“ဗိုက်နာတယ်..ရှေ့ နေခေါ်ပေးပါ” ဟု မည်တမ်းရင်းဝင်လာတဲ့လူနာကြောင့်
ခွဲစိတ်ဆရာဝန်ကြီး
အပြေးအလွားလူနာနားသို့ ရောက်လာသည်။ထို့ နောက် လက်ထောက်ဆရာဝန်လေးမှ
လူနာ၏
ရှေ့ နေအားအမြန်လာပါရန်အကြောင်းကြားလိုက်သည်။စမ်းသပ်ခန်းသို့ လူနာရောက်သည့်အချိန်တွင်
လူနာ၏ရှေ့ နေလည်း ရောက်လာ၏။ဆရာဝန်ကြီးမှ လူနာအား“ဘယ်လိုခံစားနေရသလဲ”ဟုမေးသော
အခါ လူနာမှခေါင်းခါပြသည်။ထိုအခါ ရှေ့ နေမှ “ဆရာကြီးခင်ဗျား..ထိုအကြောင်းအရာသည်
လူနာ၏
ကိုယ်ရေးကိုယ်တာ ခံစားချက်ဖြစ်တဲ့အတွက် ဖြေဆိုလိုခြင်းမရှိရင် မဖြေပဲနေနိုင်ခွင့်ရှိပါတယ်”ဟု
တားမြစ်လိုက်သည်။ထိုသို့  ဆရာဝန်ကမေးလိုက်၊လူနာက ခေါင်းခါလိုက်၊ရှေ
့နေက တားမြစ်လိုက်ဖြင့်
ထို့ နောက် စမ်းသပ်စစ်ဆေးရန်အတွက် လူနာအားကိုင်တွယ်ရန်ပြင်လိုက်စဉ်
ရှေ့ နေမှ“ဆရာကြီးခင်ဗျား လူနာကိုကိုင်တွယ်ရင် အလိုမတူက လက်ရောက်မှုအဖြစ်အရေးယူလို
့ရပါတယ်ခင်ဗျား”ဟု တားမြစ်ပြန်သည်။လူနာမှ ခေါင်းခါသဖြင့် ဆရာဝန်ကြီးလည်း ဆက်လက်စမ်းသပ်ရန်မဖြစ်နိုင်တော့ပဲ
လူနာအား ပုံရိပ်ဖော်ရောဂါရှာဖွေရေး စက်သို့ ပို့ ဆောင်ပြီး
ရောဂါရှာလိုက်၇သည်။ထိုအခါ စက်မှ မည်သည့်ရောဂါမှမရှိကြောင်းပြန်ကြားလာသည်။
ဆရာဝန်ကြီးလည်း လူနာအားမည်သည့်ရောဂါမှမရှိကြောင်း ပြောဆိုသောအခါ
ရှေ့ နေမှ“ဆရာကြီးခင်ဗျား..ဒီစကားစုက လူနာကို လီဆယ်တယ်..လိမ်လည်တယ်လို့ သက်ရောက်စေတဲ့
အတွက် ဂုဏ်သိက္ခာဆိုင်ရာထိပါးခြင်းဖြစ်နေပါတယ်”ဟု စောဒကတက်ပြန်သည်။
လူနာမှ မိမိကို ခွဲစိတ်ကုသပေးရန်ပြောသောအခါ ဆရာဝန်ကြီးအနေဖြင့်
ဘေးကြပ်နံကြပ်ဖြစ်သွား
သည်။ထို့ ကြောင့် ခွဲခန်းပြင်မယ်ဟု လက်ထောက်လေးအား ညွန်ကြားလိုက်သည်။ထိုနောက်
ခွဲခန်းထဲသို့ လူနာအားခေါ်ဆောင်လာပြီး ရေမန်းဖြင့်ပက်ဖြန်းပေးလိုက်သည်။
နောက်တစ်ပတ်ခန့် ကြာသောအခါ တရားရုံးမှ ဆရာဝန်ကြီးအား ဆင့်ခေါ်စာရောက်လာသည်။
ဆရာဝန်ကြီးသည် မိမိထံရောက်လာသောလူနာအား မေးမြန်းစမ်းသပ်ခြင်းမပြုသကဲ့သို
့သင့်တော်သောခွဲစိတ်ကုသမှုလည်း မပြုသည့်အပြင် လူနာကိုမကြည့်ရှုသည့်အတွက် ရင်ဆိုင်ဖြေရှင်း
ရန်ဆိုသော စာလုံးမည်းကြီးကိုတွေ့ ရသည်။ထိုသို့ တရားရုံးမှ ဆင့်ခေါ်စာရောက်သည့်အချိန်တွင်
မီဒီယာများမှာလည်း လူနာမကုသောဆရာဝန်ကြီးနှင့်သနားစရာလူနာဆိုသော
သတင်းဖြစ်လာသည်။
အမှု၇င်ဆိုင်နေစဉ်အတွင်း ယူနီဖောင်းဝတ်ထားသောသူများရောက်လာပြီး“ဆရာကြီးခင်ဗျား….
အမှုကို၇င်ဆိုင်မည်လား..အလုပ်မှအနားယူမည်လား ဆုံးဖြတ်ပါ”ဟု စေခိုင်းလာသည်။
ထို့ အတူ ဆေးဘက်ဆိုင်ရာမဟာမင်းကြီးများရုံးမှလည်း သင်သည်လူနာအားပြစ်ပယ်သောကြောင့်
သင့်အားဆေးကုသခွင့်ပိတ်လိုက်သည်။ယခုအမိန့် စာရောက်သည့်နေမှစပြီး
သင့်ခေါင်းထဲတွင်ရှိသော
ဆေးပညာများ၊သင်၏အတွေ့ အကြုံများသည် ပျက်ပြယ်ပြီးဖြစ်လေသည်။ဆိုသော
အမိန့် ကို ထုတ်ပြန်လိုက်၏။
ဆရာဝန်ကြီးလည်း အလုပ်မှထွက်ပြီးနောက် အေးချမ်းစွာစာဖတ်နေတော့၏။နောင်နှစ်လခန်
့အကြာ
ဆရာကြီး၏သမီး မင်္ဂလာဆောင်တွင် အရက်မူးပြီးသောင်းကျန်းနေသောလူငယ်တစ်ယောက်ကိုမြင်ရ၏။ထိုသူသည်ကား
လွန်ခဲ့သောလများက ဆရာဝန်ကြီးထံသို့  ဗိုက်နာသည်ဟုလာရောက်ပြသသောလူနာပင်ဖြစ်လေသည်။
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...