ကျွန်တော်တို့  အခြေခံကျန်းမာရေးဝန်ထမ်းများရဲ့  စိတ်ထားများကို
၁။မည်သူတွေ ဖျက်ဆီးခဲ့သလဲ
၂။မည်သို့ ဖျက်ဆီးခဲ့သလဲ
၃။မည်သည့်အရာက ပျက်ဆီးစေခဲ့သလဲ
တော်တော်စိတ်ညစ်တဲ့ကိစ္စကို စဉ်းစားမိခဲ့တယ်……….
ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခုက ကျန်းမာရေးမှူးတစ်ယောက်ကို မေးကြည့်တဲ့အခါ
သူ့ လက်အောက်မှာရှိတဲ့ ဌာနခွဲ လေးခုက မွေးစာရင်းကိုမသိဘူး….ကာကွယ်ဆေးထိုးထားခြင်းမရှိဘူး..
နောက်ဆုံးတစ်ခုကတော့ သူနှင့်မဆိုင်ဘူးလို့ ထင်တဲ့အချက်ပါ………အဲဒီဒေသက
ကလေးငယ်တွေရဲ့ 
ကျန်းမာရေးကိစ္စက သူနှင့်မဆိုင်ရင် ဘယ်သူနှင့်ဆိုင်တယ်ထင်သလဲ…………ပိုဆိုးတာကကျေးလက်
ကျန်းမာရေးဌာန ဆိုတဲ့ အဆောက်အဦးလဲ မရှိဘူး………ဌာနခွဲတွေကလည်း အဆောက်အဦးမရှိဘူး..
သားဖွားဆရာမလည်း မရှိဘူး…………စာရင်းစာရွက်ပေါ်မှာတော့ ရေးထားပါတယ်တဲ့………….
ကဲ ……….ခေါင်ချုပ်ကြီးများနှင့် ခေါင်ချုပ်နောက်က ခေါင်မချုပ်တစ်ချုပ်များ….ခေါင်ချုပ်လုပ်ဖို
့ကြိုးစားနေသူများ
သိကြပါသလား………အမှန်အတိုင်းပြောရရင် သိတယ်လို့ တော့ထင်တာပဲ….
အစကပြန်ပြီးပြောရအောင်ဗျာ………..
အခုကိစ္စမှာ ကျန်းမာရေးမှူးတစ်ယောက်ထဲမှာပဲ အပြစ်ရှိတယ်လို့ ထင်သလား…………
ကျွန်တော်ကတော့ မထင်ပါ……..သူ့ အထက်က ကျွန်တော်တို့ ဝန်ကြီးဌာနကတော့
မည်သည့်နေရက် မည်သည့်နေရာမှာတော့ မည်ကဲ့သို့ သော ဌာနများ ဖွဲ့ စည်းပြီး မည်သို့ ဆောင်ရွက်နေပါတယ်ဆိုတဲ့
ဦးဦးကြောက်ကြောက် သားသားကြောက်ကြောက်များမှာသာ အပြစ်ရှိပါတယ်………………………
ဆန်ကိုလည်းမပေး ရေကိုလည်း
မပေး မီးမွေးဖို့ ထင်းလည်းမပေး အိုးခွက်လည်းမပေးပဲ
ထမင်းတွေကို အလှူလို ကျွေးချင်နေတဲ့သူတွေမှာသာ အပြစ်ရှိပါတယ်……..
ဒါကြောင့်လည်း အခြေခံဝန်ထမ်းတွေရဲ့ စိတ်ဓာတ်တွေပျက်စီးကုန်တာပါ….
မဖြစ်နိုင်တာကို မဖြစ်နိုင်မှန်းသိလျက် ဖြစ်အောင်လုပ်စေခြင်တဲ့ကိစ္စဆိုတော့လည်း…….
တာဝန်မယူရဲသူနှင့်တွေရင်တော့ ဒီလိုပဲဖြစ်မှာပဲ………….
ကျွန်တော်သာဆိုရင် အလုပ်ကတစ်ခါတည်းထွက်တယ်……ကိုယ်ဘာမှလုပ်လို့ မရတဲ့နေရာမှာ
ဘာမှမလုပ်ပဲ
ကိုယ့်ကိုယ်ကို နစ်မွန်းမခံနိုင်ဘူး………….ဒီကျန်းမာရေးမှူးကိုတောင်
ပြန်ပြီးလေးစားသွားရတယ်………….
ရှေ့ လျောက် ကျွန်တော်တို့ တွေ လေကြီးလေကျယ်လျှောက်အော်နေတာတွေရပ်သင့်ပြီ
ကိုယ်ပြောတဲ့စကား အောက်ခြေမှာ တကယ်လုပ်နိုင်သလားဆိုတာ အရင်ဆုံးစဉ်းစားကြပါ
ဘာတဲ့ ကြီးကြပ် ၂ နှင့် သားဖွားဆရာမ အချိုးကို ၁း၁ ဖြစ်အောင်လုပ်ချင်ပါသတဲ့
သေသေချာချာစဉ်းစားပါဦး…..ခင်ဗျားတို့ မှာ ကျေးလက်ကျန်းမာရေးဌာနခွဲတိုင်းကို
သားဖွားဆရာမတစ်ဦးနုန်း
ခန့် ထားနိုင်တဲ့အရည်အချင်းရှိပြီလား……
တိုက်နယ်ဆေးရုံတိုင်းတောင် ဆရာဝန်မခန့် နိုင်ပဲ လေကျယ်နေသေးတယ်………..
ကုသရေးပိုင်းမှာလည်း ဖင်မနိုင်….ပြည်သူ့ ကျန်းမာလည်း ဖင်မနိုင်..အခြေခံကျန်းမာလည်း
ဖင်မနိုင်….
ရောဂါတိုက်ဖျက်ရေးလည်း ဖင်မနိုင်…ဒါပေမဲ့လည်း ပဲကြီးဟင်းကတော့ တစ်ပြားသားမှ
မလျော့ဘူး……….
မကျေနပ်ရင် လွတ်လပ်စွာ ဆဲသွားနိုင်တယ်…..မနာဘူး…..ဒီလူတွေ ဒီလိုစိတ်ရှိတယ်လို
့ပဲမှတ်တယ်……..
သူငယ်ချင်း SMO များ မင်းတို့ တွေ ခရီးစာရိတ်ရမှ ခရီးထွက်သလား……….နေ
့တွက်ပေးမှ အစည်းအဝေးတက်တာလား……..ထောက်ပံ့ကြေးလေးပေးမှ အလုပ်လုပ်တာလား……
တောထဲမှာဖြစ်သလိုနေ…..ဖြစ်သလိုစား…….ရှိတာနှင့်ကု….ပေးတာလေးယူ…..လုပ်ကိုင်နေရတဲ့ဘ၀ကို
အထက်ကလူတွေက တော်တော်အဆင်ပြေနေတယ်လို့ ထင်နေတယ်ဟေ့…………..
မင်းသွားပြောရင် မင်းကို မီလီနီိယံ ဂိုးဆိုတာကြီးတို့  ဘယ်လို မန့် နေ့ မင့်တို့  ဘယ်လို ပလန်ကြီးတို
့ဆိုတာ
တွေ ကို စာအုပ်ကြီးအတိုင်းရွတ်ပြလိမ့်မယ်………….နောက်ဆုံး သူ့ စကားနှင့်သူ
ရွာလည်ပြီးတိုင်ပတ်သွားတယ်
မင်းလိုခြင်တာ ပေးမယ်လို့ တစ်ခွန်းမှထွက်မလာဘူး…………..
ဘာတွေလည်းကွာ…….အရင်တုန်းကတော့ ယူနီဖောင်းဝတ်ခိုင်းသမျှလုပ်တယ်
အခုကြတော့ ခေါင်းပေါင်းတွေ ခိုင်းသမျှလုပ်တယ်…………….
ဆေးကုတာလွယ်ပါတယ်ဆိုတဲ့စကားက ပါသေးတယ်……………
စိတ်နာတယ်……..စိတ်နာတယ်……..
တိုင်းပြည်ကို အသက်လောက်ချစ်ပြနေသူကြီးများကို တစ်ခွန်းပဲပြောချင်တယ်
ကျုပ်ကတော့ ပြည်သူ အထူးသဖြင့် ကျုပ်လူနာတွေကိုပဲ ချစ်ပြနိုင်မယ်…
အစိုးရကိုလည်း ကျေးဇူးမတင်ဘူး………..ကျုပ်မိဘက ပိုက်ဆံအကုန်ခံပြီး
ကျောင်းထားပေးတယ်
ကျုပ်လုပ်အားအတွက် လခယူတယ်…..ဒါပဲ……..ဒီလခနင့် ထိုက်တန်အောင် ကိုယ်လုပ်ရမယ့်အလုပ်လုပ်ပေးတယ်…….
ခင်ဗျားတို့ ကလည်း ကျုပ်တို့ ကိုကျေးဇူးလာတင်ပြမနေနှင့် ကျုပ်တို
့ကလည်း ကျေးဇူးမတင်ဘူး
ဘာကောင်တွေလဲကွာ……….မင်္ဂလာပါနှင့်စ…………ကျေးဇူးတင်ပါတယ်နှင့်သာ ဆုံးသွားတယ်
အလယ်စကားတွေက ဘာကိုဆိုလိုခြင်မှန်းတောင်မသိဘူး………တကယ်လည်းလုပ်ပေးချင်တာမဟုတ်ဘူး….
တော်ပြီဗျာ…………ရှေ့ ဆက်ရေးရင် ကုန်းအော်ဆဲဖို့ ပဲကျန်တော့တယ်…..မကျေနပ်လို
့အလုပ်ဖြုတ်ချင်သူများ
လည်း ကြိုပြောထားပါတယ်……….ဆရာဝန်လုပ်ချင်လို့ ဆရာဝန်လုပ်နေတာပါ……လူတစ်ယောက်အတွက်
ဆ၇ာဝန်ဖြစ်မှ အသက်ရှင်တာမဟုတ်ပါ……ပြုတ်သွားလည်း ဂရုကိုမစိုက်ဘူး………..ခေါင်းနှင့်ဆေးကုတာ
လက်မှတ်နှင့်ဆေးကုတာမဟုတ်ဘူး….အရင်ဆုံး အပ်ပုံးတွေကို စံနမူနာပြ
ဖမ်းပြကြပါဦး………….
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...