နိုင်ငံရေးကို ဘယ်လိုမြင်သလဲ


ကဲ..မိတ်ဆွေ…..သင့်အနေနှင့်နိုင်ငံရေးကိုဘယ်လိုမြင်ပါသလဲ
ထင်ချင်သလိုထင်နိုင်ပါတယ်…………ခွဲခြားခြင်သလို ခွဲခြားနိုင်ပါတယ်…….
ဝါဒတွေ မူတွေ စနစ်တွေ လုပ်ထုံးလုပ်နည်းတွေ စသည်ဖြင့် ငြင်းခုန်နိုင်ပါတယ်…
ကျွန်တော်ကတော့ နိုင်ငံရေးဆိုတာ လူတိုင်းစိတ်ထဲမှာတည်ရှိရမယ့် အခြေခံလူ့ ကျင့်ဝတ်တွေကို ဘယ်လို
ကျင့်သုံးမယ် ဘယ်လို စည်းမျဉ်းသတ်မှတ်မယ်..စသည်ဖြင့် လူတိုင်းလိုက်နာနိုင်တဲ့နည်းစနစ်အတွက် ထားရှိတဲ့
မူဘောင်တစ်ခုလို့ မြင်ပါတယ်…………

ခင်ဗျားအနေနှင့် ကွန်မြူနစ်စနစ်ကို ကျင့်သုံးလက်ခံလည်းရတယ်
ဒီမိုကရေစီကိုလည်း လက်ခံလို့ ရတယ်
အော်တိုကရေစီကိုလည်း လက်ခံလို့ ရတယ်
ဆိုရှယ်လစ်လည်း ဖြစ်ခွင့်၇ှိတယ်
နောက်ဆုံး နာဇီလည်း ဖြစ်လို့ ရတယ်…………အဲဒီရပ်တည်ချက်မှာ ခင်ဗျား အပြစ်မဖြစ်ဘူး..
သို့ သော်လည်း ခင်ဗျားယုံကြည်တဲ့ အဲဒီမူဝါဒကို မနှစ်သက်တဲ့ တပါးသူကို ဇွတ်ကြီး ခင်ဗျားကြိုက်သလို လိုက်ပြီးကြိုက်ခိုင်း လိုက်နာခိုင်းရင်တော့ အပြစ်ဖြစ်သွားပြီ…………
ဒီတော့ကာ ခင်ဗျားကိုယ်တိုင်လည်း ကိုယ်နှစ်သက်တဲ့မူဝါဒကို ဘာကြောင့်နှစ်သက်လက်ခံတယ်ဆိုတာ
သေသေချာချာ သိဖို့ လိုတယ်…..နောက်တစ်ခုက မူဝါဒဆိုတာ ဘာသာတရားနှင့်မတူကြောင်းလည်း သေချာသိဖို့ လိုတယ်………မိရိုးဖလာမူဝါဒတို့  အများကြည်မူဝါဒတို့ ဖြစ်လာရင်တော့ ခင်ဗျားက ယောင်ခြောက်ဆယ်လူစားတစ်မျိုးပါပဲ…………
နောက်တစ်ခါ နိုင်ငံရေးဆိုတဲ့နေရာမှာ အမျိုးသားနိုင်ငံရေးနှင့် ပါတီနိုင်ငံရေးဆိုပြီး သရုပ်ခွဲကြပြန်တယ်……..
ခက်တော့လည်းခက်သား ပထ၀ီနိုင်ငံတွေရှင်သန်နေခဲ့ပြီး အမျိုးသားနိုင်ငံတွေ တဖြည်းဖြည်းပျက်စီးလာတဲ့
အချိန်မှာ အမျိုးသားနိုင်ငံရေး ဆိုပြီး ကုန်းအော်နေရတာလည်း တော်တော်ခက်တယ်…………
ပါတီနိုင်ငံရေး ဆိုပြန်တော့လည်း ယုံကြည်သက်ဝင်လောက်တဲ့ ပါတီဆိုတာကလည်း ရာနုန်းပြည့်ပါတီလို့ ပြောလို့ မရပြန်ဘူး……..ပါတီရဲ့ အသက်သွေးကြောဖြစ်တဲ့….ရည်မှန်းချက်..မူဝါဒ………..စည်းမျဉ်း….လုပ်ထုံးလုပ်နည်းနှင့် အခြားသော ပါတီဆိုင်ရာကိစ္စများမှာ ပွင့်လင်းမှုကနည်းပါးနေသေးတယ်………….နောက်တစ်ခါ ဘုရင်လုပ်ခြင်တဲ့ခေတ်ကလည်း ကျန်နေသေးတယ်………ဒီတော့ ဘယ်နိုင်ငံရေးကိုလိုက်စားရမလဲမသိပြန်ဘူး..
လက်ရှိကာလမှာ လူငယ်တော်တော်များများရင်ဆိုင်နေရတဲ့ ကိစ္စကလည်း ဒါပဲဖြစ်တယ်…….
ကျွန်တော့်ကို ခင်ဗျား ဘယ်မူဝါဒကို ကြိုက်သလဲလို့ မေးရင်  ကျွန်တော်ကတော့ ကွန်မြူနစ်ကိုကြိုက်တယ်
လို့ ဖြေရမှာပဲ……ကျွန်တော်မှားချင်လည်း မှားမယ်….
သို့ သော်လည်း ဘုရားမဲ့ဝါဒလို့ တော့ လာပြီး မလေ့လာပဲမပြောနှင့်……ကွန်မြူနစ်ဆိုတာ မူဝါဒဖြစ်ပြီး
ဘုရားရှိခြင်းမရှိခြင်းက ဘာသာတရားဖြစ်တယ်…………..
ဒီမိုကရေစီဆိုတာကို ကောင်းတယ် မကောင်းဘူးဆိုပြီး မဝေဖန်လိုပါ…..သို့ သော်လည်း သူများအော်လို့ 
လိုက်အော်နေတဲ့သူတွေကိုတော့ မြင်ပြင်းကပ်တယ်….တကယ်ပြောတာ………
အနှစ်သာရကို မသိဘဲ ဘာကြောင့်အော်နေကြသလဲ…………လူတိုင်းကို မပြောလိုပေမဲ့….နဖူးစီးကြီးစီး..မျက်နာမှာ စတစ်ကာကပ်ပြီး ဆိုင်ကယ်စီးအုပ်ထုပ်မဆောင်း လမ်းပြောင်းပြန်မောင်းပြီး အော်နေတာကတော့ မြင်ပြင်းကပ်တယ်………….ဒီမိုကရေစီဆိုတာ လူတစ်ဦး
တစ်ယောက်ပေါ်မှီခိုတဲ့ ၀ါဒမဟုတ်ဘူးလို့ တော့ ထင်တာပဲ………..သိပ်မသိတော့ တအားကြီးတော့လည်း
မဝေဖန်ရဲပါ……လတ်တလောကာလမှာ ဒီမိုကရေစီခေတ်စားနေတာဆိုတော့ ရေးရမှာတောင်နည်းနည်း လက်တွန့် သလိုပဲ…သို့ သော်လည်း မြန်မာလူမျိုးနှင့်ကိုက်ညီနိုင်တာကတော့ အနောက်တိုင်းဒီမိုကရေစီစံနုန်း
တော့မဖြစ်နိုင်ပါ…….ဗိုလ်ချုပ်အောင်ဆန်းသာရှိရင် ဆိုရှယ်လစ်နှင့်ကွန်မြူနစ်စနစ်ကို ဘုံမျှခြေထားတဲ့ စံနူန်းတစ်ခုကို လုပ်ပေးနိုင်ခဲ့မယ်ထင်တယ်………ဒီနှစ်ခုကလည်း တကယ်တန်း တစ်ခုတည်းကို အစွန်းနှစ်ပါးထွက်သွားတာကိုး…ကျွန်တော်ထင်တာပြောတာပါ…..စာဖတ်အားနည်းလို့ မှားသွားရင်လည်း တောင်းပန်ပါတယ်……..
ကဲ…ရေးရင်းနှင့်ခေါင်းလည်း တော်တော်ရှုပ်လာပြီဗျာ………..ကျွန်တော်တို့ မြန်မာလူမျိုးတွေနှင့်ကိုက်ညီတဲ့
မူဝါဒတစ်ခုလောက်တော့ လိုခြင်တယ်……….ဘာပဲဖြစ်ဖြစ်ပေါ့………သို့ သော်လည်း အဲဒီမူဝါဒမှာ သူများယောင်တိုင်း လိုက်ပြီးယောင်တဲ့ ယောင်ခြောက်ဆယ်တွေလည်း ဘယ်လိုယောင်ရမယ်ဆိုတာ တိတိကျကျသိတဲ့ မူဝါဒလည်းဖြစ်ရမယ်……..နောက်ဆုံးအနေနှင့်တိတိကျကျပြောပါတယ်…….
ကျွန်တော် ပြည်ခိုင်ဖြိုးပါတီဝင်လုံးဝမဟုတ်ပါ……….တော်ကြာ ရွှေညဏ်တော်စူးရောက်ပြီး ဒီမိုကရေစီမဟုတ်ရင် ကြံ့ ခိုင်ရေးပဲ လို့ ထင်နေမှာစိုးလို့ ပါ………..

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...