အသည်းရောင်အသားဝါ (စီ)
အသည်းရောင်အသားဝါ ရောဂါ (စီ) ပိုးကြောင့် ဖြစ်ပွားသော ရောဂါတစ်ခုဖြစ်သည်။ သာမန်ရောဂါလက္ခဏာများအား ရက်သတ္တပတ် အနည်းငယ်ခန့် ခံစားရနိုင်ခြင်းမှ နှစ်ပေါင်းများစွာ နာတာရှည်ရောဂါအဖြစ် ခံစားရနိုင်ခြင်းအထိ ဖြစ်ပွားနိုင်ပါသည်။ အသည်းခြောက်ပြီး အသည်းကင်ဆာဖြစ်နိုင်သည်။ ကျန်းမာရေးဌာနသို့ ဆေးဝါးကုသမှုပေးနေပြီဖြစ်ပါသည်။
ရောဂါလက္ခဏာများ
• ဖျားခြင်း • အသားဝါ၊ မျက်လုံးဝါခြင်း၊ ဆီးအရောင်ရင့်ခြင်း
• မောပန်းနွမ်းနယ်ခြင်း • အစားအသောက်ပျက်ခြင်း
• ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း • အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း
ကူးစက်နိုင်သည့် နည်းလမ်းများ
• အသည်းရောင်အသားဝါရောဂါ (စီ) ပိုးပါသော သွေးသွင်းမိခြင်း
• ရောဂါပိုးပါသော အပ်များဖြင့် ဆေးထိုးခြင်း၊ သွေးဖောက်ခြင်း၊ နားဖောက်ခြင်း၊ အပ်စိုက်ခြင်း၊ ဆေးမင်ကြောင်ထိုးခြင်း
• ရောဂါပိုးရှိသော ဓားတစ်ချောင်းတည်းဖြင့် ဆက်တိုက် ခေါင်းရိတ်ခြင်း၊ မုတ်ဆိတ်ရိတ်ခြင်း
• ရောဂါပိုးရှိသောသူနှင့် သွားတိုက်တံ၊ သွားကြားထိုးတံ၊ မုတ်ဆိတ်ရိတ်ဓား အတူတူသုံးခြင်း
• ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံခြင်းမှသော်လည်းကောင်း၊ ရောဂါပိုးရှိသော မိခင်မှ မွေးဖွားလာသောကလေးသို့လည်းကောင်း ကူးစက်တတ်ပါသည်။
• ရောဂါပိုးပါဝင်သော ကိုယ်ခန္ဓာအစိတ်အပိုင်းများ အစားထိုးကုသခြင်း
ခုခံအား ကျဆင်းမှု ကူးစက်ရောဂါရှိသူများ၊ ဆေးမင်ကြောင်ထိုးလေ့ရှိသူများ၊ နားဖောက်လေ့ရှိသူများ၊ အကျဉ်းသားများ၊ ကျန်းမာရေး ဝန်ထမ်းများတွင် ကူးစက်ခံရနိုင်ချေ ပိုမိုများပြားပါသည်။
မိခင်နို့ရည်မှသော်လည်းကောင်း၊ အစားအစာ၊ ရေ၊ သာမန်ပွေ့ဖက်ခြင်း၊ နမ်းရှုံ့ခြင်းစသည်တို့မှ မကူးစက်တတ်ပါ။
ကာကွယ်နိုင်မည့် နည်းလမ်းများ
• မလိုအပ်ဘဲ ဆေးထိုးခံခြင်းမှ ရှောင်ကြဉ်ပါ။
• တစ်ခါသုံးဆေးထိုးအပ်များကိုသာ အသုံးပြုပါ။
• လက်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုပြုဆောင်ရွက်ပါ။
• သွေးမလှူမီ သွေးလှူရှင်အား အိပ်ချ်အိုင်ဗွီ၊ ဆစ်ဖလစ်၊ အသည်းရောင်အသားဝါရောဂါ (ဘီ) နှင့် (စီ) ရှိမရှိ စစ်ဆေးခြင်းများ ပြုလုပ်ရပါမည်။
• လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို စနစ်တကျ အသုံးပြုပါ။
• သွားတိုက်တံ၊ မုတ်ဆိတ်ရိတ်ဓါးများကို မျှတသုံးစွဲခြင်း မပြုလုပ်ရပါ။
ကမ္ဘာပေါ်တွင် အသည်းရောင်အသားဝါရောဂါ (စီ) ပိုးကာကွယ်ဆေး မရှိသေးပါ။

No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...