ကြက်ငှက်တုပ်ကွေးရောဂါ

ကြက်ငှက်တုပ်ကွေးရောဂါ
ကြက်ငှက်တုပ်ကွေးရောဂါသည် ကူးစက်မြန်ဗိုင်းရပ်စ်ရောဂါပိုး တစ်မျိုးကြောင့်ဖြစ်ပွားပါသည်။ အဆိုပါဗိုင်းရပ်စ်ပိုးသည် ကြက်၊ ငှက်၊ ဆောင်းခိုငှက်တို့တွင်     အများအားဖြင့်တွေ့ရပြီး     လူသို့ကူးစက်ပါက     အသက်အန္တရာယ်စိုးရိမ်ရသော   ပြင်းထန်သည့်ရောဂါတစ်မျိုးဖြစ်ပါသည်။

ရောဂါလက္ခဏာများ
•    အဖျား ကြီးခြင်း
•    လည်ချောင်းနာခြင်း
•    ချောင်းဆိုးခြင်း
•    <ကက်သားများနှင့်    အဆစ်အမြစ်များ   နာကျင်ကိုက်ခဲခြင်း

ကူးစက်နိုင်သည့် နည်းလမ်းများ
ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ပိုးသည် တိရစ္ဆာန်မှ လူသို့ကူးစက်ပြီး အောက်ဖော်ပြပါ အခြေအနေများတွင် ရောဂါပိုးကူးစက်ခံရနိုင်ချေ ပိုများပါသည်။
•    ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသော ကြက်၊ ငှက်၊ ဘဲများနှင့် ၎င်းတို့၏ စွန့်ပစ်ပစ္စည်းများကို   ထိတွေ့ကိုင်တွယ်ခြင်း
•    ဗိုင်းရပ်စ်ပိုး   ကူးစက်ခံထားရသော   ကြက်၊   ငှက်၊   ဘဲတို့၏   အသား၊   ဥ၊   ကလီစာ   စသည်တို့ကို စားသောက်ခြင်း
•    ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသော မွေးမြူရေးခြံများသို့ သွားရောက်ခြင်းနှင့် အနီးပတ်ဝန်းကျင်တွင်  နေထိုင်ခြင်း
•    ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူမှ အခြားသူတစ်ဦးသို့ ကူးစက်နိုင်ခြင်း
•    ပြင်းထန်အဆုတ်ရောင်    နမိုးနီးယားရောဂါလက္ခဏာများ    ဖြစ်ပွားကာ    အသက်သေဆုံးနိုင်ခြင်း
ဆေးကုသမှုခံယူခြင်း
ကြက်ငှက်တုပ်ကွေးရောဂါကို ဗိုင်းရပ်စ်ပိုးသတ်ဆေးတို့ဖြင့် စောစီးစွာ ကုသပေးပါက ရောဂါဖြစ်ပွားမှုအား ထိရောက်စွာ ကုသနိုင်ပါသည်။ သို့သော် ဗိုင်းရပ်စ်ပိုးသည် ဆေးယဉ်ပါးခြင်း ဖြစ်ပွားလွယ်သောကြောင့် ရောဂါမကူးစက်အောင် ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံး ဖြစ်ပါသည်။

ကာကွယ်နိုင်မည့် နည်းလမ်းများ
(က)    အောက်ဖော်ပြပါ   အခြေအနေများကို   ဆောင်ရွက်ပြီးတိုင်း   လက်ကို   ဆပ်ပြာဖြင့်   စင်ကြယ်စွာ     ဆေးကြောရမည်။
•    အစာမစားမီနှင့် အစာစားပြီးချိန်
•    အစားအစာမပြင်ဆင်မီနှင့်     ပြင်ဆင်ပြီးချိန်
•    ကြက်၊   ငှက်အသားများနှင့်   ကြက်၊   ငှက်   စွန့်ပစ်ပစ္စည်းများ   ကိုင်တွယ်ပြီးချိန်
•    လူနာအသုံးအဆောင်ပစ္စည်းများ ကိုင်တွယ်ပြီးချိန်နှင့် လူနာကို ပြုစုပြီးချိန်
•    နှပ်ညှစ်ပြီးချိန်၊ နှာချေ၊ ချောင်းဆိုးပြီးချိန်
(ခ)    နှာချေ၊ ချောင်းဆိုးသောအခါ ပါးစပ်နှင့် နှာခေါင်းစည်း အသုံးပြုခြင်း၊ တစ်ရှူး၊ လက်ကိုင်ပဝါ (သို့မဟုတ်)    မိမိလက်အား တံတောင်ဆစ် ကွေး၍  နှာခေါင်းနှင့်  ပါးစပ်ကို အုပ်ပေးခြင်းပြုလုပ်ပါ။
(ဂ)    ကြက်ငှက်အသားများအား    ကျက်အောင်    ချက်ပြုတ်ပြီးမှ  စားသုံးပါ။
(ဃ)    မွေးမြူရေးခြံများသို့ မလိုအပ်ဘဲ ဝင်ထွက်၊ သွားလာခြင်း  မပြုပါနှင့်။
(င)    ကြက်ငှက်များကို လူနေရပ်ကွက်များ နေထိုင်ရာ အိမ်အတွင်းနှင့် အိမ်အောက်များတွင် မွေးမြူခြင်းမပြုပါနှင့်။
(စ)    စီးပွားဖြစ် ကြက်ငှက်မွေးမြူရာတွင် စနစ်တကျဇီဝလုံခြုံရေးကောင်းမွန်သော မွေးမြူရေးစနစ်အတိုင်း လိုက်နာ ဆောင်ရွက်ပါ။
(ဆ)    ကြက်၊   ငှက်အသားနှင့်   ကြက်၊   ငှက်၊   ဘေးထွက်ပစ္စည်းများကို   စနစ်တကျ   ကိုင်တွယ်၊   ပြင်ဆင်၊  စွန့်ပစ်ပါ။
အရေးကြီးအချက်များ
(က) ကြက်၊ ငှက်များ အစုလိုက်သေဆုံးမှုဖြစ်ပွားခြင်း (သို့မဟုတ်) ကြက်၊ ငှက်များတွင် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားကူးစက်နေသည်ဟု သံသယရှိပါက    သက်ဆိုင်ရာဒေသအာဏာပိုင်    (သို့မဟုတ်)    မွေးမြူရေးနှင့်ကုသရေးဌာနမှ    တာဝန်ရှိသူသို့   ချက်ချင်းသတင်းပေးပို့ပါ။
(ခ)    ပြည်သူလူထုအတွင်း    အဆုတ်ရောင်နမိုးနီးယားရောဂါ    အစုလိုက်ဖြစ်ပွားမှု(သို့မဟုတ်)    ကြက်၊   ငှက်များနှင့်ထိတွေ့မှုရှိသူများတွင်   တုပ်ကွေး ဆန်သောရောဂါများ    ဖြစ်ပွားမှုကို    တွေ့ရှိခဲ့ပါက    ဆေးရုံ(သို့)နီးစပ်ရာကျန်းမာရေးဌာနသို့     ချက်ချင်းသတင်းပို့အကြောင်းကြားပါ။
(ဂ)    တုပ်ကွေးရောဂါဖြစ်ပွားလျှင်    စောစီးစွာ    ဆေးကုသမှုခံယူပါ။

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...