ကူးစက်မြန်အီဘိုလာဗိုင်းရပ်စ်ရောဂါ

ကူးစက်မြန်အီဘိုလာဗိုင်းရပ်စ်ရောဂါ
အီဘိုလာဗိုင်းရပ်စ်ရောဂါသည် ကူးစက်မြန်ရောဂါတစ်မျိုးဖြစ်ပြီး ကုသရန်ခက်ခဲသည့်အပြင် ရောဂါပြန့်ပွားမှုအား ထိန်းချုပ်ရန် ခက်ခဲသော ရောဂါဖြစ်ပါသည်။ ရောဂါဖြစ်ပွားသူ (၁၀) ဦးတွင် (၅) ဦးမှ (၉) ဦးခန့် အသက်ဆုံးရှုံးနိုင်ပါသည်။

ရောဂါ သံသယလက္ခဏာများ
အီဘိုလာဗိုင်းရပ်စ်ရောဂါ ကူးစက်ဖြစ်ပွားနေသော နိုင်ငံများသို့သွားရောက်ခဲ့သူများ (သို့မဟုတ်) နိုင်ငံတကာ ခရီးသွားသူများ၊ ကူးစက်မြန် အီဘိုလာရောဂါလူနာအား  တိုက်ရိုက်ပြုစုကုသ  ထိတွေ့ကိုင်တွယ်ခဲ့သူများ၊  ရောဂါရှိသော  တောရိုင်းတိရစ္ဆာန်များအား  ထိတွေ့ကိုင်တွယ်သူ များတွင်
•    ဖျားခြင်း၊ အားအင်ချည့်နဲ့ခြင်း၊ <ကက်သားနှင့် အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ အစားအသောက်ပျက်ခြင်း၊ အစာမျိုရခက်ခြင်း၊ အသက်ရှူရခက်ခြင်း၊ ကြို့ထိုးခြင်း၊ အန်ခြင်း၊ အရည်ဝမ်းသွားခြင်း၊  ဗိုက်နာခြင်း
•    အီဘိုလာဗိုင်းရပ်စ်ပိုးသည် အသည်းနှင့် ကျောက်ကပ်များ ပျက်စီးနိုင်ခြင်း၊ ခန္ဓာကိုယ် အတွင်းနှင့်အပြင် သွေးယိုထွက်ခြင်း၊ အသက်အန္တရာယ်    ဖြစ်နိုင်ခြင်း

ကူးစက်နိုင်သည့် နည်းလမ်းများ
•    အီဘိုလာဗိုင်းရပ်စ်ရောဂါသည်      ရောဂါပိုးရှိသော   လူ(သို့မဟုတ်)တိရိစ္ဆာန်၏   တံတွေး၊   သွေး၊    ခန္ဓာကိုယ်မှထွက်သော   အရည်တို့နှင့် တိုက်ရိုက်ထိတွေ့   ကိုင်တွယ်ခြင်း   မှတဆင့်    ကူးစက်နိုင်ပါသည်။
•    လူနာ၏သွေးနှင့်   ခန္ဓာကိုယ်မှ   အရည်များ   ထိတွေ့ထားသော   အရာဝတ္တုများနှင့်   ထိတွေ့ကိုင်တွယ်ခြင်းတို့မှလည်း     ကူးစက်နိုင်သည်။
•    ရောဂါပိုးရှိသောလူနာနှင့်လိင်ဆက်ဆံခြင်းမှလည်း      ကူးစက်နိုင်ပါသည်။
•    အီဘိုလာဗိုင်းရပ်စ်ရောဂါသည်    လေ၊    ရေ၊    အစားအစာတို့မှတဆင့်  မကူးစက်နိုင်ပါ။
 ကာကွယ်နိုင်မည့် နည်းလမ်းများ
•    တစ်ကိုယ်ရေသန့်ရှင်းရေးကို      အထူးဂရုပြုပါ။
•    လက်ကို   ရေနှင့်ဆပ်ပြာဖြင့်   မကြာခဏ   ဆေးကြောပါ။
•    ရောဂါပိုးရှိသူလူနာ၏ သွေးနှင့် ၎င်းင်းခန္ဓာကိုယ်မှ ထွက်သောအရည်များအား အကာအကွယ် (ဥပမာ- လက်အိတ်၊ နှာခေါင်းစည်း၊ အပေါ်ဖုံး အဝတ်၊ လည်ရှည်ဖိနပ်) မပါဘဲ ထိတွေ့ကိုင်တွယ်ခြင်း  မပြုရ။
•    ရောဂါပိုးရှိသော လူ၊ တိရစ္ဆာန်တို့၏ သွေးနှင့် ၎င်းင်းခန္ဓာကိုယ်မှ ထွက်သော အရည်များရှိနိုင်သည့် အရာဝတ္တုပစ္စည်း (ခုံများ၊ စားပွဲများ၊ အိပ်ရာ၊   လှေကား   လက်ရန်း၊   နံရံစသည်)တို့နှင့်   ထိတွေ့ကိုင်တွယ်ခြင်း   မပြုရ။
•    အထူးသဖြင့် လွန်ခဲ့သော(၁)လအတွင်း အီဘိုလာဗိုင်းရပ်စ်ရောဂါ ကူးစက်ဖြစ်ပွားသောနိုင်ငံများသို့ သွားရောက်ခဲ့သူများသည် မိမိတွင် သံသယလက္ခဏာများ ဖြစ်ပေါ်လာပါက ကျန်းမာရေးဌာနသို့ ချက်ချင်း သတင်းပို့ ဆေးကုသမှု ခံယူပါ။
•    သံသယလက္ခဏာ ဖြစ်ပွားသူများ တွေ့ရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်း သတင်းပို့ပါ။
•    ရောဂါဖြစ်ပွားကူးစက်နေသည့် နိုင်ငံများသို့ သွားရောက်ခြင်းကို ရှောင်ကြဉ်ပါ။
•    ရောဂါဖြစ်ပွားကူးစက်လျက်ရှိသော နိုင်ငံများသို့သွားရောက်ခဲ့ပြီး မိမိနိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် ကျန်းမာရေး ဌာနများသို့   ဆက်သွယ်   သတင်းပေးပို့၍   ရောဂါကာကွယ်ရေးနှင့်   ပတ်သက်သော   အကြံဉာဏ်    ရယူဆောင်ရွက်ပါ။
•    ကျန်းမာရေးဝန်ထမ်းများအနေဖြင့် အီဘိုလာဗိုင်းရပ်စ်ရောဂါလူနာများ ကာကွယ်ကုသရာတွင် ကိုယ်ခန္ဓာကာကွယ်ရေးဝတ်စုံနှင့် ပစ္စည်းများပြည့်စုံစွာ စနစ်တကျ ဝတ်ဆင်၍ လုပ်ငန်းဆောင်ရွက်ရမည်။ ပြည့်စုံသော ကိုယ်ခန္ဓာကာကွယ်ရေးဝတ်စုံနှင့် ပစ္စည်းများ ဝတ်ဆင်ခြင်းမပြုဘဲ လူနာအား ထိတွေ့ကိုင်တွယ်ခြင်း မပြုရပါ။

No comments:

Post a Comment

ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...

စံပြုအချက်အလက်များ android application

စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...