အသည်းရောင်အသားဝါ (အေ) ရောဂါ

အသည်းရောင်အသားဝါ  (အေ)  ရောဂါ
အသည်းရောင်အသားဝါ ဗိုင်းရပ်စ်ရောဂါ (အေ) ပိုးကြောင့်ဖြစ်ပွားသော ရောဂါတစ်ခုဖြစ်ပါသည်။ နာတာရှည်အသည်းရောဂါဖြစ်ပွားပြီး မောပန်းနွမ်းနယ်ခြင်း၊ မအီမသာဖြစ်ခြင်းများခံစားရတတ်ပါသည်။ ရုတ်တရက် အသည်းရောင်ခြင်းများ ဖြစ်ပေါ်ပါက တစ်ခါတစ်ရံ အသက်သေဆုံး တတ်ပါသည်။

ရောဂါလက္ခဏာများ
•    ဖျားခြင်း    •    ဆီးအရောင်ရင့်ခြင်း၊    အသားဝါခြင်း၊    မျက်လုံးဝါခြင်း
•    မောပန်းနွမ်းနယ်ခြင်း    •    ပျို့အန်ခြင်း
•    အစားအသောက်ပျက်ခြင်း    •    အဆစ်အမြစ်ကိုက်ခဲခြင်း
ကူးစက်နိုင်သည့် နည်းလမ်းများ
•    ရောဂါရှိသူ၏ ကိုယ်ခန္ဓာမှထွက်သော အရည်များနှင့် ထိတွေ့ကိုင်တွယ်မိခြင်း၊ မသန့်ရှင်းသော အစားအစာနှင့် ရေများအား စားသောက်မိခြင်း မှတစ်ဆင့် ကူးစက်နိုင်သည်။
•    ရောဂါပိုးရှိသူ၏     အညစ်အကြေး၊    မစင်တို့မှတစ်ဆင့်ကူးစက်နိုင်သည်။
•    ရောဂါပိုးရှိသူနှင့်    လိင်ဆက်ဆံခြင်းမှလည်း    ကူူးစက်နိုင်သည်။
ဤရောဂါသည် အလွယ်တကူ ကူးစက်တတ်ပြီး အထူးသဖြင့် ကလေးများတွင် ပိုမို၍ဖြစ်ပွားတတ်သည်။ အသည်းရောင်အသားဝါရောဂါ (အေ)  အဖြစ်များသော  ဒေသတွင်နေထိုင်ခြင်း၊  ထိုဒေသသို့  ခရီးသွားခြင်း၊  အလုပ်သွားရောက်လုပ်ကိုင်ခြင်း၊  ရောဂါပိုးရှိသူနှင့်အတူ  နေထိုင်သူ များတွင်    ပိုမိုဖြစ်ပွားတတ်ပါသည်။

ကာကွယ်နိုင်မည့် နည်းလမ်းများ
•    တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ။ အစားအစာ မကိုင်တွယ်မီ၊ မချက်ပြုတ်မီ၊ အစာမစားမီနှင့် အိမ်သာအသုံးပြုပြီးတိုင်း လက်ကို ဆပ်ပြာဖြင့်   စင်ကြယ်စွာ   ဆေးကြောပါ။
•    အစားအစာများအား သေချာစွာ ကျက်အောင်ချက်ပြုတ်၍ ပူပူနွေးနွေးစားသုံးပါ။ အသား၊ ငါးနှင့် ပင်လယ်စာများအား မချက်ပြုတ်ဘဲ အစိမ်းစားသုံးခြင်းမှ ရှောင်ကြဉ်ပါ။
•    လက်သုပ်စာများ၊ ယင်နားစာများ စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။ အစားအစာများအား ယင်မနားအောင်  ဖုံးအုပ်ထားပါ။
•    အသီးအရွက်နှင့် အသားငါးများအား သန့်ရှင်းသောရေဖြင့် စင်ကြယ်စွာဆေးကြောပြီးမှ ချက်ပြုတ်စားသုံးပါ။ သစ်သီးဝလံများအား အခွံနွှာပြီးမှ စားသုံးပါ။
•    ရေကို    ကျိုချက်သောက်သုံးပါ။
•    ယင်လုံအိမ်သာ    ဆောက်လုပ်သုံးစွဲပါ။
•    ရောဂါဖြစ်ပွားသူလူနာများအနေဖြင့် အရေပြားနှင့် မျက်သားဝါပြီးနောက် (၁၀) ရက်ကြာသည်အထိ မိမိနေအိမ်တွင်သာ နေထိုင်ပါ။ အစားအသောက်ရောင်းချသူများတွင်    ရောဂါဖြစ်ပွားပါက    အရေပြားနှင့်    မျက်သားဝါပြီးနောက်    (၁၀)ရက်ကြာသည်အထိ   အစားအသောက်ကိုင်တွယ်ရောင်းချခြင်းအား     ရပ်နားထားပါ။
•    အကိုက်အခဲပျောက်ဆေးများ မလိုအပ်ဘဲ သောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။
•    အရက်အလွန်အကျွံသောက်သုံးခြင်းမှ      ရှောင်ကြဉ်ပါ။
•    ဖျားခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ အရေပြားနှင့် မျက်သားဝါခြင်း စသည့် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ပြသပါ။ အဆိုပါရောဂါလက္ခဏာဖြစ်ပွားသူ သံသယလူနာများအား    တွေ့ရှိပါက    နီးစပ်ရာကျန်းမာရေးဌာနသို့    ချက်ချင်းသတင်းပို့ပါ။
•    အသက် (၁)နှစ်နှင့်အထက်လူများတွင် အသည်းရောင်အသားဝါ(အေ) ကာကွယ်ဆေး (၂)ကြိမ် ထိုးနှံခြင်းဖြင့် အသည်းရောင်အသားဝါ ရောဂါ   (အေ)   ပိုးကူးစက်ခံရမှုမှ    ကာကွယ်နိုင်သည်။

 

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...