ရင်သားကင်ဆာ

ရင်သားကင်ဆာ
ရင်သားကင်ဆာသည် မြန်မာနိုင်ငံတွင် အမျိုးသမီးများ၌ ဒုတိယအဖြစ်အများဆုံး ကင်ဆာဖြစ်ပါသည်။
•    ရင်သားတွင်    အကျိတ်အဖုတွေ့တိုင်း   ကင်ဆာမဟုတ်ပါ။
•    ရင်သားကင်ဆာဖြစ်စတွင်    နာကျင်မှုမရှိပါ။
ကင်ဆာမဟုတ်သော ရင်သားအကျိတ်
•    ၎င်းင်းအကျိတ်များသည်    ခွဲစိတ်၍    ထုတ်ပြီးလျှင်    တခြားသို့ပျံ့နှံ့ခြင်း  မပြုပါ။
•    အသက်အန္တရာယ် မရှိပါ။
ရင်သားကင်ဆာအကျိတ်
နီးစပ်ရာ ခန္ဓာကိုယ် အစိတ်အပိုင်းသို့ ပျံ့နှံ့နိုင်သည်။ သွေးကြော၊ ပြန်ရည်ကြောများမှတဆင့် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ရောက်ရှိသွားနိုင်သည်။    အသက်အန္တရာယ်ရှိသည်။    စောစီးစွာ    သိရှိကုသပါက   ပျောက်ကင်းနိုင်သည်။
မိမိရင်သားကို     မိမိကိုယ်တိုင်စမ်းသပ်ခြင်း
မိမိရင်သားကို မိမိကိုယ်တိုင် စမ်းသပ်ရန်အတွက် မိနစ် အနည်းငယ်သာ လိုအပ်ပါသည်။ ရာသီလာပြီးသည့် အချိန်တွင် စမ်းသပ်ရမည်။ (အိပ်၍ဖြစ်စေ၊ မတ်တပ်ရပ်၍ ဖြစ်စေ စမ်းသပ်နိုင်သည်။ တစ်လတစ်ကြိမ် မှန်မှန်စမ်းသပ်ခြင်းဖြင့် မိမိရင်သားတွင် အကျိတ်အဖု ပေါ်လာပါက ချက်ချင်းသိရှိနိုင်မည်။) ရာသီမမှန်သော အမျိုးသမီးများ လစဉ် ရက်တစ်ရက်ကို သတ်မှတ်၍ ၎င်းင်းရက်အတိုင်း ပုံမှန် စမ်းသပ်ရမည်။
၁။    အိပ်လျက်အနေအထားဖြင့် စမ်းသပ်မည်ဆိုပါက ယာဘက်ရင်သားကို စမ်းရန် ယာဘက်ပခုံးအောက်တွင် ခေါင်းအုံးတစ်လုံး ထား၍ ယာဘက်လက်ကို ဦးခေါင်းနောက်သို့ မြှေုာက်ထားပြီး ဝဲဘက်လက်ဖြင့် စမ်းသပ်ရမည်။ ဝဲဘက်ရင်သား စမ်းသပ်ရန် ဝဲဘက်ပခုံးအောက်တွင်    ခေါင်းအုံးတစ်လုံးထား၍    ဝဲဘက်လက်ကို    ဦးခေါင်းနောက်သို့    မြှောက်ထားပြီး  ယာဘက်လက်ဖြင့်စမ်းသပ်ရမည်။
၂။    စမ်းသပ်သောအခါ လက်ညှိုး၊ လက်ခလယ်၊ လက်သူြွကယ် (၃)ချောင်းဖြင့် စမ်းပါ။ ၃။    သေသေချာချာဖိ၍ စမ်းပါ။
၄။    ရင်သားကိုစနစ်တကျ လှည့်ပတ်၍ စမ်းရပါမည်။
၅။    ညှပ်ရိုး၏အပေါ်နှင့် အောက်တို့အပြင် ချိုင်းကိုလည်း  စမ်းရပါမည်။
၆။    မှန်ရှေ့တွင်  မိမိ  ရင်သား၌  ချိုင့်နေခြင်း၊  နို့သီးခေါင်းအနေအထား  အရောင်ပြောင်းလဲခြင်း၊  ရောင်ရမ်းခြင်း ရှိ^မရှိ ကြည့်ရှု စစ်ဆေးပါ။
ထိုသို့ကြည့်ရာ၌
၁။    ရင်သားနှစ်ဘက် အနိမ့်အမြင့် မတူခြင်း
၂။    ရင်သားပေါ်ရှိ အရေပြားချိုင့်ဝင်ခြင်း
၃။    ရင်သားတွင် မြင်သာသော အဖုအကျိတ်ရှိ^မရှိ
၄။    နို့သီးခေါင်းဝင်နေခြင်း   ရှိ^မရှိ
၅။    နို့သီးခေါင်း၏  အရေပြားတွင်  ပြောင်းလဲမှု  ရှိ^မရှိ
၆။    ရင်သားနှစ်ဘက် အရွယ်ပမာဏ် မတူညီခြင်း
၇။    လက်မောင်းရောင်နေခြင်း  ရှိ^မရှိ
၈။    နို့သီးခေါင်းမှ  အရည်  (သို့မဟုတ်) သွေးထွက်ခြင်း ရှိ^မရှိ
 ၉။    လည်ပင်းနှင့်  ချိုင်းအောက်တွင်  အကျိတ်အဖု ရှိ^မရှိ
သံသယရှိဖွယ်  အကျိတ်အဖုတွေ့လျှင်  တတ်ကျွမ်းသူဖြင့်  ပြသစစ်ဆေးပါ။

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...