အနာကြီးရောဂါ

အနာကြီးရောဂါသည် ဘက်တီးရီးယားရောဂါပိုးကြောင့်ဖြစ်ပြီး ကူးစက်တတ်သော နာတာရှည်ရောဂါတစ်မျိုးဖြစ်သည်။ ကုသ၍ပျောက် ကင်းပါသည်။ ရှက်စရာ၊ ကြောက်စရာရောဂါ မဟုတ်ပါ။ မျိုးရိုးလိုက်ပြီး ဖြစ်သောရောဂါ မဟုတ်ပါ။ အဓိကအားဖြင့် အရေပြားနှင့် အာရုံကြောကို ထိခိုက်ပါသည်။

ရောဂါလက္ခဏာများ
အနာကြီးရောဂါသည် များသောအားဖြင့် ထုံနေသောအကွက်ဖြင့် ခန္ဓာကိုယ်မည်သည့်နေရာမဆို စတင်ပေါ်လာတတ်ပါသည်။ အချို့လူနာ များသည်    အဖုအသီးများ၊    အာရုံကြောကြီးခြင်းများ၊    အာရုံကြောပျက်စီးသည့်    လက္ခဏာများဖြင့်လည်း  စတင်ဖြစ်ပေါ်လာတတ်ပါသည်။
မသင်္ကာဖွယ် ရောဂါလက္ခဏာများတွေ့ရှိပါက နီးစပ်ရာကျန်းမာရေးဌာန (သို့မဟုတ်) ကျန်းမာရေးဝန်ထမ်းကို အမြန်ဆုံး   ပြသဆွေးနွေးရန်  အရေးကြီးပါသည်။

အနာကြီးရောဂါ၏ ကနဦးလက္ခဏာများ
•    အရောင်ဖျော့သော၊    နီသော၊    ကြေးနီရောင်ပေါက်နေသော   အကွက်များပေါ်လာခြင်း
•    ယားယံမှုနှင့် နာကျင်မှု မရှိခြင်း
•    ထိ၊   နာ၊   ပူ၊   အေး မသိခြင်း
•    အရေပြားတွင် မည်သည့်နေရာတွင်မဆို နေရာမရွေးဖြစ်တတ်ခြင်းတို့ ဖြစ်ပါသည်။


ရောဂါကူးစက်ပုံ
•    ဆေးကုသမှုမခံယူရသေးသော    အနာကြီးရောဂါရှိသူနှင့်    အချိန်ကာလကြာမြင့်စွာ    အတူနေထိုင်ခြင်းမှ    ကူးစက်နိုင်ပါသည်။

ရောဂါမကူးစက်နိုင်သောနည်းလမ်းများ
•    သာမန်ထိတွေ့နေထိုင်ရုံဖြင့်မကူးစက်နိုင်ပါ။    (ဥပမာ    -    အတူကစားခြင်း၊   အလုပ်အတူလုပ်ခြင်း)
•    လိင်ဆက်ဆံခြင်း၊     အပျော်အပါးလိုက်စားခြင်းဖြင့်    မကူးစက်နိုင်ပါ။
•    မျိုးရိုးမလိုက်ပါ။

ရောဂါကာကွယ်ကုသနည်းများ
•    အနာကြီးရောဂါကို ကျန်းမာရေးဌာနများ၌ ပြသ၍ ဆွေးနွေးတိုင်ပင်ခြင်း၊ ကုသခြင်းများကို အခမဲ့ဆောင်ရွက်ပေးပါသည်။
•    ြွှီ ဆေးဝါးဖြင့် ကုသလျှင် (၆)လမှ(၁)နှစ်အတွင်း လုံးဝပျောက်ကင်းနိုင်ပါသည်။ ဆေးဝါးကုသမှုခံယူခြင်းဖြင့် အခြားသူများသို့ မကူးစက်တော့ပါ။
•    စောစီးစွာကုသမှုခံယူခြင်းဖြင့်    ကိုယ်အင်္ဂါချို့ယွင်းမှု၊    မသန်မစွမ်းဖြစ်မှုများကို     ကာကွယ်နိုင်ပါသည်။
•    အတူနေအိမ်သားများလည်း ရောဂါပိုးကူးစက်နိုင်သဖြင့် ရောဂါ ရှိ^မရှိကို  စမ်းသပ်စစ်ဆေးသင့်ပါသည်။
အနာကြီးရောဂါသည် ရှေးအကျဆုံးရောဂါများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ရောဂါနှင့်ပတ်သက်၍ လွဲမှားသော အယူအဆများ၊ လူ့အသိုင်းအဝိုင်းတွင် ဝင်ဆံ့ရန် ရှက်ကြောက်သိမ်ငယ်ခြင်း (ျသခငေူ ျအငါာေ) နှင့် လူမှုရေးခွဲခြားဆက်ဆံခြင်း (ိငျခမငာငညအေငသည)များ ယနေ့တိုင် ရှိနေဆဲဖြစ်ပါသည်။  ထို့ကြောင့်  အနာကြီးရောဂါနှင့်  ပတ်သက်သော   မှန်ကန်သည့်   ဗဟုသုတအသိပညာများအား   ပြည်သူလူထုအတွင်း ပြန့်နှံ့အောင်     ကျန်းမာရေးပညာပေးလုပ်ငန်းများကို     ပိုမိုအရှိန်အဟုန်မြှင့်    ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

အနာကြီးရောဂါဖြစ်ဖူးသူများသည်လည်း  အခြားသူများနည်းတူ  သာမန်ဘဝဖြင့် နေထိုင်နိုင်ပါသည်။

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...