ယေဘုယျအားဖြင့် သွေးပေါင်ချိန် ၁၄၀^၉ဝ နှင့်အထက်ရှိပါက သွေးတိုးရောဂါဟုသတ်မှတ်သည်။
သွေးတိုးရောဂါသည် အသက်အရွယ်မရွေး ဖြစ်နိုင်ပါသည်။ အသက်ကြီးသူများတွင် အကြောင်းရင်းခံ မရှိဘဲ သွေးတိုးရောဂါ ဖြစ်န်ိုင်ပြီး အသက်ငယ်သူများတွင် အခြားအကြောင်းရင်းခံတစ်ခုခုကြောင့် သွေးတိုးနိုင်သည်။ ဥပမာအားဖြင့် ကျောက်ကပ်သွေးကြောကျဉ်းရောဂါ၊ ဟော်မုန်းဂလင်းရောဂါ၊ မွေးရာပါ နှလုံးသွေးလွှတ်ကြောမကြီးကျဉ်းရောဂါနှင့် ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများကြောင့် သွေးတိုးနိုင်ပါသည်။
သွေးတိုးရောဂါဖြစ်နိုင်သောအကြောင်းအရင်းများမှာ
• အငန်၊ အဆီနှင့် ဟင်းချိုမှုန့် အစားများလွန်းခြင်း
• ဆီးချိုရောဂါရှိခြင်း
• အဝလွန်ခြင်း
• မိဘမျိုးရိုးတွင် သွေးတိုးရောဂါရှိခြင်း
• ဆေးလိပ်၊ အရက်သောက်သုံးခြင်း
• ကျောက်ကပ်ရောဂါနှင့် အခြားရောဂါများရှိခြင်း
• အချို့ဆေးဝါးများသောက်သုံးနေခြင်း (ဥပမာ-ပဋိသန္ဓေတားဆေးများ)
• စိတ်ဖိစီးမှုများခြင်း
• ကိုယ်ဝန်ဆောင်ခြင်း
• ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း စသည်တို့ဖြစ်သည်။
မှန်ကန်သော သွေးပေါင်ချိန်အဖြေရရှိရန်အတွက် သွေးပေါင်ချိန်တိုင်းတာရာတွင် လိုက်နာသင့်သောအချက်များ
• သွေးပေါင်မချိန်မီ လူနာကို တိတ်ဆိတ်ငြိမ်သက်သောအခန်းတွင် ၅မိနစ်ခန့်ထိုင်ပြီး အနားယူစေရပါမည်။
• သွေးပေါင်ချိန်မည့် လက်မောင်းတွင် တင်းကြပ်သောအဝတ်များ မဝတ်ထားရပါ။
• လက်မောင်းကို နှလုံးနှင့် တပြေးညီ သက်တောင့်သက်သာ အနေအထားမှာ ရှိစေရပါမည်။
• သွေးပေါင်ချိန်စက် အသုံးပြုရာမှာလည်း စံညွှန်းမီကောင်းမွန်သောစက်ကို အသုံးပြုသင့်ပြီးသင့်တော်သော လက်မောင်းပတ် အရွယ်အစား ဖြစ်ရန်လည်း လိုအပ်ပါသည်။
အန္တရာယ်ရှိသောလက္ခဏာများ
• လေဖြတ်ခြင်း၊ လေဖြန်းခြင်း
• နှလုံးကြီးခြင်းကြောင့် အမောဖောက်လာခြင်း
• နှလုံးသွေးကြောကျဉ်းခြင်းကြောင့် ရင်ဘတ်အောင့်ခြင်း
• ခြေထောက်သွေးကြောများ ကျဉ်းလာခြင်းကြောင့် လမ်းလျှောက်စဉ် ခြေထောက်ြွကက်သားများ နာလာခြင်း
• မျက်စိဆံခြည်မျှင်သွေးကြောများ သွေးယိုစိမ့်ခြင်းနှင့် မျက်စိအမြင်လွှာပျက်စီးခြင်းကြောင့် အမြင်မှုန်ဝါးခြင်း
• ကျောက်ကပ်ပျက်စီးခြင်းကြောင့် ဆီးတွင်အနည်ပါခြင်း၊ ဆီးဆိပ်တက်ခြင်းနှင့် ခြေထောက်ဖောရောင်ခြင်း
အထက်ပါ လက္ခဏာများဖြစ်ပေါ်လာပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားရောက် ပြသကုသမှုခံယူပါ။ သွေးတိုးရောဂါကုသခြင်း
သွေးတိုးရောဂါရှိပါက ဆေးဝါးနှင့်ကုသခြင်းအပြင် အောက်ပါ အပြုအမူအနေအထိုင်များကို လိုက်နာဆောင်ရွက်သင့်ပါသည်။
• သင့်တော်သော ကိုယ်အလေးချိန်ရှှိိအောင်ထိန်းခြင်း (ခန္ဓာကိုယ်အညွှန်းကိန်း (ြြှု) ၁၈.၅ မှ ၂၄.၉ ကီလိုဂရမ်^စတုရန်းမီတာ)
• အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ၊ အဆီနည်းသော နို့ထွက်ပစ္စည်းများ စားသုံးခြင်း
• ပြည့်ဝဆီ (ဥပမာ ဝက်ဆီ၊ အမဲဆီကဲ့သို့သော တိရစ္ဆာန်မှရသောအဆီ၊ စားအုန်းဆီ၊ ပြန်ကြော်ဆီကဲ့သို့သော ပုံပြောင်းဆီ) ပါသော အစားအစာများ ရှောင်ကြဉ်ခြင်း
သွေးတိုးရောဂါကုသရာတွင် ကြုံတွေ့ရတတ်သော အခက်အခဲများ
• အချို့သူများတွင် သွေးတိုးရောဂါရှိနေသော်လည်း ရောဂါလက္ခဏာမပြဘဲ သွေးတိုး၏ နောက်ဆက်တွဲပြဿနာများ (လေဖြတ်ခြင်း၊ ကျောက်ကပ် ပျက်စီးခြင်းများ) ဖြစ်ပေါ်လာမှသာ သွေးတိုးရောဂါရှိမှန်း သိရှိတတ်ပါသည်။
• ဆေးမှန်မှန်မသောက်သော လူနာများတွင် သွေးပေါင်ချိန် ထိန်းရခက်ခဲသော ပြဿနာတွေ့ရှိရပါသည်။
• သွေးပေါင်ချိန်ထိန်းရန် ခက်ခဲသောအခြေအနေများ ရှိတတ်ပါသည်။ (ဥပမာ- ဆေးမှန်မှန်မသောက်သော လူနာများ
- အသက် ၈ဝ အောက် လူနာများတွင် သွေးပေါင်ချိန် ၁၅၀^၉ဝာာံါ ရှိရန်
- ဆီးချို၊ ကျောက်ကပ်နှင့် နှလုံးသွေးကြောရောဂါရှိသောလူနာများတွင် သွေးပေါင်ချိန် ၁၃၀^၈ဝာာံါ နှင့်အောက်တွင်ရှိရန်)
• အချို့သူများတွင် ရည်မှန်းထားသော သွေးပေါင်ချိန်တွင် ထိန်းထားနိုင်ရန်အတွက် သွေးပေါင်ကျဆေးတစ်မျိုးတည်းနှင့် မလုံလောက်ဘဲ ဆေး(၂)မျိုး၊ (၃)မျိုးပေါင်းရခြင်းများ ရှိတတ်ပါသည်။
ကာကွယ်နိုင်မည့် နည်းလမ်းများ
• အမျှင်ဓါတ်နှင့် ဗီတာမင်များပြီး လတ်ဆတ်သောသစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် နှံစားသီးနှံ (ပြောင်း၊ လူး၊ ဆတ်) များများစားသုံးခြင်း
• နို့နှင့်ဒိန်ချဉ်များကို အဆီဓါတ်ထုတ်၍ စားသုံးခြင်း
• ပြည့်ဝဆီများအစား ငါးနှင့်သီးနှံများမှရသော မပြည့်ဝဆီနှင့် အစားထိုးစားသုံးခြင်း
• ပဲအမျိုးမျိုး (ဥပမာ-ကုလားပဲ)၊ အစေ့အဆန် (ဥပမာ-သီဟိုဋ္ဌ်စေ့)၊ အဆီပေါသောငါးကို တစ်ပတ်လျှင် အနည်းဆုံး နှစ်ကြိမ်စားသုံးခြင်း
• အငန်ဓါတ်သည် သွေးပေါင်ချိန်ကို တက်စေသဖြင့် အငန်ဓါတ်များသောငါးပိ၊ ငံပြာရည်တို့ကို ရှောင်ခြင်း
• အသား^ငါးခြောက်များနှင့် အသင့်စား အစားအစာများကိုရှောင်ခြင်း စသည်တို့ဖြင့် သွေးတိုးရောဂါကို ကာကွယ်နိုင်ပါသည်။
သွေးတိုးရောဂါရှိပါက လိုက်နာရန်အချက်များ
• ကျန်းမာရေးဝန်ထမ်းများမှ ညွှန်ကြားသော ဆေးဝါးများကို ပုံမှန်သောက်ပါ။
• သွေးကျဆေးများသည် လူနာတစ်ဦးနှင့်တစ်ဦး အာနိသင်နှင့် ဆိုးကျိုးများ မတူတတ်သဖြင့် တစ်ဦးချင်း သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်း နှင့် တိုင်ပင်စမ်းသပ်ပြီးမှ ဆေးသောက်ပါ။
• သွေးပေါင်မှန်မှန် ချိန်ပါ။
• မဝလွန်း၊ မပိန်လွန်း သင့်တော်သည့် ကိုယ်အလေးချိန်ရှိအောင် ထိန်းသိမ်းပါ။
• သင့်တော်သည့် ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုကို နေ့စဉ်နာရီဝက်ခန့် မှန်မှန်ပြုလုပ်ပါ။
• ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းကိုဖြတ်ပါ။
• ငါး၊ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံတို့ကို များများစားပါ။
• အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ပါ။
သွေးတိုးရောဂါကို အချိန်မီသိရှိပြီး ထိထိရောက်ရောက်ဆေးကုသမှုခံယူပါက သွေးတိုးရောဂါကို အခြေခံပြီးဖြစ်ပေါ်လာမည့် နှလုံးသွေးကြောရောဂါ၊ လေဖြတ်ရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း၊ မျက်စိအမြင်လွှာပျက်စီးခြင်းတို့ကို အချိန်မီကာကွယ်နိုင်မည် ဖြစ်သကဲ့သို့ သက်တမ်းစေ့နေနိုင်မည် ဖြစ်ပါသည်။

Golden Gate Hotel & Casino - Mapyro
ReplyDeleteGolden Gate Hotel & Casino is located in Highland, near 정읍 출장안마 Hollywood Casino 강원도 출장샵 Perryville, Oklahoma. The 성남 출장안마 casino features nearly 300 slots 서귀포 출장마사지 and table games. 안동 출장샵