ခွေးရူးပြန်ရောဂါ

ခွေးရူးပြန်ရောဂါ
ခွေးရူးပြန်ရောဂါဆိုသည်မှာ ခွေးရူးပြန်ရောဂါဖြစ်စေသော ဗိုင်းရပ်(စ်)ပိုးတစ်မျိုးကြောင့်ဖြစ်ပွားပြီး၊ ကူးစက်ဖြစ်ပွားလျှင် ရာနှုန်းပြည့် သေဆုံးနိုင်သောရောဂါဆိုး     ဖြစ်ပါသည်။

ရောဂါလက္ခဏာများ
လူတွင် ခွေးရူးပြန်ရောဂါ ဖြစ်ပွားပါက ခွေး၊ ကြောင်စသည့် တိရစ္ဆာန်များ အကိုက်ခံရခြင်း၊ အကုတ်ခံရခြင်းရာဇဝင်နှင့် အောက်ပါရောဂါလက္ခဏာများကို     တွေ့ရှိရနိုင်ပါသည်။

(၁)    ရောဂါဖြစ်ပွားသည့်အနာမှ နာခြင်း၊ ယားခြင်း    

(၂)    လေကြောက်ခြင်း  
(၃)    ရေကြောက်ခြင်း 
(၄)    ရေနှင့်အစာမြိုရခက်ခဲခြင်း  
(၅)    သွားရည်တစီစီကျခြင်း
 (၆)    ဂနာမငြိမ်ဖြစ်ခြင်း 
 (၇)    တက်ခြင်း
 (၈)    အသက်ဆုံးရှုံးခြင်း
ကူးစက်နိုင်သည့် နည်းလမ်းများ
•    ခွေးရူးပြန်ရောဂါပိုးရှိသည့် ခွေး၊ ကြောင် စသည့် တိရစ္ဆာန်များ ကုတ်ခံရခြင်း၊   ကိုက်ခံရခြင်း
•    ခွေးရူးပြန်ရောဂါရှိသည့် တိရစ္ဆာန်များ၏ သွားရည်နှင့် မိမိတွင်ရှိသည့် အနာ၊ ဒဏ်ရာများကို  ထိမိခြင်း
•    ခွေးရူးပြန်ရောဂါဖြင့်    သေဆုံးသူထံမှ    ရရှိသည့်    မျက်ကြည်လွှာနှင့်    အခြားခန္ဓာကိုယ်အစိတ်အပိုင်းများအား    အစားထိုးကုသမှု  ခံယူခြင်း
ခွေးရူးပြန်ရောဂါဖြစ်ပွားနေသည့်     တိရစ္ဆာန်များသည်
•    ဒေါသအလွန်ကြီးပြီး    ကိုက်တတ်ခြင်း
•    တုတ်ချောင်း၊   အမှိုက်စ၊   စက္ကူတို့အား   စားခြင်း
•    အသံအက်ဖြင့်   ဟောင်ခြင်း၊   အူခြင်း၊   သွားရည်တစီစီကျခြင်း၊   အမြီးကုတ်ခြင်း   စသည့်လက္ခဏာများ      တွေ့ရနိုင်ပါသည်။
ခွေးရူးပြန်ရောဂါဖြစ်ပွားပါက  ရာနှုန်းပြည့် သေဆုံးနိုင်ပါသည်။


ကာကွယ်နိုင်မည့် နည်းလမ်းများ
•    အိမ်မွေးခွေးနှင့် ကြောင်များအား တိရစ္ဆာန်ဆေးကုဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ခွေးရူးပြန်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပေးခြင်း။
•    ခွေး၊ ကြောင် တိရစ္ဆာန်များနှင့် အနီးကပ်ကိုင်တွယ်သူများအား ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကြိုတင်ထိုးနှံပေးခြင်းနှင့် လိုအပ်ပါက ထပ်မံထိုးနှံပေးခြင်း။

ခွေးကိုက်ခံရပါက  ခွေးရူးပြန်ရောဂါ မဖြစ်အောင်ကာကွယ်ပုံ
•    ခွေးကိုက်ခံရပါက ဒဏ်ရာအား ရေနှင့် ဆပ်ပြာတို့ဖြင့် အနည်းဆုံး (၁၅)မိနစ်    ဆေးပါ။
•    အနာအား    အရက်ပြန်    (သို့)    ဘီတာဒင်းကဲ့သို့သော  ပိုးသန့်စင်ဆေးရည်ထည့်ပါ။
•    ဦးခေါင်း၊ လည်ပင်းနှင့် လက်ချောင်းထိပ်တို့တွင် အကိုက်ခံရပါက ပိုမိုဂရုစိုက်၍ အရေးပေါ် ချက်ချင်းကုသမှုခံယူရန်   လိုအပ်ပါသည်။
•    ခွေးရူးပြန်ရောဂါ မဖြစ်စေရန် တစ်ခုတည်းသော ကာကွယ်ရန်နည်းလမ်းမှာခွေးရူးပြန်ရောဂါကာကွယ်ဆေး အမြန်ဆုံးနှင့် အကြိမ်ပြည့် ထိုးနှံရန်   ဖြစ်ပါသည်။   ခွေးရူးပြန်ပိုးသတ်ဆေး   (ဗညအင မဘေငနျ ျနမကာ)   ထိုးနိုင်ပါက  ပိုကောင်းပါသည်။
•    သို့ဖြစ်ပါ၍ ခွေးကိုက်ခံရပါက နီးစပ်ရာဆေးရုံသို့ အမြန်ဆုံး သွားရောက်ကုသမှုခံယူရန် လိုအပ်ပါသည်။



အချိန်မီကာကွယ်ဆေးထိုးခြင်းဖြင့်  ခွေးရူးပြန်ရောဂါ  ဖြစ်ပွားမှုအား  ကာကွယ်နိုင်သည်။

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...