အသည်းရောင်အသားဝါ (အီး)

အသည်းရောင်အသားဝါ  (အီး)
အသည်းရောင် အသားဝါရောဂါ (အီး) ပိုးကြောင့် ဖြစ်ပွားသော ရောဂါဖြစ်ပါသည်။ ရောဂါပိုးဝင်ရောက်ပြီး (၂)ပတ်မှ (၆)ပတ်အတွင်း များသောအားဖြင့်    အလိုအလျောက်    သက်သာသွားလေ့ရှိသော်လည်း    အချို့တွင်    ရုတ်တရက်အသည်းပျက်စီးပြီး  သေဆုံးနိုင်သည်အထိ
ဖြစ်ပွားတတ်ပါသည်။

ရောဂါလက္ခဏာများ
•    ဖျားခြင်း    •    အစားအသောက်ပျက်ခြင်း
•    အသားဝါခြင်း၊   မျက်လုံးဝါခြင်း၊   ဆီးအရောင်ရင့်ခြင်း    •    ပျို့အန်ခြင်း
•    ဗိုက်အောင့်ခြင်း၊   ယားခြင်း၊   အနီစက်များထွက်ခြင်း    •    အဆစ်အမြစ်ကိုက်ခဲခြင်း
•    အသည်းကြီး၍    ဝမ်းဗိုက်   နာကျင်ခြင်း
တစ်ခါတစ်ရံတွင် အသည်းရောင်အသားဝါရောဂါ (အီး) သည်  ပြင်းထန်စွာခံစားရတတ်ပြီး  ရုတ်တရက်  အသည်းပျက်စီးခြင်း  အခြေအနေ  အထိ ရောက်ရှိကာ အသက်ဆုံးရှုံးနိုင်ပါသည်။ ကိုယ်ဝန်ဆောင်မိခင်များတွင် ကိုယ်ဝန်ဒုတိယနှင့်  တတိယ  (၃)လပတ်များ၌  ရောဂါပိုး  ကူးစက် ခံရပါက    အသည်းပျက်စီးခြင်း    ပိုမိုဖြစ်ပွားနိုင်ပြီး    ကိုယ်ဝန်ဆောင်မိခင်နှင့်    သန္ဓေသား    သေဆုံးသည်အထ်ိ  ဖြစ်နိုင်ပါသည်။

ကူးစက်နိုင်သည့် နည်းလမ်းများ
•    အသည်းရောင်အသားဝါရောဂါ (အီး) ပိုးသည် အများအားဖြင့် မသန့်ရှင်းသော ရေ၊ အညစ်အကြေး၊   မစင်စသည်တို့မှတဆင့် အစာအိမ် နှင့်အူလမ်းကြောင်းအတွင်းသို့      ရောက်ရှိကူးစက်ခြင်း
•    သေချာစွာကျက်အောင်   ချက်ပြုတ်မထားသော   အသား၊   အသားစိမ်း(သို့မဟုတ်)   ရောဂါပိုးကူးစက်ခံထားရသော    တိရစ္ဆာန်တို့၏   အသား များအား    စားသုံးမိခြင်း
•    ရောဂါပိုး   ပါဝင်နေသော   သွေး(သို့)   သွေးနှင့်   ဆက်စပ်ပစ္စည်းများ    သွင်းမိခြင်း
•    ရောဂါရှိသော    ကိုယ်ဝန်ဆောင်မိခင်မှ    သန္ဓေသားသို့  ကူးစက်ခြင်း
တိုက်ပွဲများဖြစ်ပွားပြီး လုံခြုံမှုမရှိသော ဒုက္ခသည်စခန်းများ၊ ကယ်ဆယ်ရေးစခန်းများ၊ သန့်ရှင်းသော သောက်သုံးရေ မရရှိသော ဒေသများတွင်    ကပ်ရောဂါအသွင်(သို့မဟုတ်)    အစုလိုက်    အပြုံလိုက်  ဖြစ်ပွားတတ်သည်။
 ကာကွယ်နိုင်မည့် နည်းလမ်းများ
•    တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ။ အစားအစာ မကိုင်တွယ်မီ၊ မချက်ပြုတ်မီ၊ အစာမစားမီနှင့် အိမ်သာအသုံးပြုပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောပါ။
•    အစားအစာများအား သေချာစွာ ကျက်အောင်ချက်ပြုတ်၍ ပူပူနွေးနွေးစားသုံးပါ။ အသား၊ ငါးနှင့် ပင်လယ်စာများအား မချက်ပြုတ်ဘဲ အစိမ်းစားသုံးခြင်းမှ ရှောင်ကြဉ်ပါ။
•    လက်သုပ်စာများ၊ ယင်နားစာများ စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။ အစားအစာများအား ယင်မနားအောင်  ဖုံးအုပ်ထားပါ။
•    အသီးအရွက်နှင့် အသားငါးများအား သန့်ရှင်းသောရေဖြင့် စင်ကြယ်စွာဆေးကြောပြီးမှ ချက်ပြုတ်စားသုံးပါ။ သစ်သီးဝလံများအား အခွံနွှာပြီးမှ စားသုံးပါ။
•    ရေကို    ကျိုချက်သောက်သုံးပါ။
•    ယင်လုံအိမ်သာ    ဆောက်လုပ်သုံးစွဲပါ။
•    ရောဂါဖြစ်ပွားသူလူနာများအနေဖြင့် အရေပြားနှင့် မျက်သားဝါပြီးနောက် (၁၀) ရက်ကြာသည်အထိ မိမိနေအိမ်တွင်သာ နေထိုင်ပါ။ အစားအသောက်ရောင်းချသူများတွင် ရောဂါဖြစ်ပွားပါက အရေပြားနှင့် မျက်သားဝါပြီးနောက် (၁၀)ရက်ကြာသည်အထိ အစားအသောက် ကိုင်တွယ်ရောင်းချခြင်းအား     ရပ်နားထားပါ။
•    အကိုက်အခဲပျောက်ဆေးများ မလိုအပ်ဘဲ သောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။
•    အရက်အလွန်အကျွံသောက်သုံးခြင်းမှ      ရှောင်ကြဉ်ပါ။
•    ဖျားခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ အရေပြားနှင့် မျက်သားဝါခြင်း စသည့် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ပြသပါ။ အဆိုပါရောဂါလက္ခဏာဖြစ်ပွားသူ သံသယလူနာများအား    တွေ့ရှိပါက    နီးစပ်ရာကျန်းမာရေးဌာနသို့    ချက်ချင်းသတင်းပို့ပါ။


အသည်းရောင်အသားဝါရောဂါ  (အီး)  အတွက်  ကာကွယ်ဆေးမရှိသေးပါ။

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...