အဓိပ္ပါယ်

နားလည်မှုတွေအခါခါလွဲမှားလာတဲ့အခါ
နှောင်ကြိုးဆိုတာ ပျော်ရွှင်စရာဖြစ်မလာဘူး
အတိတ်မှာ ရူးခဲ့သမျှ
သူရဲကောင်းစိတ်ဓာတ်က ငါ့ကိုပြန်သတ်တယ်..
ရှာဖွေရင်းပျောက်ဆုံးသွားတဲ့ငွေကြေးတွေကြား
ဘဝက အတိုင်အလှည့်မညီရုန်းတဲ့နွား
ပန်းတိုင်တွေက ဝေ၀ါးလွန်းတယ်...
၁၉ရာစုအိမ်ရှင်မရဲ့အနားမညီအသိတွေအကြား
ခြေလှမ်းတွေ တန့်တန့်သွားတာလည်းရှိမယ်
ပျံသန်းဖို့ အတောင်ဖြန့်လိုက်တိုင်း
ခြေနင်းကွင်းနဲ့ချည်တိုင်ရဲ့တုတ်နှောင်မှု
ဘဝက တစ်ခုမှတိုးတက်မလာဘူး...
မင်းအခုဘယ်ရောက်နေလဲဆိုတဲ့စကားအဆုံး
ဘာဖြေမှာလဲဆိုတဲ့စကားကိုမကြားချင်ဘူး
ကျွန်တော် ကိုယ်တိုင်တူးမိတဲ့နွံထဲမှာ
ဘာသာနစ်မွန်းနေပါတယ်ဆရာ....
နမျောလိုက်တာဆိုတဲ့ဂရုဏာသံမှာ
ကျွန်တော်ပြာဖြစ်ချင်လာတယ်
လောင်ကျွမ်းမှုက ဆံပင်တွေဖြူသည်အထိ...
တွေ့ရတာဝမ်းသာတယ်ကွာဆိုတဲ့
သူငယ်ချင်းရဲ့ ဝမ်းသာစကားမှာ
ကိုယ်တိုင်မပြည့်စုံခြင်းအတွက်
လက်ဆွဲနုတ်ဆက်ဖို့ ရှက်လာတယ်..
အရာရာနောက်ကျသွားတဲ့အခါ
ရပ်နေရတာထက်
နောက်လှည့်ထွက်ခွာချင်တာဆန်းသလား
လိုဘမပြည့်ခြင်းတရားမှာ
ဝမ်းနည်းမှုသာပိုင်ဆိုင်လာတယ်...
ဘဝက
ရေမျောကမ်းတင်အဖြစ်
ဒီစစ်ပွဲမှာ ကိုယ့်ကျည်ဆံမှန်ပြီးသေတယ်...

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...