အသည်းရောင်အသားဝါ (ဘီ)

အသည်းရောင်အသားဝါ (ဘီ)
အသည်းရောင်အသားဝါရောဂါပိုးများအနက် (ဘီ) ပိုးကြောင့်ဖြစ်ပွားသည့် အသည်းရောဂါတစ်မျိုးဖြစ်ပြီး ရုတ်တရက်အသည်းရောင် ရောဂါနှင့်     နာတာရှည်အသည်းရောဂါဖြစ်စေနိုင်သည့်     အသက်အန္တရာယ်ရှိစေနိုင်သော    ရောဂါတစ်မျိုးဖြစ်သည်။
ထို့ပြင်အသည်းရောင်အသားဝါရောဂါ (ဘီ) သည် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ကျန်းမာရေးဝန်ထမ်းများအတွက် အရေးကြီးသော     အန္တရာယ်ရှိသည့်     လုပ်ငန်းခွင်ရောဂါတစ်မျိုးလည်းဖြစ်ပါသည်။
လက်ရှိတွင် စိတ်ချရ၍ အရည်အသွေးကောင်းမွန်သော ကာကွယ်ဆေးများဖြင့် ၎င်းင်းရောဂါအား (၉၅%) ကာကွယ်နိုင်ပါသည်။ နာတာရှည်အသည်းရောဂါခံစားနေရသော လူနာများသည် အသည်းကင်ဆာရောဂါအဆင့်သို့ လျင်မြန်စွာရောက်ရှိတတ်ပြီး လအနည်းငယ် အတွင်း     အသက်သေဆုံးနိုင်ပါသည်။


ရောဂါလက္ခဏာများ
•    ဖျားခြင်း၊    •    ဆီးအရောင်ရင့်ခြင်း၊    အသားဝါခြင်း၊    မျက်လုံးဝါခြင်း၊
•    မောပန်းနွမ်းနယ်ခြင်း၊    •    အစားအသောက်ပျက်ခြင်း၊
•    ပျို့အန်ခြင်း၊  ဗိုက်အောင့်ခြင်း၊    •    အဆစ်အမြစ်ကိုက်ခဲခြင်း၊


ကူးစက်နိုင်သည့် နည်းလမ်းများ
•    မိခင်မှကလေးသို့     ကလေးမွေးဖွားစဉ်တွင်     ကူးစက်နိုင်ခြေအများဆုံးဖြစ်ပါသည်။
•    ရောဂါပိုးရှိသူနှင့်    လိင်ဆက်ဆံခြင်း
•    ရောဂါပိုးပါဝင်နေသော   သွေး၊   ခန္ဓာကိုယ်မှထွက်သော   အရည်များ၊   တံတွေးများ၊   ရာသီသွေးများနှင့်     ထိတွေ့ကိုင်တွယ်မှုရှိခြင်း
•    ရောဂါပိုးပါဝင်သော သွေးသွင်းမိခြင်း
•    ရောဂါပိုးပါဝင်သော     ကိုယ်ခန္ခာအစိတ်အပိုင်းများ    အစားထိုးကုသခြင်း
•    ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ရောဂါရှိသူလူနာအား ကုသမှုပေးနေစဉ် မတော်တဆအပ်စူးမိခြင်း (သို့) အကြောတွင်းသို့ မူးယစ်ဆေး ထိုးသွင်းလေ့ရှိသူများတွင် အပ်နှင့်ဆေးထိုး>ပန်များအား တစ်ဦးနှင့် တစ်ဦးဝေမျှ အသုံးပြုခြင်း၊ တစ်ခါသုံးဆေးထိုး>ပန်အား  အသုံးမပြုခြင်း
အကျဉ်းကျနေသူများ၊ မူးယစ်ဆေးဝါးအသုံးပြုလေ့ရှိသူများ၊ လုပ်ငန်းခွင်တွင် သွေး(သို့) သွေးနှင့်ဆက်စပ်ပစ္စည်းများနှင့် ထိတွေ့မှုများရှိသော ကျန်းမာရေးဝန်ထမ်းများ၊ အသည်းရောင်အသားဝါရောဂါ (ဘီ) အဖြစ်များသော နိုင်ငံများသို့ ခရီးသွားလေ့ရှိသူများတွင် ပိုမို ဖြစ်ပွားနိုင်ပါသည်။


ကာကွယ်နိုင်မည့် နည်းလမ်းများ
•    အသည်းရောင် အသားဝါရောဂါ (ဘီ) ပိုး ကူးစက်ခြင်းမခံရအောင် ကြိုတင်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံခြင်းသည့် အကောင်းဆုံးဖြစ်ပါသည်။
•    ကလေးမွေးဖွားပြီး    (၂၄)နာရီအတွင်း    မွေးကင်းစကလေးအား    အသည်းရောင်အသားဝါရောဂါ    (ဘီ)    ကာကွယ်ဆေးထိုးနှံသင့်ပါသည်။
•    လူတိုင်း အသည်းရောင်အသားဝါ ကာကွယ်ဆေး (၃)ကြိမ် ထိုးနှံခြင်းဖြင့် ရောဂါပိုး ကူးစက်ခံရမှုမှ  ကာကွယ်နိုင်ပါသည်။
•    သွေးမလှူမီ သွေးလှူရှင်အား အိပ်ချ်အိုင်ဗွီ၊ ဆစ်ဖလစ်၊ အသည်းရောင်အသားဝါရောဂါ (ဘီ) နှင့် (စီ) ရှိ^မရှိ စစ်ဆေးခြင်းများ ပြုလုပ်ရပါမည်။

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...