ဘေးအန္တရာယ်အမျိုးအစားများ
မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလေ့ရှိပြီး လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များလည်း ဖြစ်ပွားလေ့ရှိပါသည်။ ဘေးအန္တရာယ်များအား အောက်ပါအတိုင်း အမျိုးအစားခွဲခြားနိုင်ပါသည်။
(က) မိုးလေဝသနှင့် ရာသီဥတုဆိုင်ရာဘေးအန္တရာယ်များ
• ဆိုင်ကလုန်းမုန်တိုင်း
• မိုးသည်းထန်ခြင်းကြောင့် လျှပ်တစ်ပြက်ရေလွှမ်းမိုးခြင်း
• မြစ်ရေကြီးခြင်းနှင့် မြို့ပြရေလွှမ်းမိုးခြင်း
• မိုးသီးေြွကခြင်း
• မိုးကြိုးပစ်ခြင်း
• လေပြင်းတိုက်ခတ်ခြင်း
• လေဆင်နှာမောင်းတိုက်ခတ်ခြင်း
• အပူလှိုင်း၊ အအေးလှိုင်းဖြတ်ခြင်း
• မိုးခေါင်ရေရှားခြင်း
(ခ) မြေမျက်နှာပြင်ဆိုင်ရာဘေးအန္တရာယ်များ
• ငလျင်လှုပ်ခြင်း
• မြေပြိုခြင်း၊ တောင်ပြိုခြင်း
• တောမီးလောင်ခြင်း
• မီးတောင်ပေါက်ကွဲခြင်း
• မြေနိမ့်ဒေသများရေလွှမ်းမိုးခြင်း
• ကမ်းရိုးတန်းဒေသပင်လယ်ဒီရေလွှမ်းမိုးခြင်း
• ဆူနာမီရေလှိုင်းနှင့် ရေလွှမ်းမိုးခြင်း
(ဂ) ဇီဝဗေဒဆိုင်ရာဘေးအန္တရာယ်များ
• ကူးစက်ရောဂါကပ်အသွင်ဖြစ်ပွားခြင်း
• အင်းဆက်ပိုးမွှားကျရောက်ခြင်း
• ဇီဝလက်နက်များ
(ဃ) မတော်တဆမှုများနှင့် စက်မှုနည်းပညာဆိုင်ရာဘေးအန္တရာယ်များ
• မီးလောင်ခြင်း
• သယ်ယူပို့ဆောင်ရေးဆိုင်ရာ ယာဉ်မတော်တဆမှုများ
(ဥပမာ - ခရီးသည်တင်ယာဉ်၊ ရထား တိမ်းမှောက်ခြင်း၊ ရေယာဉ်နစ်မြုပ်ခြင်း၊ လေယာဉ်ပျက်ကျခြင်း)
• မိုင်းတွင်းနှင့်အဆောက်အဦပြိုကျခြင်း
• ဓာတုစက်ရုံများနှင့် နျူကလီးယားဓာတ်အားပေးစက်ရုံများပေါက်ကွဲခြင်း
• ဓာတုလက်နက်နှင့် နျူကလီးယားလက်နက်များ
(င) လူမှုရေးနှင့် လက်နက်ကိုင်ပဋိပက္ခများ
• စစ်ပွဲများ
• အကြမ်းဖက်မှုများ
• လူမှုအဓိကရုဏ်းများ
ဘေးအန္တရာယ်များနှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
ဘေးအန္တရာယ်များတွင် ကြိုတင်ခန့်မှန်းနိုင်သော ဘေးအန္တရာယ်များရှိသကဲ့သို့ ကြိုတင်ခန့်မှန်းရန် ခက်ခဲသော ဘေးအန္တရာယ်များ ရှိပါသည်။ ဆိုင်ကလုန်းမုန်တိုင်းနှင့် ရေလွှမ်းမိုးခြင်းကဲ့သို့သော အချို့သော ဘေးအန္တရာယ်များမှာ ကြိုတင်ခန့်မှန်း၍ ရနိုင်ပါသည်။ သို့ရာတွင် မြေငလျင်လှုပ်ခြင်းနှင့် လေဆင်နှာမောင်းတိုက်ခတ်ခြင်းကဲ့သို့သော ဘေးအန္တရာယ်များမှာ ကြိုတင်ခန့်မှန်းရန် ခက်ခဲပါသည်။
ကြိုတင်ခန့်မှန်း၍ ရနိုင်သောဆိုင်ကလုန်းမုန်တိုင်းကဲ့သို့ ဘေးအန္တရာယ်များအတွက် မိုးလေဝသသတင်းများကို အမြဲနားထောင်သင့် ပါသည်။ မြန်မာနိုင်ငံတွင် မိုးလေဝသသတင်းများကို မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက်များနှင့်အတူ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးလျှက်ရှိသဖြင့် အဆိုပါ မိုးလေဝသသတင်းများကို အမြဲမပြတ် နားထောင်ပြီး ဘေးအန္တရာယ် သတိပေးချက်များကို လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါသည်။
ထို့အပြင် မိမိဒေသအတွင်း ဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများကို ဦးစီးဆောင်ရွက်နေသော ဒေသ ခံ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် အခြားဌာန ဆိုင်ရာ^အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရပါမည်။
၁၁.၂ ဘေးအန္တရာယ်များနှင့် ကျန်းမာရေးပြဿနာများ
လူအများ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် သေဆုံးခြင်းမှာ ဘေးအန္တရာယ်များကြောင့် တိုက်ရိုက်ခံစားရနိုင်သော ကျန်းမာရေးပြဿနာများ ဖြစ်ပါသည်။
ထို့အပြင် ကျန်းမာရေးအဆောက်အဦးများ ပျက်စီးသွားခြင်း၊ ကျန်းမာရေးဝန်ထမ်းများ ကိုယ်တိုင်ဘေးအန္တရာယ်ဒဏ် ခံစားရနိုင်ခြင်း စသည်တို့ကြောင့် ကျန်းမာရေးစောက်ရှောက်မှုလုပ်ငန်းများ ယာယီရပ်ဆိုင်းသွားနိုင်ပါသည်။
ထို့ပြင် ကာလကြာရှည်သော ဘေးအန္တရာယ်များ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်ရန် ခက်ခဲသော အခြေအနေ များနှင့် ယာယီကယ်ဆယ်ရေးစခန်း၌ လူအများ ခိုလှုံနေရသော အခြေအနေများ၌ အောက်ဖော်ပြပါ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ဆက်လက်ဖြစ်ပေါ်လာနိုင်ပါသည်။
• သွေးတိုုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ အစရှိသည့် နာတာရှည်ရောဂါ ခံစားနေရသူများ ဆေးပြတ်လပ်ခြင်း၊ ဆေးကုသမှု မရရှိနိုင်ခြင်း တို့ကြောင့် ရောဂါများ ပိုမိုဆိုးရွား လာခြင်း
• ကူးစက်ရောဂါများ (ဥပမာ-ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ၊ အစာအဆိပ်သင့်ရောဂါ၊ တီဘီရောဂါ၊ အသက်ရှုလမ်းကြောင်း ကူးစက်ရောဂါများ၊ ဝက်သက်ရောဂါ၊ အရေပြားယားနာရောဂါများ၊ ခြင်မှဆစ်ဆင့် ကူးစက်တတ်သည့် ငှက်ဖျားရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါစသည်များ) ပိုမိုကူးစက်ဖြစ်ပွားနိုင်ခြင်းနှင့် ကပ်အသွင်ဖြစ်ပွားနိုင်ခြင်း
• စိတ်ကျရောဂါကဲ့သို့သော စိတ်ကျန်းမာရေးပြဿနာများ ခံစားရနိုင်ခြင်း
• ပုံမှန် သုံးစွဲနေကျ ပဋိသန္ဓေတားဆေး ထိုးနှံ^သောက်သုံးခြင်းများ ပြတ်လပ်သွား၍ မလိုလားဘဲ ကိုယ်ဝန်ရရှိနိုင်ခြင်း၊ လုံခြုံမှု မရှိ၍ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုများနှင့် လိင်မှတစ်ဆင့် ကူးစက်ရောဂါများ ပိုမိုဖြစ်ပွားနိုင်ခြင်း
ဘေးအန္တရာယ်အခြေအနေများ၌ ပြည်သူများအား အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု ပေးရန်မှာ အရေးကြီးသကဲ့သို့ ကျန်းမာရေး ဝန်ထမ်းများ ဘေးကင်းလုံခြုံရေးမှာလည်း ပိုမိုအရေးကြီးသဖြင့် ဘေးကင်းလုံခြုံရေး ဂရုပြုရမည်ဖြစ်ပါသည်။
ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ဦးစားပေး လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများ
၁။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မိုးလေဝသသတင်းများနှင့် သတိပေးချက်များ၊ ကျန်းမာရေးဌာန အဆင့်ဆင့်မှ ထုတ်ပြန်သည့် သတိပေးချက်နှင့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန်
၂။ ဘေးအန္တရာယ်ဖြစ်စဉ်များတွင် ရပ်ကွက်^ကျေးရွာအတွင်းနှင့် ယာယီကယ်ဆယ်ရေး စခန်းများ၌ ယာယီဆေးခန်းများ၊ ရွေ့လျား ဆေးခန်းများဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန်
၃။ ကူးစက်ရောဂါနှင့် အခြားကျန်းမာရေးပြဿနာ ဖြစ်ပွားမှုများအား စောင့်ကြပ်ကြည့်ရှု၍ အထက်အဆင့်ဆင့်သို့ အချိန်နှင့် တစ်ပြေးညီ သတင်းပို့ရန်
၄။ ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး^ထိုးနှံနေသည့် မိမိဒေသမှ ကလေးငယ်များရောက်ရှိ နေနိုင်သည့်နေရာများအား စုံစမ်း၍ ကာကွယ်ဆေး တိုက်ကျွေး^ထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်ရန်နှင့် ယာယီကယ်ဆယ်ရေးစခန်းအပါအဝင် မိမိရပ်ကွက်^ကျေးရွာအတွင်း ကာကွယ် ဆေးထိုးလုပ်ငန်းများအား ဆောင်ရွက်ရန်
၅။ တီဘီရောဂါကုဆေး သောက်သုံးနေသူများနှင့် အေအာဘီ (ဗျွွှ) ဆေးဝါးသောက်သုံးနေသူများ ရောက်ရှိနေသည့် နေရာများအား စုံစမ်း၍ ဆေးဝါးပြတ်လပ်မှု မရှိစေရေးစီစဉ်ဆောင်ရွက်ရန်
၆။ ရေကောင်းရေသန့် ရရှိရေး၊ ယင်လုံအိမ်သာ သုံးစွဲရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ခြင်နှင့် ခြင်လောက်လန်းနှိမ်နှင်းရေးစသည့် ပြည့်သူ့ ကျန်းမာရေးနှင့် ရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများအား ဒေသခံ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန်
၇။ ကျန်းမာရေးကဏ္ဍ ထိခိုက်ပျက်စီးမှုစာရင်းများကို ကနဦးသတင်း၊ နောက်ဆက်တွဲသတင်းနှင့် အပြီးသတ်သတင်းများဖြင့် အချိန်နှင့် တစ်ပြေးညီအဆင့်ဆင့် တင်ပြရန်
၈။ ဘေးအန္တရာယ်ကျရောက်သော ဒေသများရှိ ပြည်သူများအားအောက်ဖော်ပြပါ ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေး သတိပေးနှိုးဆော်ချက် အတိုင်း ကျန်းမာရေး အသိပညာများ ဖြန့်ဝေပေးရန်
ဘေးအန္တရာယ်ကျရောက်သော ဒေသများရှိ ပြည်သူများအတွက် ကျန်းမာရေးသတိပေးနှိုးဆော်ချက်
၁။ မိုးလေဝသသတင်းများ၊ ဘေးအန္တရာယ်သတိပေးချက်များနှင့် ကျန်းမာရေးသတိပေး နှိုးဆော်ချက်များကို လိုက်နာဆောင်ရွက်ပါ။
၂။ ဘေးအန္တရာယ် မကျရောက်မီအချိန်ကတည်းက အစားအစာ၊ သောက်သုံးရန်နှင့် ပုံမှန်သောက်သုံးနေဖြစ်သည့် ဆေးဝါးများ၊ ပဋိသန္ဓေ တားဆေးများ စသည်တို့အား အသင့်ကြိုတင် စုဆောင်းထားရှိပါ။ ဆေးဝါးပျက်လပ်မှုရှိပါက ကျန်းမာရေးဌာနနှင့် ဆက်သွယ်၍ ဆေးကုသမှုခံယူပါ။
၃။ တာဝန်ရှိသူများ၏ ညွှန်ကြားချက်များအတိုင်း မိုးဒဏ်၊ လေဒဏ်ခံနိုင်သော အဆောက်အဦးတွင် နေထိုင်ပါ။ ၄။ ရာသီဥတုနှင့် လျှော်ညီပြီး၊ ကျန်းမာရေးနှင့် ညီညွတ်အောင် ဝတ်စားဆင်ယင်ပါ။
၅။ ရေမျောစာများ၊ အမှည့်လွန်အစာများ၊ ယင်နားစာများ မစားပါနှင့်။ အစားအစာများ ယင်မနားစေရန် ဖုံးအုပ်ထားပါ။ ၆။ ရေသန့်ဆေးထုတ်^ကလိုရင်းဆေး ခပ်ထားသောရေ (သို့မဟုတ်) ကျိုချက်ထားသော ရေကိုသာသောက်သုံးပါ။ ၇။ ယင်လုံအိမ်သာကို စတစ်တကျသုံးစွဲပါ။
၈။ တစ်ကိုယ်ရေသန့်ရှင်းရေးကို အလေးထားဆောင်ရွက်ပါ။ အစားမစားမှီ၊ အစားအစာချက်ပြုတ်ပြင်ဆင်ခြင်း မပြုမီ၊ အိမ်သာ သွားပြီးတိုင်းနှင့် အညစ်အကြေး ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးကြောပါ။
၉။ အမှိုက်များကို မြေမြုပ်ခြင်း၊ မီးရှို့ခြင်း၊ အမှိုက်ပုံကို ထုံးဖြူးခြင်း စသည်ဖြင့် အမှိုက်သရိုက်များကို စနစ်တကျစွန့်ပစ်ပါ။
၁၀။ ခြင်ကိုက် မခံရအောင် ဂရုပြုနေထိုင်ပါ။ မည်သည့်အချိန်တွင်မဆို ခြင်ထောင်ဖြင့်သာ အိပ်စက်ပါ။ ပိုးလောက်လန်း၊ ခြင်နှိမ်နှင်းရေး လုပ်ငန်းများ (ဖုံး၊ သွန်၊ လဲ၊ စစ်)တွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ပါ။
၁၁။ ေြွမဆိုးအန္တရာယ်၊ လျှပ်စစ်ဓာတ်လိုက်မှုအန္တရာယ်နှင့် ထိခိုက်ဒဏ်ရာရရှိမှု အန္တရာယ်များအား ဂရုပြုပါ။
၁၂။ ဘေးအန္တရာယ် ကျရောက်ရာဒေသများ၌ ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထုမှ ပူးပေါင်းဆောင်ရွက်ပါ။
၁၃။ ဘေးအန္တရာယ်ကျရောက်ပြီးနောက် အဆုတ်ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ေြွမဆိုးကိုအန္တရာယ်၊ ထိခိုက်ဒဏ်ရာရရှိမှုစသည့် ကျန်းမာရေးပြဿနာများ ဖြစ်ပွားနိုင်ပြီး အကယ်၍ဖြစ်ပွားပါက နီးစပ်ရာဆေးရုံ^ကျန်းမာရေးဌနနှင့် ကျန်းမာရေးဝန်ထမ်းထံတွင် ပြသပါ။

No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...