နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်းရောဂါ
ဖြစ်ပွားရခြင်း အကြောင်းရင်းများ
• ဆေးလိပ်သောက်ခြင်း
• တခြားသူသောက်သော ဆေးလိပ်ငွေ့ကို တဆင့်ခံ ရှူရှိုက်ရခြင်း
• အိမ်တွင်း၊ အိမ်ပြင် လေထုညစ်ညမ်းခြင်း (မီးခိုးငွေ့၊ ဖုန်မှုန့်၊ အငွေ့မျိုးစုံ)
• အဆုတ်နှင့် အသက်ရှူလမ်းကြောင်းကို ဥပါဒ်ဖြစ်စေသော လုပ်ငန်းခွင်ဆိုင်ရာ အခဲ၊ အရည်၊ အငွေ့ပစ္စည်းများကို ကိုင်တွယ်ရှူရှိုက် ထိတွေ့ခြင်း
နာတာရှည် အဆုတ်ပွ လေပြွန်န်ကျဉ်းရောဂါ၏ လက္ခဏာများ
• ရေရှည်ချောင်းဆိုးခြင်း
• မောပန်းလျှင် ရွှီရွှီမြည်ခြင်း
• ချွဲသလိပ်များခြင်း
• ရောဂါရင့်လျှင် လှုပ်ရှားလိုက်သည်နှင့် မောခြင်း
• ပန်းနာရင်ကျပ်ရောဂါကဲ့သို့ ဖြစ်လိုက်ပျောက်လိုက်မဟုတ်ဘဲ နာတာရှည်ခြင်း
• ကာလကြာလျှင် နှလုံးပါထိခိုက်ခြင်း
ကာကွယ်ကုသရေးနည်းလမ်းများ
• ဆေးလိပ်ဖြတ်ပါ။
• လေထုညစ်ညမ်းမှုကို ကာကွယ်တားဆီးပါ။
• ဖုန်၊ အမှုန့်၊ မီးခိုး၊ အငွေ့များကို တတ်နိုင်သလောက်ရှောင်ရှားပါ။
• ရောဂါဖြစ်လာလျှင် နားလည်တတ်ကျွမ်းသူများထံ စောစီးစွာပြသကုသပါ။
• ညွှန်ကြားသောဆေးဝါးများကို ပုံမှန်သုံးစွဲပါ။
• လိုအပ်လျှင် အောက်ဆီဂျင်ကုထုံးခံယူပါ။
• ကျန်းမာရေးနှင့် ညီညွတ်အောင်နေထိုင်ပါ။

No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...