ကိုယ်ဝန်ဆောင်မိခင်များလိုက်နာဆောင်ရွက်ရန်
• ကိုယ်ဝန်ရှိသည်ဟု သံသယရှိလျှင်
နီးစပ်ရာဆေးရုံ^ဆေးခန်း^ကျန်းမာရေးဌာနများတွင် ကိုယ်ဝန်အပ်ပါ။
• ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုကို ကျွမ်းကျင်သူကျန်းမာရေးဝန်ထမ်းထံတွင် အနည်းဆုံး(၄) ကြိမ်ခံယူပါ။
→ ပထမအကြိမ် - ကိုယ်ဝန် (၄)လအတွင်း
(စောနိုင်သမျှစောစော)
→ ဒုတိယအကြိမ် - ကိုယ်ဝန် (၆)လမှ
(၇)လအတွင်း
→ တတိယအကြိမ် - ကိုယ်ဝန် (၈)လအတွင်း
→ စတုတ္ထအကြိမ် - ကိုယ်ဝန် (၉)လအတွင်း
• ကိုယ်ဝန်ဆောင်မိခင်များ
အာဟာရပြည့်ဝမျှတရန် အစားမရှောင်ပါနှင့်။ ကိုယ်ဝန်ဆောင်စဉ် အစားပိုစားပါ။
• မေးခိုင်ကာကွယ်ဆေး (၂)ကြိမ်ထိုးပါ။
• တတ်ကျွမ်းသော ကျန်းမာရေးစောင့်ရှောက်မှုပေးသူမှ ညွှန်ကြားသောဆေးဝါးမှအပ အခြားဆေးများ မသောက်ပါနှင့်။
• နေ့စဉ်
သင့်တော်သောကိုယ်လက်လှုပ်ရှားမှု အသင့်အတင့်ပြုလုပ်ပါ။ အိပ်ရေးဝအောင်အိပ်ပါ။
နေ့လည်ပိုင်းတွင် အနားယူပါ။ အလေးအပင်မမပါနှင့်။
• သံဓာတ်ဖောလိတ်
ကိုယ်ဝန်ဆောင်အားဆေးကို စောနိုင်သမျှစောစောသောက်ပါ။ ကိုယ်ဝန်(၇) လ ကျော်လျှင်
မနက်တစ်လုံး၊ ညတစ်လုံး သောက်ပါ။
• သန့်ရှင်းပေါ့ပါး
ချောင်ချိ၍ ရာသီဥတုနှင့်ကိုက်ညီသော
အဝတ်အစားများကိုဝတ်ဆင်ပါ။
• ဆေးလိပ်၊
အရက်မသောက်ပါနှင့်။ ကွမ်းမစားပါနှင့်။ ဆေးလိပ်ငွေ့၊ မီးခိုးငွေ့အစရှိသည့်
ညစ်ညမ်းသော လေထုပတ်ဝန်းကျင်မှ ရှောင်ရှားပါ။
• ငှက်ဖျားနှင့်သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နိုင်ရန်အတွက် မည်သည့်အချိန်အိပ်အိပ် ဆေးစိမ်ခြင်ထောင်ဖြင့်အိပ်ပါ။
• နေမကောင်းဖြစ်ပါကနီးစပ်ရာဆေးရုံ^ဆေးခန်းကျန်းမာရေးဌာနများသို့အမြန်ဆုံး သွားရောက်၍ ဆေးကုသမှုကိုခံယူပါ။
• မွေးဖွားရန်
ကြိုတင်အစီအစဉ် ရေးဆွဲထားပါ။
• တစ်ခါသုံး
မွေးဖွားအိတ်ငယ်ကို အသုံးပြုပါ။
ကိုုယ်ဝန်ဆောင်မိခင်အတွက်
မွေးဖွားရန် ကြိုတင်စီစဉ်ခြင်း
၁။ ကလေးမွေးဖွားမည့်ခန့်မှန်းရက်ကို သိရှိထားရမည်။
၂။ ကလေးမွေးဖွားရန်
ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းတစ်ဦးကို ရွေးချယ်ထားရမည်။
၃။ မွေးဖွားခြင်းနှင့်
အရေးပေါ်ကိစ္စရပ်များအတွက်သွားရန် ဆေးရုံ၊ ဆေးခန်းကို ရွေးချယ်ထားရမည်။ ၄။ ကိုယ်ဝန်ဆောင်စဉ်နှင့် မွေးဖွားစဉ်ကြုံတွေ့နိုင်သည့် အန္တရာယ်လက္ခဏာများကို သိရှိထားရမည်။ ၅။ အရေးပေါ်ဖြစ်ခဲ့ပါက
ဆုံးဖြတ်ပေးနိုင်မည့်သူတစ်ဦးရှိရမည်။
၆။ အရေးပေါ်အခြေအနေတွင်
လိုအပ်သောငွေ မည်သို့ရရှိနိုင်မည်ကို သိရှိထားရမည်။
၇။ အရေးပေါ်အခြေအနေတွင်
ဆေးရုံ၊ ဆေးခန်းသို့သွားရန် သယ်ယူပို့ဆောင်မှုကို ကြိုတင်စီစဉ်ထားရမည်။ ၈။ မွေးဖွားရန်အတွက် အခြေခံအကျဆုံး
လိုအပ်သောပစ္စည်းများကို စုဆောင်းထားရမည်။
• သန့်ရှင်းပြီးအနွေးဓာတ်ရှိသော
အခန်းတစ်ခန်း (သို့) အခန်း၏ ထောင့်တစ်နေရာ
• ပိုးသန့်စင်ထားသည့် တစ်ခါသုံးမွေးဖွားအိတ်ငယ်တစ်ခု
• မိခင်နှင့်ကလေးအတွက် သန့်ရှင်းသော အဝတ်အစားများ
• သန့်ရှင်းသော
အနှီးပိတ်များ၊ အိပ်ရာခင်း၊ အဝတ်စများ
၉။ မွေးဖွားစဉ်နှင့်
မွေးပြီး အနည်းဆုံး (၂၄ ) နာရီ ကြာသည်အထိ အနီးတွင်နေပေးမည့်သူ ရှိရန်
ကြိုတင်စီစဉ်ထားရမည်။ ၁၀။ အိမ်မှုကိစ္စနှင့် အခြားကလေးကိစ္စများကို ကူညီစောင့်ရှောက်မည့်သူတစ်ဦး စီစဉ်ထားရှိရမည်။
၁၁။ နောက်တစ်ကြိမ် ကိုယ်ဝန်စောင့်ရှောက်မှုခံယူရန်အတွက် ရက်ချိန်းကို သိရှိရမည်။ ၁၂။ မိခင်ကလေးကျန်းမာရေးမှတ်တမ်း အဆင်သင့်ရှိရမည်။
ကိုယ်ဝန်သွားပြသည့်အခါ
အောက်ပါအချက်များကိုဆောင်ရွက်ပေးပါလိမ့်မည်။
ပထမအကြိမ်ကိုယ်ဝန်(၄)လအတွင်း စောနိုင်သမျှစောစော
• ကိုယ်ဝန်ရာဇဝင်မေးခြင်း
• အထွေထွေကျန်းမာရေးဆိုင်ရာစစ်ဆေးခြင်း
• သွေးပေါင်ချိန်ပေးခြင်း
• ကိုယ်အလေးချိန်
ချိန်ပေးခြင်း
• သွေးအားနည်းခြင်း ရှိ^မရှိ စစ်ဆေးပေးခြင်း
• ဆီးစစ်ပေးခြင်း
• ဆစ်ဖလစ်ရောဂါပိုးအတွက်သွေးစစ်ပေးခြင်း
• တီဘီရောဂါ လက္ခဏာ
ရှိ^မရှိ မေးမြန်းခြင်း
• ကိုယ်ဝန်ဆောင်မိခင်နှင့် ခင်ပွန်းအား
နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း
နှင့် အိပ်ချ်အိုင်ဗွီ (ှုံဠ)ပိုး ရှိ^မရှိ
သွေးစစ်ဆေးပေးခြင်း
• မေးခိုင်ကာကွယ်ဆေး ပထမအကြိမ်ထိုးပေးခြင်း
• သံဓာတ်ဖောလိတ်ကိုယ်ဝန်ဆောင်အားဆေး နေ့စဉ်သောက်ရန်ပေးခြင်း
• ကျန်းမာရေးပညာပေးခြင်း (ကိုယ်ဝန်ဆောင်အာဟာရ၊ မိခင်နို့တိုက်ကျွေးခြင်း၊ သားဆက်ခြားခြင်းစသည်ဖြင့်)
• ကိုယ်ဝန်ဆောင်စဉ်၊
မွေးဖွားစဉ်၊ မွေးဖွားပြီး ဖြစ်ပေါ်နိုင်သော အန္တရာယ်လက္ခဏာများ အသိပေးခြင်း၊
ကိုယ်ဝန်ဆောင် စောင့်ရှောက် မှုကို သတ်မှတ်ထားသည့် အကြိမ်အရေအတွက်အတိုင်း ခံယူရန်
အားပေးခြင်းနှင့် အကျိုးရလဒ်များအား
ရှင်းလင်းပြောကြားခြင်း
• မိခင်ကလေးကျန်းမာရေးမှတ်တမ်းစာအုပ်တွင် ဖြည့်စွက်ပေးခြင်း
ဒုတိယအကြိမ် (ကိုယ်ဝန် ၆လ - ရလအတွင်း)
• သွေးပေါင်ချိန်ပေးခြင်း
• ကိုယ်အလေးချိန်
ချိန်ပေးခြင်း
• ဆီးစစ်ပေးခြင်း
• သံဓာတ်ဖောလိတ် ကိုယ်ဝန်ဆောင်အားဆေး နေ့စဉ်သောက်ရန်ပေးခြင်း
• သန်ချဆေးပြား
တစ်ကြိမ်သောက်ရန် ပေးခြင်း
• မေးခိုင်ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးပေးခြင်း
• မွေးဖွားရန်အတွက် ကြိုတင်ပြင်ဆင်ခြင်း
• မိခင်ကလေးကျန်းမာရေးမှတ်တမ်းစာအုပ်တွင် ဖြည့်စွက်ပေးခြင်း
တတိယအကြိမ်ကိုယ်ဝန်(၈)လတွင်
• သွေးပေါင်ချိန်ပေးခြင်း
• ကိုယ်အလေးချိန်
ချိန်ပေးခြင်း
• ကိုယ်ဝန်စမ်းသပ်ပေးခြင်း
• ဆီးစစ်ပေးခြင်း
• သွေးအားနည်းခြင်း ရှိ^မရှိသွေးစစ်ပေးခြင်း
• ဆစ်ဖလစ်ရောဂါပိုးအတွက် သွေးစစ်ပေးခြင်း
• တီဘီရောဂါ
လက္ခဏာရှိ^မရှိမေးမြန်းခြင်း
• သံဓာတ်ဖောလိတ် ကိုယ်ဝန်ဆောင်အားဆေး နေ့စဉ်သောက်ရန်ပေးခြင်း
• မိခင်ကလေးကျန်းမာရေးမှတ်တမ်းစာအုပ်တွင်ဖြည့်စွက်ပေးခြင်း
စတုတ္ထအကြိမ်(ကိုယ်ဝန်
၉လ တွင်)
• သွေးပေါင်ချိန်ပေးခြင်း
• ကိုယ်အလေးချိန်
ချိန်ပေးခြင်း
• ကိုယ်ဝန်စမ်းသပ်ပေးခြင်း
• ဆီးစစ်ပေးခြင်း
• သံဓာတ်ဖောလိတ် ကိုယ်ဝန်ဆောင်အားဆေး နေ့စဉ်သောက်ရန်ပေးခြင်း
• ဗီတာမင်ဘီဝမ်းဆေးပြား သောက်ရန်ပေးခြင်း
• မွေးဖွားခါနီး
လက္ခဏာများ အသိပေးခြင်း
• မွေးဖွားမည့်ခန့်မှန်းရက်ထက် တစ်ပတ်ကျော်ပါက ကျန်းမာရေးဌာနသို့ သွားရောက်ပြသရန် အကြံပြုခြင်း
• မိခင်ကလေးကျန်းမာရေးမှတ်တမ်းစာအုပ်တွင် ဖြည့်စွက်ပေးခြင်း
• မွေးဖွားပြီးပြီးခြင်း
(၁)နာရီအတွင်း မိခင်နို့တိုက်ကျွေးရန်နှင့် ကလေးအသက်(၆)လအထိ
မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေး သင့်ကြောင်းကို အသိပညာပေးခြင်း
• မိခင်နို့တိုက်ကျွေးခြင်း၏ ကောင်းကျိုးများကိုလည်း သိရှိအောင်အသိပညာပေးခြင်း
မွေးဖွားရာတွင်လိုအပ်မည့် သန့်စင်ခြင်း(၆)မျိုး
နီးစပ်ရာကျန်းမာရေးဌာန၊ ကျန်းမာရေးဌာနခွဲများတွင်
မွေးဖွားရန်လိုအပ်သည့် သန့်စင်ခြင်း (၆)မျိုးသည် ပြီးပြည့်စုံပြီးဖြစ်ပါသဖြင့်
ကျန်းမာရေးဌာနများတွင်
သွားရောက်မွေးဖွားသင့်ပါသည်။
အကယ်၍မသွားရောက်နိုင်ပါက
အောက်ပါသန့်စင်ခြင်း၊ (၆)မျိုးလိုအပ်ပါသည်။
၁။ သန့်စင်၍
ညီညာပြန့်ပြူးသော မွေးဖွားရန်နေရာ (ကိုယ်ဝန်ဆောင်အမျိုးသမီး မွေးဖွားမည့်နေရာ ဥပမာ-ကုတင်၊
ကြမ်းပြင် စသည်များ)
၂။ မွေးဖွားပေးမည့်သူ၏
သန့်စင်သောလက်များနှင့် ပိုးသတ်ပြီး လက်အိတ်များ
၃။ ချက်ကြိုးဖြတ်ရန်အတွက်
သန့်စင်သော ဘလိတ်ဓား^ ကတ်ကြေး (ပိုးသန့်စင်ပြီး
(သို့) ပြုတ်ပြီး)
၄။ သန့်စင်သော
ပိုးမွှားကင်းစင်ပြီး ချက်ကြိုးချည်သည့်ကြိုး (ပိုးသန့်စင်ပြီး (သို့) ပြုတ်ပြီး) ချက်ညှပ် ကလစ် ၅။ ကလေးငယ်အား ထုပ်ပိုးရန် သန့်စင်သောအနှီးပိတ်နှင့်
ဝတ်ရန်အဝတ်များ၊ ဦးထုပ်၊ ခြေအိတ်
၆။ မိခင်အတွက် သန့်စင်သောအဝတ်အစားများ
ကိုယ်ဝန်ဆောင်မိခင်များအတွက် အန္တရာယ်လက္ခဏာများ
အောက်ပါအခြေအနေများဖြစ်ပေါ်လာပါက ဆေးရုံ^ဆေးခန်း^ကျန်းမာရေးဌာနသို့ နေ့ညမဆိုင်းချက်ချင်းပြပါ။
• မိန်းမကိုယ်မှ သွေး
(သို့) ရေဆင်းလျှင်
• ခေါင်းပြင်းထန်စွာကိုက်ပြီး အမြင်မှုန်ဝါးလျှင်
• တက်လျှင်၊ သတိလစ်လျှင်
• အန်လျှင်၊ ရင်ညွန့်(သို့) ညာဘက်နံရိုးအောက်အောင့်လျှင်
• ဝမ်းဗိုက်
အလွန်အမင်း ဆက်တိုက်နာလျှင်
• ဖျားပြီး အိပ်ရာမှမထနိုင်လောက်အောင် အားနည်းလျှင်
• အသက်ရှူမြန်လျှင်၊ အသက်ရှူခက်လျှင်
မွေးဖွားစဉ်အန္တရာယ်လက္ခဏာများ
အောက်ပါအခြေအနေများ
ဖြစ်ပေါ်လာပါကဆေးရုံ^ဆေးခန်း^
ကျန်းမာရေးဌာနသို့နေ့ညမဆိုင်း
ချက်ချင်း ပြပါ။
မိခင်
• ရေမြွှာပေါက်ပြီး (၆)နာရီကြာသည့်တိုင်အောင် ဗိုက်မနာလျှင်
• ဗိုက်နာခြင်း (၁၂)နာရီကျော်သည်အထိ မမွေးသေးလျှင်
• မွေးပြီး
သွေးများဆင်းလျှင် (သို့) (၅)မိနစ်အတွင်း အောက်ခံပစ္စည်း၊ အဝတ်တွင် သွေးများရွှဲနစ်နေလျှင်
• ကလေးထွက်ပြီး (၁)နာရီကြာသည်အထိ အချင်းမကျလျှင်
မွေးကင်းစကလေး
• ကလေးအလွန်သေးလျှင်
• အသက်ရှူခက်လျှင်
• နို့ကောင်းစွာမစို့လျှင်
မွေးဖွားပြီးစမိခင်များအတွက်အန္တရာယ်လက္ခဏာများ
မီးတွင်းချိန်တွင် အောက်ပါအခြေအနေများ ဖြစ်ပေါ်လာပါကဆေးရုံ^ဆေးခန်း^ကျန်းမာရေးဌာနသို့ နေ့ညမဆိုင်း ချက်ခြင်းပြပါ။
• သွေးဆင်းများလျှင်
• ခေါင်းအလွန်ကိုက်ပြီး
အမြင်မှုန်ဝါးလျှင်
• တက်လျှင်
• အသက်ရှူမြန်လျှင်၊ အသက်ရှူခက်လျှင်
• ဖျားပြီးအိပ်ရာမှ
မထနိုင်လောက်အောင် အားနည်းလျှင်
သားဆက်ခြားခြင်း
မိခင်နှင့်ကလေး ကျန်းမာရေးအတွက် ကလေးတစ်ဦးနှင့် တစ်ဦးကြား
အနည်းဆုံး(၂)နှစ် မှ (၃)နှစ် သားဆက်ခြားပါ။ သားဆက်ခြား ရာတွင် ရှေးဦးစွာ
အတိုင်ပင်ခံဆွေးနွေးမှုခံယူပြီး မိမိနှင့်သင့်တော်သော သားဆက်ခြားနည်းလမ်းကို
ရွေးချယ်ပါ။
၁။ နေ့စဉ်သောက် စားဆေး
ရာသီသွေးစပေါ်သည့်ရက်မှ (၅) ရက်အတွင်း စပြီး သောက်ပါ။
စားဆေးသည် ကလေး (၆)လအောက် နို့တိုက်မိခင်များ၊ ရင်သား အဖုအကျိတ်ရှိသူများ၊ နှလုံး၊
သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်ရောဂါရှိသူများတွင် သောက်သုံးရန် မသင့်ပါ။ အသက်(၃၅)နှစ်ကျော်
ဆေးလိပ်သောက်သော
အမျိုးသမီးများလည်း
သောက်သုံးရန်မသင့်ပါ။
၂။ သုံးလခံ
သားဆက်ခြားထိုးဆေး
ရာသီသွေးစပေါ်သည့်ရက်မှ (၅) ရက်အတွင်း ထိုးနိုင်ပါသည်။
ကလေးမီးဖွားပြီးသူများ မွေးဖွားပြီး (၄၂) ရက်တွင် ဆေးထိုးနိုင် ပါသည်။
ပထမဆေးထိုးပြီး (၃)လအကြာတွင် နောက်တစ်လုံး ထပ်ထိုးပါ။ အလွန်အမင်းဝသူများ၊
အသည်းရောင် အသားဝါ ရောဂါရှိသူများ၊ ရင်သားကင်ဆာ၊ အခြားကင်ဆာ ရောဂါရှိသူများ
ထိုးဆေးထိုးရန် မသင့်ပါ။ အသားထိုးဆေးနှင့် အရေပြားအောက် ထိုးဆေးဟူ၍ (၂)မျိုးရှိပါသည်။
၃။ ကွန်ဒုံး
သန္ဓေတားလိုလျှင်သော်လည်းကောင်း၊ လိင်မှတဆင့်
ကူးစက်တတ်သောရောဂါများမှ ကာကွယ်ရန်လည်းကောင်း အသုံးပြု နိုင်သည်။
၄။ သားအိမ်တွင်းထည့်
သားဆက်ခြားပစ္စည်း
ရာသီသွေးပေါ်နေချိန် (သို့) ပေါ်ပြီးအချိန်၊ မီးဖွားပြီး (၄၈)နာရီအတွင်း
(သို့) (၄)ပတ်ကျော်လျှင်၊ သားလျှောပြီးလျှင်ပြီးချင်း ပိုးဝင်သည့် လက္ခဏာမရှိလျှင်
ထည့်သွင်းနိုင်ပါသည်။ ကိုယ်ဝန်မရှိကြောင်း သေချာလျှင် ရာသီစက်ဝန်း၏
မည်သည့်အချိန်တွင် မဆို ထည့်နိုင်သည်။ နို့တိုက်မိခင်များ၊ စားဆေး^ထိုးဆေးများနှင့် မတည့်သော
သားဆက်ခြားလိုသူများနှင့် သင့်တော်ပါသည်။ ကိုယ်ဝန်ဆောင်နိုင်ခြေရှိသော
အမျိုးသမီးတိုင်း ထည့်သွင်းနိုင်ပြီး မီးဖွားပြီးသူဖြစ်ရန် မလိုပါ။
၅။ လက်မောင်းအရေပြားအောက်သွင်း
သားဆက်ခြားပစ္စည်း
ရာသီသွေးပေါ်နေချိန် (သို့) ပေါ်ပြီးစအချိန်၊ ကလေးမွေးပြီး(၄)ပတ်အကြာတွင်
ထည့်သွင်းနိုင်ပါသည်။ ကိုယ်ဝန်မရှိကြောင်း သေချာလျှင် ရာသီစက်ဝန်း၏
မည်သည့်အချိန်တွင်မဆို ထည့်နိုင်သည်။ အသက်အရွယ်မရွေး ထည့်သွင်းနိုင်ပြီး
မီးဖွားပြီးသူဖြစ်ရန် မလိုပါ။
၆။ အရေးပေါ်သန္ဓေတားသောက်ဆေး
အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ သုံးနေကျသန္ဓေတားနည်းလမ်းများ
သုံးစွဲမှုလွဲမှားခြင်းနှင့် လိင်မှုဆိုင်ရာအကြမ်းဖက်ခံရခြင်း
တို့ဖြစ်ပွားပြီးနောက် နာရီပေါင်း (၁၂၀)အတွင်း စောနိုင်သမျှစောစွာသောက်ခြင်းဖြင့်
ကိုယ်ဝန်မရအောင် ကာကွယ်ပေးပါသည်။ ကိုယ်ဝန်ပျက်ခြင်းကို မဖြစ်စေပါ။
အတိုင်ပင်ခံဆွေးနွေးမှုခံယူပြီး သားဆက်ခြားပါ။
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...