအာတီဆေးကုဌာနများသို့     ညွှန်းပို့ပေးရပါမည်။
•    အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသော အမျိုးသမီးများသည် သင့်လျော်သော သားဆက်ခြားနည်းလမ်းများကို နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနများတွင် ကျန်းမာရေးဝန်ထမ်းများထံမှ လက်လှမ်းမီစွာ ရရှိနိုင်သည်။
•    အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ခံရသော မွေးကင်းစကလေးများအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်း ပြုလုပ်သင့်^မသင့်ကို သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများနှင့် ဆွေးနွေး တိုင်ပင်သင့်ပါသည်။

အေအိုင်ဒီအက်စ်ရောဂါနှင့် ခွဲခြားနှိမ့်ချဆက်ဆံခြင်း
•    ခွဲခြားနှိမ့်ချဆက်ဆံခြင်းသည် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသောသူများကို မှန်ကန်သော ဆေးကုသမှုနှင့် ပြုစုစောင့်ရှောက်မှုများရရှိရန် နှောင့်နှေးစေနိုင်သောကြောင့်     ခွဲခြားနှိမ့်ချဆက်ဆံခြင်း    မပြုလုပ်သင့်ပါ။

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...