အလွမ်း

အလွမ်း
တစ်ခါတစ်ခါ
မန္တလာကိုပြန်လာချင်တယ်…………….
မိုးအေးစိမ့်တဲ့ရာသီတိုင်း
လမ်းသုံးဆယ်ရဲ့ သမိုင်းက
ရင်ထဲကို ကဆုန်ဆိုင်းပြီး ၀င်ဝင်လာတယ်…….

ခါးးသက်သက်ယမကာကလည်း
အတိတ်ဆိုတဲ့အရာထဲမရောက်လေတော့
ခပ်ဖေါ့ဖေါ့ပြုံးရင်း
ဟိုတုန်းကပေါ့ဗျာ  ဆိုပြီး
သူကြီးကိုပဲ ရင်ဖွင့်တတ်လာတယ်…………..
ဝေးခဲ့ကြပြီ ဆိုကြပေမဲ့
နီးခဲ့သမျှ ကာလတွေမှာ
စုကာထားတဲ့အတိတ်က
အဆိပ်တက်စေတဲ့ ဒဏ်ရာ…………
ငါ…………
မင်းတို့ ကိုလွမ်းတယ်…………
ပန်းတွေဝေအောင်ပွင့်တဲ့စိန်ပန်းတွေအောက်
ငါတို့ တွေ ဒူးမထောက်တမ်း
စာမေးပွဲခန်းထဲ ၀င်ခဲ့ဖူးတယ်….
အခု …….
စိန်ပန်းပင်အောက်မှာ
ငါက အမှောက်သောက်ရင်း
သူငယ်ချင်းအတွက် ကဗျာရေးတယ်………….
                                                        သူရိန်(ပုဏ္ဏ၀တီ)

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...