ဆင်ခြေထောက်ရောဂါ
ဆင်ခြေထောက်ရောဂါဆိုသည်မှာ သွေးကြောထဲတွင်နေသော သန်ကောင်အမျိုးအစားပိုး တစ်မျိုးကြောင့် ဖြစ်ပွားသည်။ ရောဂါဖြစ်ပွားသည့် သန်ကောင်အမျိုးအစားပိုး သယ်ဆောင်ထားသော ကျူးလက်(စ်)ခြင် ကိုက်ခြင်းဖြင့် ကူးစက်ပါသည်။
ရောဂါနုစဉ် လက္ခဏာများ
• ချမ်းတုန်ဖျားခြင်း
• ယားယံ၍ အင်ပျဉ်ထွက်ခြင်း

• ပန်းနာရင်ကျပ်ကဲ့သို့ ချောင်းဆိုးရင်ကျပ်ခြင်း
• အကျိတ်များရောင်ခြင်း
• ဝှေးစေ့များရောင်၍ အောင့်ခြင်း၊ နာခြင်း
• ခြေ၊ လက်တစ်ဖက်^နှစ်ဖက် နီရဲ၊ ပူလောင်၊ ရောင်ရမ်း၍နာခြင်း (မှင်ထခြင်း၊ ပင့်ကူရှပ်ခြင်းနှင့် ဆင်တူသော)
• ကပ်ပယ်အိတ်(မုတ္တ)ကြီးခြင်း
• ဆန်ဆေးရေကဲ့သို့ အဖြူရောင် ဆီးပျစ်ပျစ်သွားခြင်း
• ဆီးထဲသွေးပါခြင်း
ရောဂါသက်ရင့်လာသည့်အခါ ခြေ၊ လက်၊ ရင်သား စသည့်တို့ တစ်ဖက်ထဲ (သို့) နှစ်ဖက်လုံးကြီးလာပြီး နောက်ဆုံးတွင် ဆင်ခြေထောက် အသွင် ဖြစ်လာပါသည်။
ဆင်ခြေထောက်ရောဂါကာကွယ်ခြင်း
၁။ ဆင်ခြေထောက်ရောဂါကင်းဝေးရေး သန်ချဆေးပေါင်းကို တစ်နှစ်လျှင် တစ်ကြိမ် (၅) နှစ် ဆက်တိုက် အသက်အရွယ် အပိုင်းအခြား အလိုက် သောက်သုံးရမည်။ ဆေးပမာဏအတိုင်း သောက်သုံးခြင်းဖြင့် ဆင်ခြေထောက်ရောဂါ ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ပါသည်။
၂။ ခြင်ပေါက်ပွားရာနေရာများဖြစ်သည့် ရေစီးရေလာမကောင်းသည့် ရေမြောင်း ပုပ်များ၊ ရေဆိုးကျင်းများနှင့် မလုံခြုံသောအိမ်သာကျင်းများကို ရှင်းလင်းဖယ်ရှားခြင်းဖြင့် ကာကွယ်နိုင်ပါသည်။
၃။ ခြင်ကိုက်မခံရအောင် တစ်ကိုယ်ရေကာကွယ်ခြင်းကို စာမျက်နှာ (၉၂-၉၃)ရှိ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ တွင်ဖတ်ပါ။

No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...