တန်ဖိုး

ကျွန်တော် စာမရေးဖြစ်တာ တော်တော်ကြာသွားပြီ။စိတ်ရှုပ်စရာတွေများတဲ့အတွက် ဘာကိုမှလုပ်ချင်
စိတ်မရှိတာပါ။အခုတော့ ကျွန်တော်တို့ မှန်ကန်တဲ့ မိဘဖြစ်ပြီလားဆိုတာလေးနှင့် ပညာရေးစနစ်ကရော မှန်ကန်ရဲ့ လားဆိုတာလေးကို ရေးခြင်လာတယ်။ဘာကြောင့်လဲဆိုတော့
Every child is special ဆိုတဲ့ ကုလားကားလေးကို ကြည့်မိလို့ ပါ။


ဇာတ်လမ်းကတော့ စာဖတ်ခက်တဲ့ ကလေးငယ်လေးတစ်ယောက် အကြောင်းကိုရိုက်ပြထားတာပါ။
ကျွန်တော်ပြောချင်တာက ဇာတ်လမ်းထဲမှာပါတဲ့ စကားစုလေးတွေပါ။ကလေးငယ်ရဲ့ ဆရာလုပ်သူက ကလေးရဲ့ အခြေအနေမှန်ကို သိတဲ့အခါ မိဘလုပ်သူကို သွားတွေ့ ပါတယ်။အဲဒီမှာ မိဘလုပ်သူပြောတဲ့စကားက ကလေးက စာမလုပ်ချင်လို့ ငြင်းဆန်နေတယ်။ကလေးက ပျင်းတယ်ပေါ့။
တကယ်က ကလေးမှာ ဘယ်လို ခက်ခဲမှုတွေ ရင်ဆိုင်နေရသလဲဆိုတာ စမ်းစစ်ဖို့  မကြိုးစားဘူး။
အဲဒီမှာ မင်းသားလုပ်သူက မိဘကိုပြောတဲ့စကားက ခင်ဗျားတို့ က တော်တဲ့သူတွေကို သာ ပျိုးထောင်ချင်တဲ့သူတွေပဲ၊လူတစ်ယောက်ရဲ့ စွမ်းရည်ကို ဘယ်လို သုံးသပ်တာလဲ၊ဆရာဝန်၊အင်ဂျင်နီယာေ၇ှ့ နေ ဆိုတဲ့ စကားလုံးတွေအတွက် ပျိုးထောင်ပေးခြင်တာလားတဲ့။နောက်တစ်ခါ အဖေလုပ်သူကို တရုတ်လို ရေးထားတဲ့စာကိုဖတ်ခိုင်းတယ်။အဖေလုပ်သူက မဖတ်နိုင်ဘူး။ဒီတော့ တရုတ်လိုရေးထားတာ ဘယ်လို ဖတ်မလဲဆိုပြီး ဒေါသထွက်လာတယ်။အဲဒီမှာ ရှင်းပြထားတာက မျက်လုံးက၀င်လာတဲ့ စာလုံး
တွေကို ဦးဏှောက်က မှတ်သားစီစဉ်ပြီး အဓိပ္ပါယ်ဖော်ယူတယ်။ပြီးမှ ပြန်ပြီးစီစဉ်တကျ သိုလှောင်ပါသတဲ့။တကယ်လို့ သာ ကလေးငယ်တစ်ယောက်က စာလုံးတွေကို မှတ်နိုင်စွမ်းအားနည်း ခဲ့မယ်ဆိုရင် စကားစုတွေကို ကလေးက မှတ်မိဖို့ မဖြစ်နိုင်ဘူးပေါ့။ဒါဆိုကလေးက စာမဖတ်နိုင်တော့ဘူး။သို့ သော်လည်း ပင်ကို လူသားဆန်စိတ်က မလုပ်နိုင်ဘူးဆိုတာထက် မလုပ်ချင်ဘူးဆိုတဲ့ အခြားဘက်ကို တွန်းပို့ တယ်။ဒီလိုနှင့် ကလေးငယ်က အရာရာကိုဆန့် ကျင်တဲ့
ကလေးငယ်တစ်ယောက်ဖြစ်သွားတယ်။ကျွန်တော်တို့ နိုင်ငံမှာတော့ တော်တော်အသက်ကြီးတဲ့ ကလေးကြီးတွေ ရှိနေသေးတယ်။
ကဲ …အထက်ပါအဖြစ်အပျက်ပေါ်မှာ ဆင့်ပွားတွေးကြည့်ရအောင်။ကျွန်တော်တို့ ရော ကို်ယ်မလုပ်နိုင်တဲ့ ကိစ္စတွေကို မလုပ်နိုင်ကြောင်း ပြောဆိုတတ်ပြီလား။ဒါမှမဟုတ် မလုပ်ချင်လို့ ဆိုတဲ့
စွမ်းရည်ရှိသော်လည်း ဆန္ဒမရှိ ဆိုသလို ဖုံးကွယ်တတ်ပြီလား။ဒါမှမဟုတ် အရာရာကို အဆိုးမြင်တတ်တဲ့ စိတ်တွေနှင့် မြင်တတ်ပြီလား။အဆိုးမြင်တတ်လာပြီဆိုရင်တော့ သင့်မှာ သူတပါးထက် စွမ်းဆောင်ရည်နည်းတာကို ၀န်ခံရမှာပါ။
လူသားတိုင်းက ပြည့်စုံပြီးဖြစ်တယ်။ဘယ်လိုပြည့်စုံသလဲ ဆိုတော့ သူကျင်လည်ရာ ၀န်းကျင်မှာ သူ့ အတွက် အသုံးဝင်မှုကို ပေးအပ်ခြင်းဖြင့်ပြည့်စုံစေပါတယ်။ဆေးဝါးကုသခြင်းဆိုင်ရာကိစ္စကိုဆောင်ရွက်ရတဲ့ ပတ်ဝန်းကျင်မှာ
ဥပဒေဆိုင်ရာ အသိအမြင်ပြည့်စုံမှုဆိုတာ ပြင်ပဗဟုသုတ အခြေအနေဖြစ်တယ်။ဒါကြောင့် ဆေးရုံမှာ
ရှေ့ နေတစ်ဦးက သာမာန်အခြေအနေသာဖြစ်တယ်။ဒီလိုပါပဲ တရားရုံးမှာ ဆရာဝန်ဆိုတာ သာမာန်
လူသားပါပဲ။ဒါကို လက်ခံရပါမယ်။သို့ သော်လည်း လက်မခံခြင်တဲ့သူများတယ်။မိမိကိုယ်ကို ဘာကွ
ဆိုပြီး နေရာတကာပါခြင်ကြတယ်။ကျွန်တော်တို့ အနေနှင့် ပြောင်းလဲမှုကို လက်ခံဖို့ သင့်ပါပြီ။
နောက်တစ်ခုပြောချင်တာက စွမ်းရည်သတ်မှတ်ခြင်းဆိုတာပါ။ကျွန်တော်တို့ နိုင်ငံရဲ့ စွမ်း၇ည်သတ်မှတ်ခြင်းက မှားနေတယ်။ဘယ်လိုမှားနေသလဲ ဆိုတော့ အဆင့်မြင့်ပညာရေးမှာ အသက်မွေးဝမ်းကျောင်းဆိုင်ရာ  တက္ကသိုလ်တွေကိုသာ ဦးစားပေးနေတယ်။တကယ်ဆို တက္ကသိုလ်တိုင်းက အရေးကြီးသလို ဘာသာရပ်တိုင်းကလည်း အရေးကြီးပါတယ်။နိုင်ငံတစ်ခုကို တည်ဆောက်တဲ့အခါ သူ့ နေရာအလိုက် ကျွမ်းကျင်သူတွေ လိုအပ်ပါတယ်။ဆရာဝန်လူတန်းစားကို သွားပြီး မြေတိုင်းခိုင်းလို့ ကတော့ ဖြစ်နိုင်မယ်မထင်။ဒီတော့ ပထ၀ီကျောင်းဆင်းတွေကလည်း အရေး
ကြီးတာပါပဲ။ဒီလိုပါပဲ အင်ဂျင်နီယာတစ်ယောက်ကို ရာဇ၀င်ချီပြီး သမိုင်းဆိုင်ရာ စီရင်ချက်တွေအတွက်
ဆုံးဖြတ်ခိုင်းလို့ မရပါဘူး။ဒီတော့ သမိုင်းပညာရှင်တွေ လိုအပ်ပါတယ်။လိုအပ်တဲ့ပညာရှင်တွေ ရအောင် ဘယ်လိုလုပ်မလဲ။ပညာရပ်အပေါ် တန်ဖိုးထားခြင်းဖြင့်တည်ဆောက်ပျိုးထောင်မှရပါမယ်။
နောက်တစ်ခုကတော့ ဆယ်တန်းအမှတ်နှင့် ဆုံးဖြတ်ပါတယ်။အဖြစ်အပျက်လေးတစ်ခုကိုပြောပြချင်
လာတယ်။ကျွန်တော်ဆယ်တန်းတုံးက ကေဇော်ဆိုတဲ့ နာဂလေးလည်းဆယ်တန်းပေါ့။သူက ဆရာဝန်အရမ်းဖြစ်ချင်တာ။ဒါပေမဲ့ ဆယ်တန်းအောင်တော့ ဂုဏ်ထူးပါမလာဘူး။ဒီတော့ မြန်မာနိုင်ငံမှာ
ဆေးကျောင်းတက်ခွင့်မဖြစ်နိုင်တော့ဘူး။သို့ သော်လည်း အိန္ဒိယကိုသွားတယ်။တက္ကသိုလ်ဝင်တန်း
ပြန်ဖြေတယ်။ဆေးကျောင်းတက်ခွင့်ရတယ်။ ကိုးလ်ကာတားတက္ကသိုလ်မှာ ဆေးကျောင်းတက်တယ်။
ကျွန်တော် နောက်ဆုံးနှစ် အပိုင်း(က)မှာ သူက ဆရာဝန်ဖြစ်သွားပြီ။အခုဆို အင်္ဂလန်မှာ သမားတော်ဖြစ်နေပြီ။ကျွန်တော်ကတော့ ဇီးပင်ကြီးမတက်ရသေးလို့  ဘွဲ့ လွန်ဖြေခွင့်မရသေးဘူး။
ကဲ ..စဉ်းစားကြည့်ပါ။ကေဇော့် မှာ ဆရာဝန်တစ်ယောက်ဖြစ်ခွင့်မရှိဘူးလို့  မြန်မာနိုင်ငံက ဆုံးဖြတ်တယ်။အိန္ဒိယကတော့ ဖြစ်ခွင့်ပေးတယ်။အခုကျတော့ မြန်မာတွေက သူများနိုင်ငံက
ဆရာဝန်တွေ ပိုတော်တယ်လို့ ထင်တယ်။ဒါဆို ဘာကြောင့် ဒီပညာရေးစနစ်ကို ပြင်ဖို့ မပြောကြတာလဲ။လေ့ လာဆည်းပူးခွင့်ကို ကန့် သတ်တယ်။အသိအမှတ်ပြုဖို့  ၀န်လေးတယ်။
တန်ဖိုးထားဖို့ အတွက် ၀န်လေးတယ်။ဒီလို စိတ်ဓာတ်တွေကို ပြင်ဖို့ လိုပါပြီ။
မိဘဆိုတာ သားသမီးတိုင်းကို ညီမျှစွာ အားပေးပျိုးထောင်ဖို့ လိုသလို နိုင်ငံတစ်ခုကလည်း အနာဂတ်
မျိုးဆက်သစ်အားလုံးကို စနစ်တကျပျိုးထောင်ပေးဖို့ လိုတယ်။ပညာရပ်တိုင်းက အလွန်အရေးကြီးပြီး
သူ့ နေရာနှင့်သူ အသုံးဝင်ပါတယ်လို့ နိဂုံးချုပ်ပါရစေ။

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...