မကူးစက်နိုင်သောရောဂါများ

မကူးစက်နိုင်သောရောဂါများ
လူတစ်ဦးမှတစ်ဦးသို့ ရောဂါကူးစက်ခြင်းကြောင့်မဟုတ်ဘဲ ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများ စားသောက်ခြင်းနှင့် ကျန်းမာရေးနှင့် မညီညွှတ်သော လူမှုဘဝ နေထိုင်မှုပုံစံများတွင် ကြာရှည်စွာ စားသောက်နေထိုင် ထိတွေ့နေရခြင်းကြောင့် ဖြစ်ပေါ်လာသော ရောဂါအစုအဝေးကို ခေါ်ပါသည်။
မကူးစက်နိုင်သောရောဂါများတွင်    အောက်ပါရောဂါနှင့်    ကျန်းမာရေးပြဿနာများ     ပါဝင်ပါသည်။
(၁)    သွေးတိုးရောဂါ   
(၂)    ဆီးချိုသွေးချိုရောဂါ
(၃)    နှလုံးသွေးကြောကျဉ်းရောဂါ   
(၄)    လေဖြတ်ခြင်း
(၅)    ကင်ဆာရောဂါ   
(၆)    နာတာရှည်အဆုတ်ပွရောဂါ၊    လေြွပန်ကျဉ်းနှင့်    ပန်းနာရင်ကြပ်ရောဂါ
(၇)    စိတ်ကျန်းမာရေးပြဿနာ   
(၈)    အတက်ရောဂါ
(၉)    နားလေးရောဂါ   
(၁၀)      မတော်တဆဖြစ်ခြင်းနှင့်   ထိခိုက်မှုအန္တရာယ်
(၁၁)      ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ်   
(၁၂)      အရက်စွဲအန္တရာယ်
(၁၃)    မူးယစ်ဆေးဝါးအန္တရာယ်   
(၁၄)  မြွေကိုက်န္တရာယ်တို့ ပါဝင်ပါသည်။
မြန်မာနိုင်ငံတွင်   သေဆုံးသူ   (၁၀၀)လျှင်   (၅၉)ဦးသည်   မကူးစက်နိုင်သောရောဂါများကြောင့်   သေဆုံးနေကြောင်း      တွေ့ရှိရသည်။
မြန်မာနိုင်ငံတွင်  အဖြစ်များသော  နာတာရှည်ရောဂါ  (၄) မျိုးရှိပါသည်။
(၁)    နှလုံးသွေးကြောရောဂါ      
(၂)  ဆီးချိုသွေးချိုရောဂါ      
(၃)  ကင်ဆာရောဂါ   
(၄) နာတာရှည်အဆုတ်ရောဂါ
ကာကွယ်နိုင်မည့်နည်းလမ်းများ
(၁)    ကျန်းမာရေးနှင့်ညီညွတ်စွာ     စားသုံးပါ။
•    ချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်းသော၊ အသင့်စားထုတ်ပိုးထားသော အစားအစာများကို လျှော့၍စားသုံးပါ။
→    ချိုလွန်းသည့်အစားအစာများမှာ   -   အချိုရည်များ၊   သကြားနှင့်နို့ဆီပါသော   အစားအစာများ၊   ထန်းလျက်၊   မလိုင်၊   ကြံသကာ စသည့်   အစားအစာများ
→    ငန်လွန်းသည့်   အစားအစာများမှာ   -   ငါးပိ၊   ငါးခြောက်၊   ငံပြာရည်၊   ပုစွန်ခြောက်စသည့်   အစားအစာများနှင့်    ဟင်းချိုမှုန့်
•    တိရစ္ဆာန်မှ    ရသောအဆီများ    (အမဲဆီ၊    ဝက်ဆီ)    စားသုံးခြင်းမှရှောင်ကြဉ်ပါ။    စားအုန်းဆီကို အလွန်အကျွံမစားသုံးသင့်ပါ။
•    ကွမ်းစားခြင်းကို ရှောင်ကြဉ်ပါ။
•    အမျှင်ဓါတ်ပါသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို များများစားသုံးပေးပါ။
→    ကန်စွန်းရွက်၊    ချဉ်ပေါင်ရွက်၊    ဘူးရွက်နှင့်    ဘူးသီး၊    ဟင်းနုနယ်ရွက်စသည့် ဟင်းသီးဟင်းရွက်များ
→    ငှက်ပျောသီး၊   သဘောင်္သီး၊   ဖရဲသီး၊   သရက်သီး၊   မာလကာသီး၊   စပျစ်သီးစသည့်   သစ်သီးဝလံများ
(၂)    ကိုယ်ကာယ လှုပ်ရှားမှု လေ့ကျင့်ခန်းများ မှန်မှန်ပြုလုပ်ပါ။
•    တစ်နေ့လျှင် မိနစ်(၃၀) ၊ တစ်ပတ်လျှင် (၅)ရက် သင့်လျော်သော ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ၊(လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ အလေးမခြင်း၊    စက်ဘီးစီးခြင်း    စသည့်    မိမိလုပ်နိုင်သည့်    လေ့ကျင့်ခန်းကို  လုပ်နိုင်ပါသည်။)
•    သွက်လက်တက်ြွကစွာ   နေထိုင်ပါ။
•    အထိုင်များခြင်း လှုပ်ရှားမှုနည်းခြင်းကို ရှောင်ကြဉ်ပါ။
•    တီဗီ၊   တီဗီဂိမ်းရှေ့တွင်   ကြာရှည်စွာထိုင်ခြင်းနှင့်   ကွန်ပျူတာ၊   အင်တာနက်   ဆက်တိုက်   ကြာရှည်စွာ   အသုံးပြုခြင်းများ    ရှောင်ကြဉ်ပါ။
 (၃)    ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှုကို     ရှောင်ကြဉ်ပါ။
•    ကိုယ်တိုင်ဆေးလိပ်သောက်ခြင်းနှင့်     သူတစ်ပါးဆေးလိပ်ငွေ့ရှူခြင်းကို     ရှောင်ကြဉ်ပါ။
•    ဆေးရွက်ကြီးနှင့် နှပ်ဆေးအမျိုးမျိုး ပါဝင်သော ကွမ်းစားခြင်းကို  ရှောင်ကြဉ်ပါ။
•    ဆေးငုံခြင်းကို ရှောင်ကြဉ်ပါ။
(၄)    အရက်အလွန်အကျွံသောက်သုံးမှုကို     ရှောင်ကြဉ်ပါ။
(၅)    ကိုယ်ခန္ဓာ   ရှိသင့်သည်ထက်   ပိုဝမလာအောင်   ထိန်းသိမ်းပါ။
•    မိမိအရပ်အလိုက် ရှိသင့်သော ကိုယ်အလေးချိန်ကို   ထိန်းသိမ်းနိုင်ရန်နှင့်
•    ကိုယ်အလေးချိန်များလာလျှင် လျှော့ချရန် ကြိုးစားပါ။
(၆)    ရေလုံလောက်စွာ   သောက်ပါ။
လူတစ်ယောက်သည်   ရေကို   တစ်နေ့လျှင်ရေဖန်ခွက်   (၈)ခွက်   (သို့)   (၂)လီတာ   ခန့်သောက်သုံးရန်   လိုအပ်ပါသည်။
(၇)    စိတ်သောကများကို     လျှော့နိုင်အောင်ကြိုးစားနေထိုင်ပါ။
•    အပြုသဘောဖြင့်     အရာရာကို    အကောင်းမြင်နိုင်အောင်ကြိုးစားပါ။
•    အပြုံးဖြင့် လောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်အောင်  ကြိုးစားပါ။
•    မကူးစက်နိုင်သောရောဂါများအား ကာကွယ်ရန် ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှု အလေ့အထများကို လိုက်နာကျင့်သုံးသင့်ပါသည်။
•    အသက်(၄၀)ကျော်သူများအနေဖြင့်  ဆီးချိုသွေးချိုနှင့်  သွေးတိုးရောဂါများ  ဖြစ်ပွားနေမှု  ရှိ^မရှိ  ပုံမှန်  စစ်ဆေးသင့်ပါသည်။
•    ရောဂါဖြစ်ပွားမှုကို  သိရှိပါက  ကျန်းမာရေးဝန်ထမ်းနှင့်  ဆောလျင်စွာ  ပြသ၍  ပုံမှန်စစ်ဆေးကုသမှု  ခံယူသင့်ပါသည်။

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...