အဲဒီမြစ်က ကျွန်တော့်ဆီကို မစီးဘူး
လွင်ပြင်ဆန်ဆန်ရှင်သန်နေရ
မိုးချိမ်းသံတွေကိုကြားတိုင်း
ရင်ထဲမှာ မေမေဆိုတဲ့အသံမြည်တယ်….
ကမ္ဘာက
ကျွန်တော့်အတွက် သီးသန့် မီးလောာင်ခဲ့တာလား
လမ်းမှားတဲ့ ရက်ရာဇာမှာ
လောကထဲ ကျွန်တော်ရောက်ခဲ့ရတာပါ…………
တစ်ခွန်းသူ့ ကိုပြောပေးပါ
ကျွန်တော်က
ဥပုဒ်မစောင့်ပေမဲ့
ညစာမစားခဲ့တာ ကြာပေါ့..
တစ်ခါတစ်လေ
မနက်စာကို ရေသာသောက်ခဲ့ပါတယ်….
ရေမြောကမ်းတင် ရင်ခွင်မဲ့တဲ့
အနာဂတ်ရဲ့  လုပ်သားကောင်းများစွာ
လမ်းပေါ်မှာ တောင်းရမ်းနေကြရတာ
ခင်ဗျားတို့ ခင်းတဲ့လမ်း
ခင်ဗျားတို့ ဖွင့်တဲ့စခန်း
ခင်ဗျားတို့  စိုက်ခဲ့တဲ့ပန်းတွေပါ………….
ဘောင်းဘီကိုချွတ်
တိုက်ပုံကို ၀တ်ပြလိုက်ယုံလေးနှင့်
အတိတ်ကို ဆေးလို့ ရမယ်ထင်သလား………
ဘ၀ပေါင်းများစွာ
အသက်ပေါင်းများစွာ
အနာဂတ်ပေါင်းများစွာ
များစွာ…..များစွာသော…………………………
သံသရာကိုကြောက်ဖို့ ကိစ္စ
ခင်ဗျားတို့ ကစပြီး စဉ်းစားရမှာ…………
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...