တီဘီရောဂါ

၇.၂    တီဘီရောဂါ
•    တီဘီရောဂါသည် သာမန်မျက်စိဖြင့် မမြင်နိုင်သောဘက်တီးရီးယားပိုးကြောင့်ဖြစ်ပြီး လေမှတဆင့်ကူးစက်ပျံ့နှံ့သည့် ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါသည်။ ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံသည် တီဘီရောဂါပိုး ကူးစက်ခံနေရပြီဖြစ်သည်။
•    တီဘီရောဂါဖြစ်ပွားသူသည် ဆေးကုသမှုစနစ်တကျမခံယူပါက မိမိမှတဆင့်မိသားစုနှင့် ပတ်ဝန်းကျင်ရှိလူများကိုပါ အလွယ်တကူ  ကူးစက် နိုင်ပြီး မိမိကိုယ်တိုင်လည်း ပထမအဆင့် တီဘီရောဂါကုဆေးများနှင့် မကုသနိုင်တော့သည့် ဆေးယဉ်ပါးတီဘီရောဂါ ဖြစ်လာနိုင်သည်။
•    တီဘီရောဂါသည် အဆုတ်တွင် အများဆုံးဖြစ်ပွားသည့်ရောဂါတစ်မျိုးဖြစ်သည်။ ဦးနှောက်၊ ကျောရိုး၊ အူလမ်းကြောင်းကဲ့သို့ အခြား ခန္ဓာကိုယ်    အစိတ်အပိုင်းများတွင်လည်း    ဖြစ်နိုင်ပါသည်။
•    တီဘီရောဂါသည်    စနစ်တကျကုသပါက    ပျောက်ကင်းနိုင်ပါသည်။

ကူးစက်နိုင်သည့် နည်းလမ်းများ
•    သလိပ်တွင် တီဘီပိုးရှိသော ဝေဒနာရှင်များမှာ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ ကျယ်လောင်စွာ စကားပြောခြင်းအားဖြင့် တီဘီရောဂါပိုး များသည်    လေထဲသို့    အလွယ်တကူပျံ့နှံ့သွားပြီး      ဘေးပတ်ဝန်းကျင်ရှိလူများ    ရှူရှိုက်မိရာမှ  ရောဂါပိုးများကူးစက်ခံရနိုင်ပါသည်။
•    များသောအားဖြင့်
→   ရောဂါရှိသူများမှ   အတူနေမိသားစုသို့လည်းကောင်း၊
→ ရုံးခန်း၊ စာသင်ခန်း၊ စက်ရုံ၊ အလုပ်ရုံစသည့်နေရာများတွင် ဝေဒနာရှင်မှ အတူလုပ်ဖော်ကိုင်ဖက်လူများသို့ ရောဂါပိုး အလွယ်တကူ ကူးစက်နိုင်ပါသည်။
ထို့အပြင်
→ လူစုလူဝေးများပြားသော နေရာများဖြစ်သည့် စတိုးဆိုင်၊ ဈေးဆိုင်၊ ရထားဂိတ်၊ ကားဂိတ်၊ ဗွီဒီယိုရုံ၊ ရုပ်ရှင်ရုံ စသည့်နေရာများတွင် ဝေဒနာရှင်မှ    အနီးရှိသူများသို့   လည်းကောင်း
→ ဘတ်(စ်)ကား၊ မီးရထား၊ သင်္ဘော၊ လေယာဉ်စီးပြီး ခရီးသွားလာရင်း ဝေဒနာရှင်မှ ပတ်ဝန်းကျင်ရှိလူများသို့လည်းကောင်း ကူးစက်နိုင်ပါသည်။
•    မည်သူမဆို  တီဘီရောဂါ  ကူးစက်ခံရနိုင်သော်လည်း  တီဘီရောဂါပိုး  ကူးစက်ခံရသူတိုင်း  တီဘီရောဂါဖြစ်ပွားလေ့မရှိပါ။

အောက်ပါအခြေအနေရှိသူများ  တီဘီရောဂါပိုး  ကူးစက်ခံရပါကတီဘီရောဂါ ပိုမိုဖြစ်ပွားနိုင်ပါသည်။
•    အာဟာရချို့တဲ့ခြင်း
•    ခုခံအားကျဆင်းနေခြင်း
•    ဆေးလိပ်သောက်ခြင်း၊     အရက်အလွန်အကျွံသောက်ခြင်း
•    အသက်အရွယ်ကြီးသူများနှင့်      ငါးနှစ်အောက်ကလေးငယ်များ
•    ဆီးချိုရောဂါရှိသူများနှင့်     အစာအိမ်ဖြတ်တောက်ထားရသူများ
•    အိမ်နှင့်အလုပ်နေရာများတွင် အလင်းရောင်နှင့် လေဝင်လေထွက် ကောင်းစွာမရရှိခြင်း
•    လူမှုစီးပွားရေးနိမ့်ကျခြင်းတို့သည်လည်း ရောဂါဖြစ်ပွားစေရန် အားပေးသည့်အခြေအနေများ ဖြစ်ပါသည်။

တီဘီရောဂါလက္ခဏာများ
•    (၂)ပတ်နှင့်အထက်    ချောင်းဆိုးလျှင်
•    ချောင်းဆိုးသည့်အခါသွေး(သို့မဟုတ်)     သလိပ်ပါလျှင်
•    အစားအသောက်ပျက်လျှင်၊     ကိုယ်အလေးချိန်ကျပြီး    တဖြည်းဖြည်းပိန်လာလျှင်
•    တငွေ့ငွေ့ဖျားလျှင် (အထူးသဖြင့် ညနေပိုင်း)
•    ညအခါချွေးအလွန်ထွက်လျှင်  တီဘီရောဂါ ရှိ^မရှိစစ်ဆေးမှုခံယူပါ။
တီဘီရောဂါ  ရှိမရှိ  စစ်ဆေးခြင်း
•    ကျန်းမာရေးဌာနတွင် သလိပ်(၂)ခွက် (နံနက်စောစော သလိပ်ခွက်အပါအဝင်) စစ်ဆေးရပါမည်။
•    ပြန်ကုတီဘီလူနာများ၊ ှုံဠလူနာများ၊ ဆေးယဉ်ပါးတီဘီလူနာနှင့် နီးစပ်သူများ၊ သလိပ်ပိုးတွေ့တီဘီလူနာများ၊ ဆေးကုသမှု (၂^၃) လပြည့်၍ သလိပ်စစ်ဆေးရာတွင် သလိပ်$ တီဘီပိုးဆက်တွေ့နေသော လူနာများနှင့် ဆီးချိုရောဂါရှိသော တီဘီလူနာများသည် ွနညနဌစနမအ  စက်ဖြင့်    ဆေးယဉ်ပါးတီဘီရောဂါရှိ^မရှိ    ထပ်မံစစ်ဆေးရန်  လိုအပ်ပါသည်။
•    မိမိတွင် ရောဂါဖြစ်ပါက မိသားစုဝင်အားလုံးတွင် တီဘီရောဂါ ရှိ^မရှိ စစ်ဆေးရန် လိုအပ်ပါသည်။ အစိုးရကျန်းမာရေးဌာနအားလုံးနှင့် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းနှင့် ပူးပေါင်းဆောင်ရွက်နေသော ပြင်ပဆေးရုံ၊ ဆေးခန်းများတွင် တီဘီရောဂါကို ပျောက်ကင်းသည်အထိ    အခမဲ့စစ်ဆေး    ကုသပေးလျက်ရှိပါသည်။

ဆေးကုသမှုခံယူခြင်း
•    တိုက်ရိုက်ကြည့်ရှု အချိန်တိုနှင့်ကု (ီဥွှ) နည်းဗျူဟာဖြင့် ဆေးကုသခြင်းဆိုသည်မှာ ကျန်းမာရေးဝန်ထမ်း (သို့) စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သား (သို့) စေတနာ့ဝန်ထမ်း တစ်ဦးဦးမှ တီဘီလူနာအား တီဘီဆေးဝါးများကို အချိန်မှန်မှန်သောက်ရန် ဂရုတစိုက် တိုက်ရိုက်စောင့်ကြပ်    ကြည့်ရှု၍    ရောဂါပျောက်ကင်းသည်အထိ    ဆေးတိုက်ကျွေးခြင်း   ဖြစ်သည်။
•    ကျန်းမာရေးဝန်ထမ်းများမှ     ညွှန်ကြားထားသည့်အတိုင်း    ကုသမှုကိုတိတိကျကျခံယူပါ။
•    ဆေးများကိုရောဂါ    အမျိုးအစားအလိုက်    (၆)လမှ    (၈)လအထိ    နေ့စဉ်မပျက်မကွက်  ပုံမှန်သောက်ရပါမည်။
•    နံနက်စာမစားမီ (၁)နာရီခန့် ကြိုတင်၍ တီဘီဆေးများအားလုံးကို ရေဖြင့်သောက်ရပါမည်။
•    တီဘီဆေးကြောင့် ဆီးသွားလျှင် ဆီးအရောင်သည် လိမ္မော်ရောင်၊ အနီရောင်ဖြစ်တတ်ပါသည်။ စိုးရိမ်စရာ မရှိပါ။ သတ်မှတ်ထားသော ဆေးတွဲများကို အပြည့်အဝ မသောက်ခြင်း၊ ပြတ်တောင်း ပြတ်တောင်းသောက်ခြင်းကြောင့် ဆေးယဉ်ပါးသည် ့အန္တရာယ် ဖြစ်လာနိုင် ပါသည်။
•    ဆေးကုသနေစဉ်အတွင်း တချို့သည် မူးဝေခြင်း၊ နားလေထွက်ခြင်း၊ နားအကြားနှင့် မျက်စိအမြင်အာရုံများ လျော့ပါးခြင်း၊ အရေပြားတွင် အဖု  အပိန့်၊     အနီစက်များပေါ်လာခြင်းနှင့်  မျက်လုံးဝါခြင်း၊  အသားဝါခြင်း  ဖြစ်လာပါက  ဆေးသောက်ခြင်းအား  ရပ်ဆိုင်းပြီး  နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံး သွားရောက်ပြသရမည် ဖြစ်ပါသည်။
•    ဆေးကုသနေစဉ်အတွင်း  သလိပ်ပြန်စစ်ရန်  ညွှန်ကြားထားသောအချိန်တွင်  သလိပ်ပြန်စစ်ရပါမည်။  (တဘီ

လီ    နူ

ာအသစတ်

ငွ    ်

ဆေးကုသနေစဉ် ကာလတွင်း (၂)လ၊ (၅)လ၊ (၆)လတို့တွင် လည်းကောင်း၊ ပြန်ကုလူနာတွင် (၃)လ၊ (၅)လ၊ (၈)လတို့လည်းကောင်း သလိပ်ပြန်လည်     စစ်ဆေးရပါမည်။)

တီဘီရောဂါရှိသူများ လိုက်နာဆောင်ရွက်ရန်အချက်များ
•    နှာချေလျှင်၊ ချောင်းဆိုးလျှင် အဝတ်(သို့) လက်ကိုင်ပုဝါဖြင့် ပါးစပ်နှင့်နှာခေါင်းကို  လုံအောင်ဖုံးအုပ်ပါ။
•    သလိပ်၊ တံတွေးများကို တွေ့ရာမထွေးဘဲ အဖုံးပါသောခွက်အတွင်း ထွေးပါ။
•    ၎င်းခွက်ထဲသို့ ဖီနိုင်းပိုးသတ်ဆေးရည် (သို့) ကာဘော်လစ်ဆပ်ပြာရည် (သို့) ရေထည့်ထားပါ။ တီဘီရောဂါမဖြစ်စေရန် သလိပ်များကို ရေအိမ်အတွင်း (သို့) မြေကြီးနက်နက်တူးပြီး စွန့်ပစ်ပါ။ အဆိုပါပစ္စည်းများ မရနိုင်ပါက သလိပ်များ မစွန့်ပစ်ခင် မိနစ်(၃၀)ခန့် ကြိုတင်၍ ပွက်ပွက်ဆူနေသော     ရေနွေးလောင်းထည့်ပြီးမှ    စွန့်ပစ်နိုင်ပါသည်။
•    အာဟာရပြည့်ဝစွာ စားသုံးပါ။ အစားရှောင်ရန်မလိုပါ။
•    သင့်တင့်သောကိုယ်လက်လှုပ်ရှားမှုပြုပါ။
•    လေဝင်လေထွက်ကောင်းပြီး    နေရောင်ခြည်တိုက်ရိုက်ရနိုင်သည့်နေရာ၊    အခန်းများတွင်     နေထိုင်ပါ။
•    လူနာအသုံးပြုပြီးသော လက်ကိုင်ပုဝါ၊ အဝတ်အထည်များကို လျှော်ဖွတ်၍ နေပူလှမ်းပြီးမှ ပြန်အသုံးပြုပါ။
•    ဆေးလိပ်၊    အရက်မသောက်ပါနှင့်။

ကာကွယ်နိုင်မည့် နည်းလမ်းများ
•    တစ်နှစ်အောက်    ရင်သွေးငယ်များအား    ဘီစီဂျီကာကွယ်ဆေး   မပျက်မကွက်ထိုးပါ။
•    တီဘီရောဂါလက္ခဏာတစ်ခုခု ဖြစ်ပေါ်လာပါက ကျန်းမာရေးဌာနသို့ သွားရောက်ကာ ရောဂါပိုးရှိ^မရှိစစ်ဆေးပြီး စနစ်တကျကုသမှုခံယူပါ။
•    စနစ်တကျ ကုသမှုခံယူခြင်းသည် အခြားသူများသို့ ကူးစက်စေခြင်းမှ အကောင်းဆုံးကာကွယ်ပြီး မိမိကိုယ်တိုင်အတွက်လည်း ဆေးယဉ်ပါးတီဘီရောဂါ    မဖြစ်ပွားအောင်    ကာကွယ်ရာရောက်ပါသည်။
တီဘီနှင့်  အိပ်ချ်အိုင်ဗွီ  ဒွန်တွဲဖြစ်ပွားမှု
•    အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရသူများတွင် အခွင့်အရေးယူ ဝင်ရောက်တတ်သော ရောဂါများအနက် တီဘီရောဂါသည် အဖြစ်အများဆုံး ဖြစ်သည်။
•    အိပ်ချ်အိုင်ဗွီလူနာများတွင် တီဘီရောဂါဖြစ်ပွားပါက တိုက်ရိုက်ကြည့်ရှု အချိန်တိုနှင့်ကု(ီဥွှ) နည်းဗျူဟာဖြင့် စနစ်တကျဆေးကုသမှု ခံယူပါက    တီဘီရောဂါ   ပျောက်ကင်းနိုင်ပါသည်။
•    စနစ်တကျ ဆေးကုသမှုမခံယူပါက ဆေးယဉ်ပါးတီဘီရောဂါ ဖြစ်လာနိုင်ပြီး အခြားသူများကိုလည်း ကူးစက်စေနိုင်ပါသည်။
•    အိပ်ချ်အိုင်ဗွီပိုးရှိသူများသည်     တီဘီရောဂါကူးစက်ခံရခြင်းကြောင့်     အေအိုင်ဒီအက်(စ်)ရောဂါအဆင့်သို့     အရောက်မြန်နိုင်သည်။
•    တီဘီလူနာအားလုံး အိပ်ခ်ျအိုင်ဗွီပိုးရှိ^မရှိ သွေးစစ်ဆေးခြင်းနှင့် လိုအပ်သော ကုသစောင့်ရှောက်မှုများပေးခြင်းကို မြို့နယ်ကျန်းမာရေး ဌာနများတွင်     ပြုလုပ်ပေးနေပါသည်။
•    တီဘီ^အိပ်ခ်ျအိုင်ဗွီ ဒွန်တွဲလူနာများအား အေအာတီကုသမှုခံယူရန် နီးစပ်ရာ အေအာတီဆေးကုဌာနများသို့  ညွှန်းပို့ပါ။

ဆေးယဉ်ပါး  တီဘီရောဂါ
•    တီဘီရောဂါ ကုသဆေးများကို တီဘီပိုးမှ ယဉ်ပါးသွားခြင်းဖြစ်ပါသည်။


ဆေးယဉ်ပါးတီဘီရောဂါ၏ လက္ခဏာများ
•    သာမန်တီဘီရောဂါလက္ခဏာများကဲ့သို့    ဖြစ်နိုင်ပါသည်။

ကူးစက်နိုင်သည့် နည်းလမ်းများ
•    သာမန်တီဘီဖြစ်စေ၊    ဆေးယဉ်ပါးတီဘီဖြစ်စေ    လေထဲမှတဆင့်    ကူးစက်နိုင်ပါသည်။

ဆေးယဉ်ပါးတီဘီရောဂါ  ဖြစ်ရခြင်းအကြောင်းအရင်းများ
•    တီဘီလူနာများအနေနှင့်
-    ညွှန်ကြားထားသည့် ဆေးဝါးများကို စနစ်တကျ (အချိန်မှန်၊ ဆေးညွှန်းနှင့် ပမာဏမှန်၊ ဆေးပတ်မှန်)မသောက်ခဲ့ခြင်း
-    ကျန်းမာရေးစောင့်ရှောက်မှုပေးသည့်သူများမှ စနစ်တကျညွှန်ကြားခြင်းနှင့် စနစ်တကျ ကြပ်မတ်ကုသပေးခဲ့ခြင်း မရှိသဖြင့် ဆေးယဉ်ပါးသွားခြင်း
•    ဆေးယဉ်ပါးတီဘီရောဂါပိုးရှိသူထံမှ      တိုက်ရိုက်ကူးစက်ခံရခြင်း

ဆေးယဉ်ပါးတီဘီရောဂါကို ကုသခြင်း
•    ကုထုံးမှာ အနည်းဆုံးဆေး(၅)မျိုးနှင့် ကုသရပါမည်။ ဆေး(၁)မျိုးမှာ ထိုးဆေးဖြစ်ပါသည်။
•    ကျန်းမာရေးဝန်ထမ်းများ၏ တိုက်ရိုက်ကြည့်ရှု အစီအစဉ်ဖြင့် တစ်နေ့လျှင် (၂) ကြိမ် နေ့စဉ် ဆေးသောက်ရပါမည်။ ဆေးကုသချိန်သည်   (၂၀)   လ   ကြာမြင့်ပါမည်။   ထိုးဆေးမှာ   နေ့စဉ်(၁)ကြိမ်ဖြင့်   အနည်းဆုံး    (၆)လထိုးရပါမည်။

ဆေးကုသရာတွင် ဘေးထွက်ဆိုးကျိုးများ
•    ရင်ပူခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်းနှင့် ဆေးထိုးသည့်နေရာတွင် နာကျင်ခြင်းများ  ခံစားရတတ်ပါသည်။
•    အများအားဖြင့် ဆေးယဉ်ပါးတီဘီဆေး၏ ဘေးထွက်ဆိုးကျိုးများသည် အလွန်ပြင်းထန်သည့်အတွက် ၎င်းင်းဘေးထွက်ဆိုးကျိုးများကို ခံစားရသည့်အခါ    ဆရာဝန်၊    ဆရာမများအား    ဆောလျင်စွာ  အကြောင်းကြားရပါမည်။
•    မိမိဆန္ဒအရ ဆေးကုသမှုရပ်တန့်ခြင်းအား လုံးဝမ ပြုလုပ်သင့်ပါ။


လူနာနှင့်  လူနာ၏  အသုံးအဆောင်ပစ္စည်းများကို  ကိုင်တွယ်ပြီးတိုင်း  လက်ကို  ဆပ်ပြာနှင့် စင်ကြယ်စွာဆေးကြောပါ။

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...